Thursday, May 5, 2011

Standard (Men)

ကောင်မလေးတစ်ယောက်က အသက် (၂၁)နှစ်အရွယ်မှာ ပထမဆုံး ဒီလိုရေးခဲ့တယ်။
ရုပ်ချော၊ ဥစ္စာပေါ၊ မကြာခဏ ငါ့ကိုပျော်ရွှင်အောင် surpriseလုပ်နိုင်ပြီး ပြောသမျှကို နားထောင်ပေးနိုင်သူဖြစ်ရင်ရပြီ။

(၃၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
ကြည့်ကောင်းရုံဆိုရပြီ အကောင်းဆုံးက ဆံပင်တွေရှိနေဖို့ပဲ။
လက်သိပ်မစီးဘဲ တစ်ခါတလေ အစားကောင်းတွေ ခေါ်ကျွေးရင်ရပြီ။
ငါပြောတဲ့ဟာသတွေကို နားထောင်ပြီး ရယ်သင့်တဲ့အချိန်မှာ ရယ်ရင်ရပြီ။
အနည်းဆုံးတော့ ငါ့မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့ရင်ရပြီ။

(၄၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
ထိပ်ပြောင်ချင် ပြောင်ပါစေတော့ ရုပ်ရည်အသင့်သင့်ရှိသေးရင် ရပြီ။
တည်မြဲတဲ့အလုပ်ရှိပြီ ကြာကြာတစ်ခါ ငါ့ကို KFCလေး ကျွေးနိုင်ရင်ရပြီ။
ဟာသတွေ ခံစားတတ်ရင်ရပြီ။
ဖောက်တံရှိမှ ဖောက်လို့ရတဲ့ရှန်ပိန်မျိုး ဝယ်ရလောက်အောင် မတုံးသေးပါစေနဲ့။
ပြောစကားကို နားထောင်ပေးနိုင်ရင်ရပြီ။

(၅၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
တစ်ခါတလေ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ရိတ်ရင်ရပြီ။
တစ်ခါတလေ ထမင်းဟင်းလေး ဝယ်ပြန်လာရင်ရပြီ။
ပြောပြီးသားစကားကို n ကြိမ်မြောက် မပြောရင်ရပြီ။
ရုံးပိတ်ရက်တွေမှာ ဆိုဖာက ခွါနိုင်ရင်ရပြီ။
ငါစကားပြောတဲ့အချိန် အိပ်မပျော်သွားရင်ရပြီ။

(၆၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
သူ့ကိုတွေ့လို့ ကလေးတွေ မလန့်ရင်ရပြီ။
ဘာရောဂါ ထွေထွေထူးထူး မရှိရင်ရပြီ။
ဘာအတွက်ရယ်မောတာလဲဆိုတာ မှတ်မိရင်ရပြီ။
ရပ်နိုင်ရင်၊ ပြောတဲ့စကားကို ကြားနိုင်ရင်ရပြီ။

(၇၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
အသက်ရှင်နေသေးတာပဲ ကောင်းတယ်။ အသက်ရှင်နေသေးတာပဲ ကောင်းတယ်။
အသက်ရှင်နေသေးတယ်ဆိုရင်ပဲ ရပြီ။ တခြားဟာတွေ ကောင်းနေသေးတယ်ဆိုရင် ရပြီ။
ဘယ်လိုပြောရမလဲ !
ရုပ်ချော၊ ဥစ္စာပေါပြီး ရိုမန်တစ်ဆန်လည်း ကောင်းတယ်။ ဒါပေမယ့် ဒါတွေက အရေးမကြီးတော့ဘူး။ အရေးကြီးတာက ကြင်နာနေဖို့ပဲလိုတယ်။ အချိန်တွေတိုက်စားပြီး အမြှုပ်အဖြစ်ကျန်ခဲ့ပါစေ အဓိကက တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာရှိနေသေးရင်ရပြီ။

နိုင်းနိုင်းစနေ
--
..................
Lin Linn


Standard (Women)

