Tuesday, May 24, 2011

မက္ကဆီကိုတွင် တွေ့ရှိခဲ့သော ဂြိုဟ်သားလေး

မေ ၂၀၀၇ မှာ မက္ကဆီကို လယ်ကွင်း တစ်ခုမှာ လယ်သမားတစ်ဦးဟာ ဂြိုဟ်သားလို့ ယူဆရတဲ့၊ ထူးဆန်းတဲ့ သတ္တ၀ါ တစ်ကောင် ကို တွေ့ ရှိခဲ့ပါတယ်။ လယ်သမားက ကြောက်လန့်ပြီး ရေနှစ်သတ်ခဲ့ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းကစပြီး ပညာရှင်တွေက ဒီဂြိုဟ်သား ကိုယ်ခန္ဓာကို သုတေသန ပြုလုပ်ခဲ့ကြရာမှာ ထူးခြားဆန်းကြယ်မှုတွေကို ပိုပို တွေ့လာရပါတယ်။ လေ့လာသူ သိပ္ပံပညာရှင်တွေက ဒီသတ္တ၀ါဟာ တစ်ခြားဂြိုဟ်တစ်ခုကနေ ရောက်ရှိလာတဲ့ ဂြိုဟ်သားတစ်ဦးများလားလို့ တွေးထင် ယူဆနေကြပါတယ်။ ဒီလိုသတ္တ၀ါမျိုးကို ကမ္ဘာပေါ်မှာ တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ သူရဲ့ခန္ဓာကိုယ်က အိမ်မြှောင် နဲ့ လူရဲ့ လက္ခဏာတွေရှိနေပြီး၊ ဦးနှောက်က အတော်လေး ကြီးပါတယ်။ ဥာဏ်ရည်ထက်မြက်တဲ့ ပုံ ရှိပါတယ်။

အောက်မှာ ဗီဒီယိုနဲ့ ဖော်ပြထားပါတယ်။



အဲဒီ လယ်ကွင်းပြင်တစ်ဝိုက်မှာ အမျိုးအမည်မသိ ယာဉ်ပျံတွေ မကြာခဏတွေ့ရှိခဲ့ပါတယ်။ ဒီအကောင်လေးကို ဂြိုဟ်သားတွေ ချန်ထားခဲ့ကြသလားဆိုပြီး သံသယ ရှိနေကြပါတယ်။ လယ်သမားတွေဟာ နောက်ထပ် ဂြိုဟ်သားတစ်ဦးကိုလည်း တွေ့ရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောကြပါတယ်။

(စာကြွင်း။ အဲဒီလယ်သမားဟာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ လူတွေက ဒါဟာ ဂြိုဟ်သားလေးရဲ့ မိဘတွေက ပြန်ပြီး လက်စားချေသွားတာလို့ ထင်နေကြပါတယ်)။

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်


ယင်းတို့ ကား

(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

 

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။

(စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း

Forward Mail ကပါနော်...
--
..................
Lin Linn

တိရစ္ဆာန် ဗေဒင်လေးပါ....

လင်းကတော့ ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။
ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။
ဒီဟာလေးကို လင်းမွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့
နောက်ပြီး လင်းရဲ့  သူငယ်ချင်း ဇာဇာက ဗေဒင်လေးတွေ ရှိရင် တင်ပေးပါဦးဆိုလို့ဗေဒင်ကို စိတ်ဝင်စားသူအားလုံးအတွက်တင်ပေးလိုက်ပါတယ်နော်။


ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ
ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်
ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို
စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်
ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။
ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို
ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့်
အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်
ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။
ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင်
ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ
ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။


၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား
နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ
သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း
ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး
လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော်
သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက
စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က
စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။


၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်
ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို
ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။
အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်
နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။
လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်
ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏
ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ
ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။
စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်
ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။


၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်
ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။
ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး
လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို
လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည်
အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်
တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ
အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား
ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်
ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။
အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။


၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ
တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို
သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို
မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်
ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။
ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။
လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့
ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု
မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။


၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ
နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်
အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏
ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်
ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က
ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်
သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်
ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်
ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး
ဖြစ်သည်။


၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး
ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ
ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်
အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်
ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း
မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး
ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ
ဖြစ်သည်။


၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ
ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော
နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း
ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး
ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို
လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို
စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏
နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို
တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

Forward Mail မှ ကူးယူဖော်ပြပါသည်...

--
..................
Lin Linn




ဘော့စ်က သင့်ကို စိတ်တိုင်းမကျဘူးတဲ့လား.......

