Sunday, April 10, 2011

အကြင်နာနန်းတော်လေးမှ သင်္ကြန်အကြိုစတုဒီသာ ဖာလူဒါလေးပါ..:D

images?q=tbn:ANd9GcQqOkdFY4QaRNDILpjBVIE3TiyStch5UEIGHbLo72obAM8LgqeGFOwqOduI

မင်္ဂလာရှိသောနှစ်သစ်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင့်။
အကြင်နာနန်းတော်ကို ရောက်ရှိလာကြတဲ့ ကိုကိုမမ ညီလေး ညီမလေး တွေကို
ဧကရီ သင်္ကြန်အကြို စတုဒိသာ လေးတွေနဲ့တည်ခင်းဧည့်ခံပါရစေနော်။

ဒါလေးက ရွှေပုဇွန်က အထူးမှာယူထားတယ် ရွှေပုဇွန်ဖာလူဒါလေးပေါ့။:D
အားရပါးရ သုံးဆောင်သွားကြပါနော်။

2Q==


အော်..ဒါနဲ့ အဝေးရောက်နေတဲ့ သူတွေ ဒီလိုသင်္ကြန်ရက်အားလပ်ရက်လေးမှာ
သူငယ်ချင်းတွေစု စတုဒီသာလုပ်ပြီးကုသိုလ်ရှာချင်ရင်တော့ ဧကရီ က ကုသိုလ်ယူတဲ့အနေနဲ့
ဖာလူဒါ လုပ်နည်းလေးပါ ပြောပြလိုက်မယ်နော်.
အရင်ဆုံး ဖာလူဒါမှာ ထည့်ရမဲ့ အဆာပလာလေးတွေ ပြောပြပါ့မယ်။

၁။ နွားနို့ -

၂။ နှင်းဆီရနံ့ (Rose Syrap) -

၃။ သကြား

၎။ဆားနဲနဲ

၅။ စပျစ်သီးခြောက်

၆။ plam seeds

၇။သာကူစေ့

၈။ကြက်ဥပူတင်း

၉။ထပ်တရာ ကျောက်ကျော

၁၀။ဖရုံယို

၁၁။ မျှော့ချောင်း

၁၂။ရေခဲမုန့်

ကဲ ..ဒါတွေစုံရင် ပထမဆုံး ဖာလူဒါလေးမှာပန်းရောင် အရည်လေး ဖြစ်အောင်
လုပ်ထားရပါ့မယ်။ ပါဝင်တဲ့ပစ္စည်းတွေအရင်ပြောပြပါ့မယ်။
၁။၂။၃။၎။ မှာပါတဲ့ အဆာပလာလေးတွေကိုရေမွှေလိုက်ရင် ပန်းရောင်အရည် လှလှလေး ရပါပြီ။ အရောင်ကတော့ ကိုယ်ကြိုက်တဲ့ နှင်းဆီရနံ့ကို အတိုးအလျှော့လုပ် ပေါ့။ အချိုလည်း ဒီလိုပါပဲ သိတ်ချို တာမကြိုက်ရင် သကြားလျှော့ထည့်ပါ။ ဆားလည်း နဲနဲပဲ ထည့်ရပါတယ်။

အောက်ကနှင်းဆီရနံ့ဗူးလေးပုံပါ။ ပန်းရောင်အရည်လေးရဖို့အဓိကလိုအပ်တယ်လေ။

images?q=tbn:ANd9GcT5sYPRcZiRlqB4SUG8LCm5HoL17JUsPhjA550khdDk2CLGC6bX

ဒါလေးကမျော့ချောင်းလေးတွေပါ။

9k=

အောက်ကပုံလေးက plam seeds  ပုံလေးပါ။ရယ်ဒီမိတ်လေးတွေ ၀ယ်လို့ရပါတယ်။

images?q=tbn:ANd9GcTfnf_zX-pL-CHS2ZAw4R8JUyXQLluSdfknFVMQ1Oqjgf8I6Sb49A

သာကူစေ့လေးတွေကို ဖါလူဒါထဲထည့်ဖို့ လုပ်နည်းလေးပါရေးပေးလိုက်ပါ့မယ်။
ရေနွေး ဆူဆူထဲ သာကူစေ့တွေ ပစ်ထည့်ပြီးရင် မွှေပေးနေပါ နို့မဟုတ်ရင် သာကူစေ့တွေက လုံးသွားတတ်ပါတယ်။ သာကူစေ့ ပြုတ်ရည် ပျစ်လို့မှ သာကူစေ့ မျက်ဆံ မပြဲသေးရင် ရေအေး နဲနဲ ထပ်ထည့်ပါ။
သာကူစေ့တွေ အဖြူဆံလေးပျောက်ပြီဆိုမှ ရေစစ်ပြီး ထည့်မဲ့ခွက်ထဲ ရေအေး နဲနဲ နဲ့ အတူထားပါ။
မဟုတ်ရင် သာကူစေ့တွေ ကပ်ပြီး ပျစ်ခဲခဲကြီး ဖြစ်သွားတတ် လို့ပါ။ဒါဆို သာကူစေ့ ချက်နည်းလေးရပြီနော်။


နောက်တစ်ခုဖါလူဒါထဲထည့်ဖို့ကြက်ဥပူတင်းလုပ်ရပါမယ်။
အရင်ဆုံးနွားနို့ တစ်လီတာဗူးကို ကြက်ဥ ၆လုံး၊ သကြားနဲ့ ဆားထည့်ပြီး နာနာခေါက်ပါ။
 ပြီးမှ Steamer ထဲမှာ မိနစ် ၂၀ ထည့်ပေါင်းရပါတယ်။
ဒါဆိုကြက်ဥပူတင်းနို့ပေါင်းလေးရပါပြီ။

 ကျောက်ကျော အထပ်လေးတွေကို ကြိုက်တဲ့ပုံ လေးထောင့်တုံး ဒါမှမဟုတ် အချောင်းလေးတွေ လှီးပြီးထားရပါတယ်။

Z

အရင်ဆုံး သောက်ချင့်စဖွယ်ဖါလူဒါတစ်ခွက် စပြီးပြင်ဆင်မယ်ဆိုရင်တော့
ဖန်ခွက်သန့်သန့်လေးမှာ ဘာမှမထည့်ခင် အောက်ခြေမှာ ရေခဲအရင်ထည့်ရမယ်နော်။
ပြီးမှ ပန်းရောင်အရည်ဖျော်ထားတာလေးထည့်မယ်။
နောက်မှ ကျန်တဲ့အဆာပလာတွေကို မှန်းထည့်ပါ။ပြီးရင် အပေါ်မှာရေခဲ့မုန့်လေးတင်ပေးရမယ်။
ဒါဆို ဖာလူဒါ တစ်ခွက်ဖြစ်ပြီနော်။

2Q==

မုန့်လုပ်ဆောင်းဖတ်နဲ့ အုန်းသီးခြစ်လေးတွေပါထည့်ချင်ရင်လည်းရပါသေးတယ်။

images?q=tbn:ANd9GcRBeQ4tGLF_7tpcO_oUYxbqlu8XYxX-p_oI4BUdDPkU7pNj8Mwk

(ကိုဧကရာဇ်ကမိုးမိထားလို့ဖျားနေတယ်ဆိုတော့ မသောက်နဲ့နော် ရင်ကြပ်မှာစိုးလို့ပါ)