Wednesday, May 4, 2011

ပုံတွေကို မီးအလင်းအမှောင် ပြင်ဖို့

စောသောထူး: ပုံတွေကို မီးအလင်းအမှောင် ဘယ်လိုပြင်ရမလဲ ရှင်ပြပေးပါဗျား။

ဧကရာဇ် : ကိုစောသောထူး ပြောတာ ကျွန်တော်တချိန်က တင်ပေးခဲ့တဲ့ MediaChance_Dynamic_Photo_HDR_5.1.0 ဆော့ဝဲနဲ့ ပုံတွေကို အလင်းအမှောင်ပြင်နည်းကို မေးတာလို့ထင်ပါတယ်။ဧကရီရဲ့ကောင်းမှုကြောင့်ရောက်လာတာနဲ့ တူပါတယ်။အရင်ဆုံး ဆော့ဝဲပါ ပြန်တင်ပေးလိုက်မယ်နော်။




မိမိဓါတ်ပုံလေးတွေနဲ့ ရှူ့ခင်းပုံလေးတွေကို  အလင်းအမှောင်ပြင်ချင်တယ်ဆိုရင် ဒီဆော့ဝဲလေးသုံးကြည့်နော်။
serial key ပါထည့်ထားပေးပါတယ်.
လိုချင်သူများဒေါင်းယူနိုင်ပါပြီ.

http://www.mediafire.com/?501om2dk7jwy61u
http://ifile.it/boq58y0/MediaChance_Dynamic_Photo_HDR_5.1.0.rar
http://www.ziddu.com/download/13761277/MediaChance_Dynamic_Photo_HD...
http://www.zshare.net/download/86408440e203d452/
http://www.mirrorcreator.com/files/3CQLYDGB/

ပြုလုပ်နည်းလေးတွေ မသိတဲ့သူတွေအတွက်တော့  ကိုဧကရာဇ် ဆီမှာ သွားတောင်းဆိုနိုင်ပါတယ်နော်.:D


ခင်မင်လေးစားစွာဖြင့် ***ဧကရီ***

ပထမဆုံး ဆော့ဝဲကို run ပြီးရင် ဖွင့်လိုက်ပါ။





















ပုံထဲမှာ ပါတဲ့အတိုင်း File ထဲမှ create New HDRIဆိုတာလေးကို ဖွင့်လိုက်ပါ။




















အပေါ်ကပုံထဲကအတိုင်း ဘောက်တစ်ခုပွင့်လာပါမယ်။Add images ဆိုတာလေးကို နိုပ်ပြီး ကိုယ်ပြင်ချင်တဲ့ပုံလေးကို ထည့်ပေးလိုက်ပါ။




















ကိုယ်ပြင်ချင်တဲ့ပုံလေးကို ထည့်ပေးလိုက်ရင် သူက အော်တို ပြင်ပေးလိုက်ပါတယ်။
အပေါ်ပုံထဲမှာတွေ့တဲ့အတိုင်း မှောင်နေတဲ့ပုံလေးကို အလင်းထည့်ပေးလိုက်ပါတယ်။ပြီးရင် ok ပေးလိုက်ပါ။


ဒါက နောက်ထပ်ရွေးခိုင်းတာတွေပါ။လိုချင်တဲ့ပုံကိုရွေးချယ်ပြီး ok ပေးပါ။




















နောက်ဆုံးမှာ ဒီလိုပုံလေးပေါ်လာပါမယ်။အဲ့မှာ ကိုယ်လိုချင်သလို အလင်းအမှောင်ချိန်ဖို့ လုပ်ပေးထာပါတယ်။သိသိသာသာအလင်းအမှောင်ချိန်းတာက ညာဘက်က filter color ဆိုတဲ့ကောင်လေးနဲ့ လိုသလိုလှည့်လိုက်ရင် အလင်းအမှောင်ပြောင်းသွားပါလိမ့်မယ်။
ကျန်တဲ့ဟာတွေနဲ့လဲချိန်းလို့ရပါတယ်။နောက်တစ်ခုက ပုံအောက်ခြေအလယ်မှာ light tuner,Kelvin နဲ့
Match Color ဆိုတဲ့ သုံးခုရှိပါတယ်။
 ဒါက Match Colorပါ။ပုံလေးတွေပေးထားပါတယ်။ပုံတစ်ပုံကိုရွေးပေးလိုက်ရင် အဲ့ပုံရဲ့ ကာလာတွေကို ပြင်နေတဲ့ပုံပေါ်မှာ ပေါ်လာပါလိမ့်မယ်။
















Kelvin ကို နိုပ်လိုက်ရင် အဲ့ထဲမှာ ရွေးချယ်ဖို့ပုံလေးတွေပေးထားပါမယ်။

 ဒါက Light tuner ပါ။Light tuner ဘေးက စုတ်တံလေးလို ဟာလေးရှိပါတယ်။
















 နိုပ်ပြီး ပုံထဲက အတိုင်း ကိုယ်လိုချင်တဲ့နေရာကို အလင်းလိုက်ဖြည့်ပေးလို့ရပါတယ်။ပြီးရင် ok ပေးလိုက်ပါ။
နောက်ဆုံးပြင်လို့ပြီးပြီဆိုရင် အောက်နားက process Save ဆိုတာလေးကိုနိုပ်ပြီး rename ပေးပြီးဆေ့လိုက်ရုံပါဘဲ။ဒါက ကျွန်တော်ပြင်ပြထားတဲ့ပုံနှစ်ခုပါ။



အဆင်ပြေပါစေခင်ဗျာ...

