Thursday, April 7, 2011

မုန့်လုံးရေပေါ်လုပ်နည်းလေးပါ။


6 Apr 11, 08:45 PM
tgi (guest):  မုန့်လုံးရေပေါ်လုပ်နည်းဖြေပေးပါ မလေးရှားတွင် လုပ်စားဖို့အရေးတကြီးသိချင်ပါတယ် ကျေးဇူးတင်ပါတယ်

tgi ရေ အရေးတကြီးဆိုလို့ သိသိခြင်းဖြေပေးလိုက်တယ်နော်..
ဧကရီ ချက်စားဖူးတဲ့နည်းလေးပေါ့ မခက်ပါဘူး။

ပထမဆုံး ကောက်ညင်းမုန့် ငါးပုံ နဲ့ ဆန်ကြမ်းမုန့် တစ်ပုံ ကိုရောရပါ့မယ်။



အဲဒီဆန်မုန့်ကိုဆားအနည်းငယ်ထည့်ပြီး ရေအေးနဲ့  ဆန်မုန့်တွေကိုအစီးပေါက်ပြီး စီးပိုင်ပိုင်အနေအထားလောက်ရအောင်နယ်ရပါမယ်။

၁၅မိနစ်လောက် နယ်ပြီး တစ်နာရီလောက် နှပ်ထားပြီး မုန့်နှပ်ရဲ့ အပေါ်မှာ အ၀တ်ပါးပါးလေး
အုပ်ထားလိုက်ပါနော်။
ပြီးရင် ရလာသည့် မုန့်ညက်သားကို ကွမ်းသီးလုံးအရွယ် အလုံးလေးတွေလုပ်ပြီး
 အတုံးငယ်လေးများအရွယ် လှီးထားတဲ့ ထန်းလျက်တုံးလေးကို မုန့်လုံးအတွင်းဌာပနာပေးလိုက်ပါ။
လုံးထားတဲ့ မုန့်လုံးလေးတွေကို ဆန်မုန့် အနည်းငယ်ထည့်ထားတဲ့ ပန်:ကန်ပြားပေါ်မှာ ထည့်ရပါ့မယ်။


ဘာဖြစ်လို့လဲဆိုတော့ ဆန်မုန့်က မုန့်လုံးလေးတွေ မကပ်သွားအောင် လို့ပါ။





ပြီးရင် ရေနွေးပွက်ပွက်ဆူအောင် ကျိုထားတဲ့ အိုးထဲကို ပစ်ထည့်ပြီးပြုတ်လိုက်ပါ။
မုန့်လုံးလေးတွေ ကျက်လာရင် အလိုလို ရေပေါ်ပေါ်လာပါမယ်..။
အဲကျမှ ဆယ်ယူပြီး ဆီအနည်းငယ်သုတ်ထားတဲ့ ပန်းကန်ထဲ ထည့်ပြီးအပေါ်က အုန်းသီးခြစ်လေး
ဖြူးပြီးအသင့်စားသုံးနိုင်ပါပြီရှင့်။

tgi ရေ လုပ်စားဖြစ်ပြီးရင်တော့ နန်းတော်ကို လာတဲ့ သူငယ်ချင်းတွေကို လာကျွေးလှည့်ပါအုံးနော်.:D