အဲ့ဒီအတွက် အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ပါဦး။
ပြီးရင် ဘော့စ် သဘောကျအောင် ကြိုးစားကြမယ်လေ...
  • သင့်ကို ပုံမှန် အကဲဖြတ်တာမျိုး လုပ်လား။
  • ရံဖန်ရံခါဆိုသလို နေ့လည်စာ အတူစားဖို့ ခေါ်လား။
  • အရေးကြီး အစည်းအဝေးတွေကြောင့် ကိုယ့်ကို အရေးတယူ အသိပေးလား။
  • ထူးထူးချွန်ချွန် လုပ်ဆောင်မှု့အပေါ် ဆုချလား။
  • အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အခါ ကိုယ့်ဆီက အကူညီတောင်းလား။
ဘယ်အကွက်တွေမှာ အမှန်ဖြစ်လဲ ???
တကယ်တမ်းအားဖြင့် အထက်ပါ ငါးချက်မှာ အနည်းဆုံး အကွက်သုံးခုမှာ အမှန်ဖြစ်တာမျိုး ဖြစ်ရပါမယ်။
အလုပ်ရှင်က ရာထူးတိုး မပေးရင်တောင်မှ သူက ရှင့်ကိုသဘောကျတယ်ဆိုရင်.....
ရှင့်အပေါ်မှာ သူကကျိန်းသေ
လေးစားမှု့ရှိမှာပဲ လို့ အလုပ်လမ်းညွှန်ဆရာမ နီကိုးဝီလ်ယမ်က ပြောပါတယ်။
တကယ်လို့ အလုပ်ရှင်က ကိုယ့်ကို ချီးကျူးတာလဲ မလုပ်ဘူး ၊ ကိုယ့်အပေါ် အလေးထားတာလဲမရှိဘူးဆိုရင် ကိုယ့်အပေါ်သူအမြင် မကြည်တာ ထင်ရှားတယ်။
ဒီတော့ အလုပ်ရှင်ဆီမှာ မျက်နှာသာရဖို့ အတွက် အောက်ပါနည်းဗျူဟာတွေကို ကျင့်သုံးနိုင်ပါတယ်ဆိုတာ ဝေမျှ ပေးလိုက်ပါတယ်နော်..
ဒီဗျူဟာတွေက ဘယ်အလုပ်ရှင်အတွက်မဆို အကျုံးဝင်ပါတယ်။


1- ပြင်စရာရှိတာ ပြင်ပါ

ကိုယ်က အလုပ် စောစောလာဖို့ လိုလား ၊ တာဝန် ပိုယူဖို့ လိုမလား ၊ အ၀တ်အစားကို ပိုပြီး ပရော်ဖက်ရှင်နယ်ကျကျ ၀တ်ဖို့လိုနေလား ၊
ကိုယ့်ဟာကိုယ် တိုးတက်ကောင်းမွန်အောင် ချက်ချင်းလုပ်နိုင်တဲ့ အချက်သုံးချက်ကို စာရင်းချကြည့်ပါ ။
ဒါနဲ့မှအဆင်မပြေသေးဘူး ဆိုရင်တော့ ယုံကြည်ရတဲ့ အခင်ဆုံးသူငယ်ချင်း (သို့) လုပ်ဖော်ကိုင်ဖက်ကို
 ကိုယ်ဘာလိုအပ်နေလဲဆိုတာမေးပြီး အကြံဥာဏ် တောင်းကြည့်လို့ ဆိုပါတယ်။


2- ကြယ်တစ်ပွင့်လို နေပါ

ကိုယ့်ကိုယ်ကို မယုံကြည်တာမျိုး ၊ စိတ်မချတာမျိုး မဖြစ်ပါစေနဲ့တဲ့ ။
ကိုယ်ဟာ မလုံခြုံဘူးဆိုတဲ့ ခံစားချက်မျိုးကို မလိုချင်ဘူး မဟုတ်လား ။
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မှ မယုံရင် ဘယ်သူကလာယုံမှာလဲ ။ ကိုယ့်မှာ အစွမ်းအစရှိတယ် ၊ တန်ဖိုးရှိတယ်လို့ ခံယူထားရမယ်။


3-အပြုသဘော ဆောင်ပါ

ကိုယ်က အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ် ၊ ဒါပေမယ့် လုပ်ငန်းတာဝန်တွေကို ငါလုပ်နိုင်တယ်ဆိုတဲ့ အမြင်နဲ့ပဲ ချဉ်းကပ်ပါ။
ဒီလိုတော့ဖြင့် အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ စိတ်မျိုးမထားပါနဲ့ ။
ကိုယ်က အမြဲတက်တက်ကြွကြွရှိရင် လူကြီးကသဘောကျတာ ချည်းပါပဲ။
မဖြစ်နိုင် ၊ မတက်နိုင်ဆိုတဲ့ လူမျိုးကို ဘယ်လူကြီးကမှ သဘောကျမှာ မဟုတ်ပါဘူး။