တောင်းထားတဲ့အကူအညီလေးများ

paingsoe: ဘိလိယက်ကစားချင်လို့ပါ အခု အကြင်နာနန်းတော်မှာတင်ထားတဲ့ ဘိလိယက်ကို မူရင်းဆိုက်မှာ မိတ်တွေတွေနဲ့အတူတူယှဉ်ပြိုင်ထိုး လို့ ရတယ်လို့ သိထားတယ် ဒါပေမဲ့ မန်ဘာလုပ်ပီးဝင်တော့အခန်းတွေကို ၀င်လို့ မရဘူးဖြစ်နေတယ်။ဖြေကြားပေးပါ ။ဘယ်လိုလုပ်ပီး ၀င်ရမလဲ။
ဧကရာဇ် : အကိုပြောတာ http://www.gamezer.com/billiards/ လို့ ထင်ပါတယ်။မန်ဘာလုပ်ပြီး အခန်းတွေဝင်မရတာက ကွန်နက်ရှင်းမကောင်းလို့ဖြစ်ပါလိမ့်မယ်။ဝင်ချင်ရင်တော့ ကွန်နက်ရှင်းကောင်းမှဝင်ပြီး ဆော့ကြည့်ပါ။မြန်မာနိုင်ငံကလူတွေအတွက် ဆော့ဖို့တော်တော်ခက်ပါတယ်။
mdgs: shwe htike & khine bone's song; Baby you should break my heart - please?
ဧကရာဇ် : အောက်ကအဆင်ပြေတဲ့လင့်နဲ့ ဒေါင်းလိုက်ပါခင်ဗျာ။

Kyel Sin: ရတနာဦးရဲ့ ကျေးဇူးပဲမေမေ သီချင်းလေးလိုချင်လို့ပါ၊ မွေးနေ့ရောက်တော့မှာမို့လို့ မေမေ့အတွက်ဗီဒီယိုဖိုင်လေးလုပ်ပေးချင်လို့ ကျေးဇူးပြုပြီး ကူညီပေးပါနော်....
ဧကရာဇ်: အောက်က အဆင်ပြေတဲ့လင့်နဲ့ ဒေါင်းလိုက်ပါ။

YouTube Video Downloader Mozilla Firefox add ons လေးပါ။

images?q=tbn:ANd9GcQ0wVwrb0PWOlREobVeL-nSAA3GUKrombQzGp89LY01mEIikZb5

အခုလက်ရှိအသုံးနေများနေကျတဲ့ Add ons လေးတွေဟာ Mozilla Firefox 4.0 တွေမှာ သိပ်မရကြပေမဲ့
ဒီ YouTube Downloader လေးက  Mozilla Firefox 4 ရဲ့ ဆိုက်ဒ်ဘားလေးမှာ Install
လုပ်ထားရုံနဲ့ အတော်လေးကိုအဆင်ပြေတာတွေ့ရပါတယ်။
ဧကရီ တို့လို You Tube ကိုစိတ်ဝင်စားတဲ့သူတွေအတွက် အလွန်အသုံးတည့်တယ်လို့ဆိုရမှာပေါ့နော်။
ကိုယ် ကြည့်ထားသမျှလည်း ဒီ Downloaderလေးမှာ ပေါ်နေပြီး ကိုယ့်ရဲ့  ကွန်ပြူတာပေါ်မှာလဲ
ဖိုင်တစ်ခုလုပ်ပြီးဒေါင်းထားချင်တယ်ဆိုရင်လည်း ရပါတယ်။
အင်တာနက်မရှိအချိန်မျိုးတွေမှာ အချိန်မရွေးပြန်ကြည့်လို့ ရတာပေါ့။

youtube-downloader-firefox4-Copy-2.jpg

ဒီလင့်ခ်လေးကို ကလစ်ပြီး Enter ခေါက်လိုက်ပါ။

ပြီးရင် Install လုပ်ပြီး Mozilla Firefox ကို  Restart ချပေးမလားမေးလာပါမည်။

ချပေးလိုက်ပါ။

နောက် ပြန်တက်လာရင် ကြည့်ကြည့်ပါ Mozilla Firefox ရဲ့ အောက်ဖက် မျှားရဲ့ဘေးက  ဆိုက်ဒ်ဘားလေးမှာ

images?q=tbn:ANd9GcQh0DriejXsFoF6GNEhAo0MujX95zryzEYE8cADhTFUqI_E9zQb  Sothink Web Video Downloader လေး အပေါ်မှာပြထားတဲ့ အတိုင်းပုံလေးပေါ်လာပြီဆိုရင် ..
ကွန်ပြူတာကို Restart ချလိုက်ရပါ့မယ်.။

images?q=tbn:ANd9GcSaUzGdvrmYXxdWYZlJaU7fh7PAAaV2mnbIcON0s-sluwZo1YQX

Sothink Web Video Downloader ကို  ကလစ်လိုက်ရင် ကိုယ့်ကြည့်ချင်တာလေးတွေ
ပေါ်လာပါလိမ့်မယ်။

ကွန်ပြူတာကို Restart မချမိပါက Mozilla Firefox ဖွင့်ထားတာ သူအလိုလို ပြန်ပြန်ပြီးပိတ်သွား
မှာပါ..ဆက်သုံးလို့ မရဖြစ်နေတတ်ပါတယ်..(မမေ့ပါနဲ့)

ကဲ ...စမ်းသုံးကြည့်ရအောင်နော်..
အဆင်ပြေပါစေရှင့်။
ခင်မင်လေးစားလျှက် ***ဧကရီ***

မူရင်းလင့်ခ်