(၁) ရွက်ကြမ်းရည်ကြိုဖြစ်နေပါစေ။ ကျန်းမာဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်တော့ရှိသင့်တယ်။ ဒါမှ အလုပ်တွေကို ဝိုင်းဝန်းကူညီလုပ်ကိုင်နိုင်ပြီး တခြားလူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်မှာဖြစ်တယ်။

(၂) ထက်မြက်ရသလို လိုအပ်တဲ့အချိန် တုံးအချင်ဟန်ဆောင်သင့်တယ်။
ထက်မြက်တဲ့မိန်းကလေးတွေကို မြင်သူတိုင်းက နှစ်သက်ပေမယ့် တချို့က ထက်မြက်တိုင်း အသိဥာဏ်မရှိကြဘူး။ တချို့မိန်းမတွေက မိမိပင်ကိုယ်ထက်မြက်တာကို အသုံးချပြီး ယောက်ျားတွေကို နိုင်ထက်စီးနင်းလုပ်တတ်ကြတယ်။ အဲဒီအခါ ယောက်ျားတွေက ကိုယ့်ကိုယ်ချစ်စိတ်ဖြစ်ဖို့ထက် ကြောက်စိတ်ဖြစ်ဖို့က ပိုများပါတယ်။ ဒါကြောင့်တစ်ခါတလေမှာ တုံးအချင်ဟန်ဆောင်ပြီး ယောက်ျားရဲ့"လမ်းညွှန်၊ ဦးဆောင်"မှုနောက် လိုက်သင့်တယ်။ ဒါမှ ယောက်ျားတွေက သူတို့ရဲ့ဦးဆောင်နိုင်မှုကို ယုံကြည်မှာဖြစ်တယ်။

(၃) ပညာဗဟုသုတရှိပြီး တစ်ဖက်သားကို လေးစားရမယ်။
အခုခေတ်မှာ မိန်းမလေးတွေလည်း ယောက်ျားတွေနဲ့တန်းတူ ပညာတွေကို သင်ယူနိုင်ပြီဖြစ်တယ်။ ဒါပေမယ့် ဒါတွေက အတန်းပညာသာဖြစ်ပြီး ဘဝပညာမဟုတ်သေးပါဘူး။ ဘွဲ့ဂုဏ်ရာထူးများများရတာနဲ့ မိန်းမသဘာဝ ပညာမာနတက်တတ်ကြတယ်။ ဒါပေမယ့် တစ်ဖက်သားကို မလေးစားတတ်တဲ့မိန်းမက မေတ္တာ(EQ)မပြည့်ဝတဲ့အတွက်ကြောင့် ယောက်ျားရဲ့ လျစ်လျူရှူမှုကို ခံရတတ်တယ်။

(၄) တင်းတိမ်ရောင့်ရဲတတ်ပြီး လွန်ကျွံတဲ့တောင်းဆိုမှုမျိုး မရှိသင့်ဘူး။
ယောက်ျားတွေဟာ မွေးလာတည်းက ရာထူးအာဏာ၊ တိုးတက်ကြီးပွါးတဲ့ အရည်အချင်းပါလာတာ မဟုတ်ဘူး။ သူတို့က ကာယ၊ ဥာဏအားကိုသုံးပြီး သူတို့ရဲ့စိတ်ကူးအကောင်အထည်ကို ဖော်ကြတယ်။ တကယ်လို့ မိန်းမတွေကလိုအင်ကို အတင်းအကျပ်၊ အလွန်အကျွံတောင်းဆိုခဲ့ရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာ ရတတ်ကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်မှာ ယောက်ျားအများရဲ့ စိတ်ဖိစီးမှုတွေက အလုပ်အကိုင်ကြောင့်မဟုတ်ဘဲ မိန်းမကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

(၅) ပင်ကိုယ်စိတ်ကို မပြောင်းလဲဘဲ အမျိုးမျိုးသရုပ်ဆောင်တတ်ရမယ်။
ဥပမာ - ချစ်သူရည်းစားနေရာမှာ၊ အစ်မကြီး၊ မိခင် စတဲ့နေရာတွေမှာ ဝင်သရုပ်ဆောင်တတ်ပြီး ယောက်ျားတွေ အလိုရှိတဲ့အချိန် လက်လှမ်းကူညီတတ်ရမယ်။

(၆) ချစ်ခင်တတ်ရမယ်၊ ခွင့်လွတ်နားလည်တတ်ရမယ်။ ချစ်ခြင်းမေတ္တာကို ဖြန့်ဝေတတ်ရမယ်။
ကိုယ့်ကိုယ်ချစ်တတ်ရုံနဲ့တင် မလုံလောက်ဘဲ ကိုယ့်ယောက်ျားကိုချစ်တဲ့အပြင် သူ့မိဘ၊ သူ့ညီအစ်ကို မောင်နှမတွေနဲ့ သူချစ်ခင်တဲ့လူတွေတိုင်းကိုလည်း ချစ်ခင်တတ်ရမယ်။

(၇) ပြင်ဆင်တတ်ရမယ်၊ ဒါပေမယ့် အလွန်အကျွံမဖြစ်စေရဘူး။
တချို့က အပျိုဘဝမှာ ပြင်ပြင်ဆင်ဆင်နေပေမယ့် အိမ်ထောင်ကျကလေးရပြီးရင် အိမ်ထောင့်တာဝန်၊ ကလေးတာဝန်တွေအကြောင်းပြပြီး ပိုသီပတ်သီနဲ့ မပြင်မဆင်ချင်ကြတော့ဘူး။ ယောက်ျားတွေ အပြင်တွဲထုတ်ရဲတဲ့ အပြင်အဆင်မျိုး ရှိသင့်တဲ့အပြင် တကိုယ်ရေသန့်ရှင်းမှုလည်း အရေးကြီးပါတယ်။

(၈) ကူညီတတ်ရမယ်။ ဖေးမတတ်ရမယ်။
မိန်းမကောင်းဆိုတာ ယောက်ျားအတွက် လက်ထောက်ကောင်းတစ်ယောက်ဖြစ်တယ်။ ယောက်ျားရဲ့ဝါသနာအကြိုက်ကို ဝင်မချယ်လှယ်ဘဲ သူ့ရဲ့စိတ်ကူးတွေ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားကူညီပေးတတ်ရမယ်။ (ဝါသနာအကြိုက်ဆိုသည်မှာ မိန်းမ၊ လောင်းကစား.. စတဲ့ မကောင်းမှုတွေ မဟုတ်ပါ)

(၉) မိတ်ဆွေအပေါင်းအသင်းများရမယ်၊ ဒါပေမယ့် လက်လွတ်စပယ် မဖြစ်သင့်ဘူး။
ယောက်ျားလေး၊ မိန်းကလေး သူငယ်ချင်းတွေကနေ ဘဝအတွေ့အကြုံ၊ လူမှုရေး၊ စီးပွါးရေးစတာတွေကို လေ့လာသင်ယူ ဖလှယ်တတ်ရမယ်။

(၁ဝ) ဝါသနာ၊ အကြိုက်တွေရှိနိုင်ပေမယ့် အဆင့်အတန်းတော့ရှိသင့်တယ်။
ဥပမာ- မိန်းကလေးတွေရဲ့အကြိုက်က ဆေးလိပ်၊ အရက်တွေ မဖြစ်သင့်ဘူး။

လောကကြီးမှာ ခြောက်ပစ်ကင်းသူ မရှိပါဘူး။ ယောက်ျားနဲ့မိန်းမကြားမှာ မတူညီတာတွေ များလွန်းပါတယ်။ နှစ်ဦးနှစ်ယောက်ကြားမှာ အချင်းချင်းသင်ယူ၊ နားလည်နိုင်မှသာ ငြိမ်းချမ်းတဲ့အနေအထားကို ရမှာဖြစ်တယ်။ ယောက်ျားကောင်း၊ မိန်းမကောင်းဆိုတာ မွေးကတည်းက ဖြစ်လာတာမဟုတ်ဘဲ အချင်းချင်း ပြောဆိုသင်ပြမှုကြောင့် ဖြစ်လာတာဖြစ်တယ်။

ဒါကြောင့် အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်တို့ရဲ့ ချစ်ခြင်းမေတ္တာကို သင်ကြားဖလှယ်တဲ့နေရာ၊ ချစ်ခြင်းမေတ္တာကို ထုတ်ပြတဲ့နေရာဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် သူတို့အချင်းချင်း ငြင်းခုန်ရန်ဖြစ်တဲ့ နေရာလည်းဖြစ်တယ်။ ဘယ်လိုနေရာအဖြစ် သတ်မှတ်သတ်မှတ် အဲဒီနေရာမှာ သူတို့က သူတို့ရဲ့တစ်သက်တာအချိန်ကို ပေးဆပ်ရမှာဖြစ်တယ်။ အိမ်ထောင်တစ်ခုမှာ ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ အနိုင်အရှုံး၊ အမှားအမှန်လုဖို့အတွက် မဟုတ်ဘူး။ တစ်ဖက်သားကို ပိုနားလည်ဖို့၊ သူ့လိုအင်ကို နက်နက်နဲနဲသိစေဖို့နဲ့ ပိုချစ်မြတ်နိုးတတ်ဖို့ပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ
--
..................
Lin Linn

စာစုလေးတချို့

၁) ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ။

ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။

၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။

တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။

ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။

၎) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။

၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။

၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။

၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။

ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။

၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့ မထင်ထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့ မှတ်ယူထားရမယ်။

၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။

၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည် ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။


နိုင်းနိုင်းစနေ


နိုင်းနိုင်းစနေ ရဲ့ စာစုလေးတွေကို ကြိုက်လို့ပြန်မျှလိုက်ပါတယ်နော်


--

..................

Lin Linn

မိန်းမများကို အန်စေသော ယောက်ျား

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား

၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား

၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား

၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား

၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား

၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား

၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား

၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား

၉. အာပုပ်စော်နံသော ယောက်ျား

၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား

၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား

၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား

၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား

၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား

၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား

၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား

၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား

၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား

၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား

၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား

၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား

၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား

၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား

၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား

၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား

၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား

၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား

၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား

၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား

၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား

၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား

၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

---------------------------------------

---------------------------------------

---------------------------------------

နိုင်းနိုင်းစနေ



နိုင်းနိုင်းစနေရဲ့ စာစုလေးကို ကြိုက်လို့ ပြန်မျှပေးလိုက်ပါတယ်နော်


--
..................
Lin Linn
ခေတ်အဆက်ဆက်လူတွေရဲ့ ပါးစပ်ဖျား မှာ ရေပန်းအလွန်စားတဲ့ သူရဲကောင်းလုပ်မယ့် အစား ချစ်သူရဲ့ လက်တဖက်ကို တသက်စာ ကိုင်ခွင့် ရတဲ့ မထင်မရှား သာမန် လူသားပဲ ဖြစ်ချင်တယ် ...

ယောက်ျားများကို အန်စေသော မိန်းမ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ

၂. ဆံပင်ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ

၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ

၎. အသားအရည် ကြမ်းတမ်းသော မိန်းမ

၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ

၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ

၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ

၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ

၉. တပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ

၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှို့ကစားတတ်သော မိန်းမ

၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ

၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ

၁၃. အသုံးအဖြုန်းကြီးသော မိန်းမ

၁၄. ခြေသလုံးတုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ

၁၅. သဘောထား သေးသိမ်သော မိန်းမ

၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ

၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ

၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ

၁၉. ဟာသဥာဏ် မရှိသော မိန်းမ

၂၀. မြူဆွယ်တတ်သော မိန်းမ

၂၁. သူငယ်ချင်း ချစ်သူရည်းစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ

၂၂. အပြောအဆို မတတ်သော မိန်းမ

၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟုထင်သော မိန်းမ

၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ

၂၅. အချိန်းတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ

၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ

၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

......................................................

......................................................

နိုင်းနိုင်းစနေ


နိုင်းနိုင်းစနေရဲ့ စာစုလေးကို ကြိုက်လို့ ပြန်မျှပေးလိုက်ပါတယ်နော်


--

..................

Lin Linn

Fwd: ပဋိစ္စသမုပ္ပါဒ် နှင့် ၂၄ပစ္စည်းပဌာန်းတော်မြတ်တို့၏ အနက်အဓိပ္ပါယ်


30 Apr 11, 07:07 AM
မင်းမင်း: ''ပဌာန်း ၂၄ ပစ္စည်း'' အနက်အဓိပ္ပါယ် နှင့် ''ပဋိစ္စသမုပ္ပါဒ်`` တရားတော်မြတ်ကို အကျယ်ရှင်းပြထားတာဖတ်ချင်ပါတယ်ခင်ဗျာ့ ။

ဧကရီ..  ကိုမင်းမင်းမေးတာလေးတွေ ဖြေပေးလိုက်ပါတယ်ရှင့်..၂၄ပစ္စည်းပဌာန်း  ဒေသနာတော်မြတ်ရဲ့
အနက်အဓိပ္ပါယ်ကို ကိုဧကရာဇ်လည်းဖြေပေးထားပြီးပါပြီ. ခုဧကရီက ပုံတော်လေးတွေနဲ့
ပြန်ဖြေပေးလိုက်ပါတယ်ရှင့်။ ပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်ရဲ့  အကျယ်ကို စာအုပ်ချုပ်ပေးပါ့မယ်။ ခုလော
လောဆယ် အကျဉ်းမျှ ပဲ အရင်ဖြေပေးလိုက်ပါတယ်နော်..ကျေနပ်နိုင်ပါစေရှင့်။

circle.jpg

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော်
------လင်္ကာဆောင်ပုဒ်------
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ် သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်ဆယ်ကို။ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။

 

လင်္ကာဆောင်ပုဒ် အဖြေ

၁။ မူလနှစ်ဖြာ …. …. အ၀ိဇ္ဇာနှင့် တဏှာ။
၂။သစ္စာနှစ်ခု …. …. သမုဒယသစ္စာ - ဒုက္ခသစ္စာ။
၃။လေးခုအလွှာ …. …. အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။
ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
၎။အင်္ဂါတစ်ဆယ့်နှစ်ပါး …. …. အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။
၅။သုံးပါးအစပ် …. …. သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။
၆။ဝဋ်သုံးဝနှင့် …. …. >>ကိလေသ၀ဋ် (၃)ပါး - အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
>>ကမ္မ၀ဋ် (၂)ပါး- သင်္ခါရနှင့် ကမ္မဘဝ
>>၀ိပါက၀ဋ် (၈)ပါး-, ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘ၀)
၇။ကာလသုံးဖြာ …. …. >>လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
>>ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ - ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္မဘဝ
>>နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ- ဇာတိ , ဇရာမရဏ။
၈။ခြင်းရာနှစ်ဆယ် …. …. >>အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
>>ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး - ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ
အ၀ိဇ္ဖာနှင့် တဏှာ ရင်းခံ၊ ဥပါဒါန်၊ကံကြောင့်ရုပ်နာမ်ပေါ်အပင်မှမျိုး ၊မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်ဖြစ်ပြန်နည်းအလျှော်၊ ဗြဟ္မာ-သိကြားစသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု မဟုတ်ဟုညဏ်ဖြင့် ရှု၍မျှော်။
ခန္ခာ (၅ )ပါး
ရုပ်တရား ၁။ရူပက္ခန္ဓာ ... ဖောက်ပြန်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
နာမ်တရား ၂။ဝေဒနက္ခန္ဓာ ... ခံစားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

၃။သညာက္ခန္ဓာ ... မှတ်သားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

၎။သင်္ခါရက္ခန္ဓာ ... ပြုပြင်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

၅။ဝိညာဏက္ခန္ဓာ ... သိတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။


အာယတနာ(၁၂)ပါး

အခံဓာတ်(၆)ပါး အတိုက်ဓာတ်(၆)ပါး အပွင့်ဓာတ်(၆)ပါး
ဓာတ်(၁၈)ပါး ၁။မျက်စိအကြည်
၂။နားအကြည်
၃။နှာခေါင်းအကြည်
၎။လျှာအကြည်
၅။ကိုယ်အကြည်
၆ ၊စိတ်(ဘ၀င်စိတ်)
၁။အဆင်း
၂။အသံ
၃။အနံ
၎။အရသာ
၅။တွေ့ထိစရာ
၆။ကြံတွေးစရာ
၁။မြင်စိတ်
၂။ကြားစိတ်
၃။နံစိတ်
၎။စားစိတ်
၅။ယားနာကောင်းစိတ်
၆။တွေးတောစိတ်

သစ္စာ(၄)ပါး ဒုက္ခသစ္စာ ဆင်းရဲခြင်းအမှန်တရား၊ ဖြစ်ဒုက္ခ-ပျက်ဒုက္ခပိုင်းခြားသိရမည့်တရား။
သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်းအမှန်တရား၊(တဏှာ-လောဘ)ပယ်ရမည့်တရား။
နိရောဓသစ္စာ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန်(နိဗ္ဗာန်)မျက်မှောက်ပြုရမည့်တရာ။
မဂ္ဂသစ္စာ ဒုက္ခသစ္စာ၏ ချုပ်ကြောင်း၊ သမုဒယသစ္စာကိုပယ်ကြောင်း။
နိရောဓသစ္စာကို မျက်မှောက်ပြုကြောင်း
အကျင့်အမှန်တရား(မဂ္ဂင်၈ပါး)ပွားများရမည့်တရား။

လောကီးမဂ္ဂင်(၅)ပါး ရှုညဏ်တရား
သမ္မဒီဋ္ဌိ သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင် (၂)ပါး
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမာဓိမဂ္ဂင်(၃)ပါး

လောကုတ္တရာ မဂ္ဂင်(၈)ပါး
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင်(၂)ပါး
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမာဓိမဂ္ဂင်(၃)ပါး
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇိဝ သီလမဂ္ဂင်(၃)ပါး

စိတ္တါနုပဿနာရှုပွားနည်း
၁။မြင်စိတ် အပြင်ဧည်သည်စိတ်(၅)ခု ၁။လောဘစိတ် အတွင်းဧည်သည်စိတ်(၅)ခု
၂။ကြားစိတ် ၂။ဒေါသစိတ်
၃။နံစိတ် ၃။မောဟစိတ်
၎။စားစိတ် ၄။အလောဘစိတ်
၅။ယား၊ နာ၊ ကောင်းစိတ် ၅။အဒေါသစိတ်


၆။တွေးတောစိတ်

၁။လေကိုထုတ်သောစိတ် ရှုပွားပုံရှုနည်းမှာ ၂၊လေကိုသွင်းသောစိတ် ၃။အိမ်သည်စိတ်(၂)ခု
အိမ်သည်စိတ်ကို(၂)ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေါ်ပေါ်၊
ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မလွတ်အောင် ရှုရမည်ဖြစ်ပါသည်။



ဝေဒနာနုပဿနာ ရှုပွားနည်း
စိတ်နှင့် ဝေဒနာသည် ဖြစ်အတူ ပျက်အတူသဟဇာတ တရားဖြစ်သည်။

အပြင် ဧည့်သည် ဝေဒနာ(၆)ခု
၁။ ဥပေက္ခာ ဝေဒနာသည်
၂။ ဥပေက္ခာ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
၎။ ဥပေက္ခာ ဝေဒနာသည်
၅။ သုခ ဝေဒနာသည်
၆။ ဒုက္ခ ဝေဒနာသည်
မျက်လုံးမှာ ပေါ်သည်။
နားမှာပေါ်သည်။
နှာခေါင်းမှာပေါ်သည်။
လျှာမှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
အထက်ပါ ဝေဒနာများကို အပြင်ဧည့်သည် (၆)ပါးခု ဟုခေါ်သည်။
အတွင်းဧည့်သည် ဝေဒနာ(၃)ခု
၁။ သောမနှဿ ဝေဒနာသည်
၂။ ဒေါမနဿ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
အထက်ပါ ဝေဒနာများကို အတွင်းဧည့်သည် (၆)ပါးခု ဟုခေါ်သည်။

အိမ်သည် ဝေဒနာ (၃)ခု
၁။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်ပြေနေသောအခါ (၀င်လေ-ထွက်လေကို) သောမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၂။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်မပြေနေသောအခါ (၀င်လေ-ထွက်လေကို) ဒေါမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၃။တစ်ခါတစ်ရံ(၀င်လေ-ထွက်လေကို) သောမနာဿလည်းမဟုတ် ၊ ဒေါမနဿလည်း မဟုတ်၊ ဥပေက္ခာဝေဒနာနှင့် အမှတ်မထင်ရှူရှိုက်နေသည်။
အထက်ပါဝေဒနာများကို အိမ်သည် ဟုခေါ်သည်။

ဝေဒနာနုပဿနာ ရှုရာ၌ ပေါ်သည် အချိန်၊ ပေါ်သည့်နေရာကို စောင့်၍ ရှုရမည်ဖြစ်သည်။ ဝေဒနာသည် ဒွါရ (၆)ပေါက်၌ အမြဲဖြစ်သည်။ မဖြစ်သည့်အခါ မရှိ၊ ဖဿဖြစ်တိုင်းဝေဒနာဖြစ်သည်။ ဝေဒနာကို ရှုရာ၌ နာမှ ကျင်မှ ဝေဒနာမဟုတ်ပါ၊ နာမှု ကျင်မှု မခံသာသည့် ဝေဒနာရှိသလို ၊ နာမှု ကျင်မှု ပျောက်ကင်းပြီး ခံသာသည့် ဝေဒနာလည်းရှိသည်။ ခံသာသည်လည်း မဟုတ်၊ မခံသာသည်လည်း မဟုတ်၊ အလယ်အလတ် အမှတ်မဲ့ ခံစားမှု ၀ဒနာမျိုးလည်းရှိသည်။ စိတ်နှင့် ဝေဒနာသည် သဟဇာတ တရားဖြစ်၍ စိတ်ဖြစ်တိုင်း ဝေဒနာဖြစ်သည်။
ဝေဒနာသည် ပေါ်လည်း ပေါ်သည်၊ ပျက်လည်း ပျက်သည်၊ ဝေဒနာနှင့်ငါ-မရောစေနှင့် ၊ ဝေဒနာခွာ၍ အနိစ္စ မြင်အောင်ကြည့် ၊ အနိစ္စတွေ့မှ လမ်းမှန်ကျမည်။
(ဤကား အကျဉ်းချုပ်မျှသာ ဖြစ်သည်။)

ပတ္တမြားရိပ်သာမှ



၂၄ပစ္စည်း ပဌာန်းဒေဿနာတော်မြတ်။


၁။ ဟေတု ပစ္စယော
၂။ အာရမ္မဏ ပစ္စယော
၃။ အဓိပတိ ပစ္စယော
၎။ အနန္တရ ပစ္စယော
၅။ သမနန္တရ ပစ္စယော
၆။ သဟဇာတ ပစ္စယော
၇။ အညမည ပစ္စယော
၈။ နိဿယ ပစ္စယော
၉။ ဥပနိဿယ ပစ္စယော
၁၀။ ပုရေဇာတ ပစ္စယော
၁၁။ ပစ္ဆာဇာတ ပစ္စယော
၁၂။ အာသေဝန ပစ္စယော
၁၃။ ကမ္မ ပစ္စယော
၁၄။ ဝိပါက ပစ္စယော
၁၅။ အာဟာရ ပစ္စယော
၁၆။ ဣန္ဒြိယ ပစ္စယော
၁၇။ ဈာန ပစ္စယော
၁၈။ မဂ္ဂ ပစ္စယော
၁၉။ သမ္ပယုတ္တ ပစ္စယော
၂၀။ ဝိပယုတ္တ ပစ္စယော
၂၁။ အတ္တိ ပစ္စယော
၂၂။ နတ္တိ ပစ္စယော
၂၃။ ဝိဂတ ပစ္စယော
၂၄။ အဝိဂတ ပစ္စယော
မူရင်းလင့်ခ်



နောက်ထပ် အောက်ကလင့်ခ်လေးကို ကလစ်ပြီး ပူဇော်နိုင်ပါတယ်ရှင့်။
၂၄ပစ္စည်း ပဌာန်းဒေသနာတော်မြတ် အနက်အဓိပ္ပါယ်