4-ဘက်စုံပါစေ

ကိုယ်ချစ်တဲ့သူနဲ့ နီးစပ်အောင် ကြိုးစားရတဲ့အခါမျိုးမှာ.....
သူနဲ့ ၀ါသနာချင်း ၊ စိတ်ဝင်စားတာချင်း တူတယ်ဆိုတာမျိုးနဲ့ ကြိုးစားရတဲ့ အခါတွေလဲ ရှိတက်တယ် မဟုတ်လား ။
ဘော့စ်နဲ့အဆင်ပြေအောင်လုပ်တာမှာလည်း အဲဒါမျိုး လုပ်ရမှာတွေ ရှိပါတယ်။
ကိုယ်က အပြေးပြိုင်ပွဲတစ်ခု အတွက်လေ့ကျင့်နေတာ ၊ အများအကျိုးဆောင် လုပ်ငန်းတစ်ခုမှာ စေတနာ့ဝန်ထမ်း ၀င်လုပ်နေတာကို
ဘော့စ် က သိသွားတဲ့အခါမျိုးမှာ...
သြော်... ဒီကလေးမက တက်တက်ကြွကြွ ရှိသားပဲ ၊ သူ့မှာ ရည်မှန်းချက်တွေ ရှိသားပဲဆိုပြီး ကိုယ့်အပေါ် ပိုပြီး အမြင်ကြည်လာနိုင်ပါတယ်။


ကိုယ့်ဘက်က လိုအပ်ချက်တွေ လိုက်ပြင်ပြီးတဲ့အခါ ဒီလိုလေးအဆင်ပြေသွားမှာပါနော်.....:)))

Forward Mail မှ ကူးယူဖော်ပြပါသည်...

--
..................
Lin Linn

သူငယ်ချင်းတို့အတွက်အဆင်ပြေစေမယ့် Dictionary Link လေးများ

သူငယ်ချင်းတို့ရေ
ဒီ Dictionary Link လေးတွေကို သူငယ်ချင်းတို့ရဲ့ G Talk ထဲမှာ Add ထားလိုက်ရုံနဲ့
သိချင်တဲ့ စာအဓိပ္ပာယ်တွေကို အလွယ်တကူနဲ့ အမြန်ဆုံးရှာနိုင်ပါတယ်

အလွယ်တကူ အကောင့်ထဲမှာ add
ထားလိုက်ယုံနဲ့ သူငယ်ချင်းတို့ အတွက်များစွာအသုံးဝင်မှာပါ.....
....
**en2mm3@mmgeeks.org**(English to Myanmar)
* en2ar@bot.talk.google.com (English to Arabic)
* en2de@bot.talk.google.com (English to German)
* en2el@bot.talk.google.com (English to Greek)
* en2es@bot.talk.google.com (English to Spanish)
* en2fr@bot.talk.google.com (English to French)
* en2it@bot.talk.google.com (English to Italian)
* en2ja@bot.talk.google.com (English to Japanese)
* en2ko@bot.talk.google.com (English to Korean)
* en2nl@bot.talk.google.com (English to Dutch)
* en2ru@bot.talk.google.com (English to Russian)
* en2zh@bot.talk.google.com (English to Chinese)
* GERMAN to ENGLISH - de2en@bot.talk.google.com
* ARGENTINA to ENGLISH - ar2en@bot.talk.google.com
* CHINESE to ENGLISH - zh2en@bot.talk.google.com
* SPANISH to ENGLISH - es2en@bot.talk.google.com
* JAPANESE to ENGLISH - ja2en@bot.talk.google.com
* ITALIAN to ENGLISH - it2en@bot.talk.google.com
* NETHERLANDS to ENGLISH - nl2en@bot.talk.google.com
* RUSSIAN to ENGLISH - ru2en@bot.talk.google.com
* KOREAN to ENGLISH - ko2en@bot.talk.google.com


--
..................
Lin Linn

ခြားနားချက်များ

(၁)   ချစ်သူဘ၀                   ။      ။ အလကားနေရင်း အကြည့်ချင်းဆုံ၏

       အိမ်ထောင်သည်ဘ၀         ။      ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏

(၂)   ချစ်သူဘ၀                          ။      ။ အလကားနေရင်း ချစ်သူကို တမ်းတ၏

       အိမ်ထာင်သည်ဘ၀                  ။      ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏

(၃)   ချစ်သူဘ၀                         ။      ။ ကလေး ဘယ်နှစ်ယောက်ယူလိုက်မည်ဟု စိတ်ကူး၏

       အိမ်ထာင်သည်ဘ၀         ။      ။ စိတ်ကူးသည့်အတိုင်း ကလေးမယူ ဖြစ်ခဲ့ရင် အကောင်းသားဟုတွေး၏

(၄)   ချစ်သူဘ၀                 ။      ။ ကိုယ်ပိုင်ဆိုင်သမျှသူ့အားပေးလို၏

       အိမ်ထာင်သည်ဘ၀        ။      ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏

(၅)   ချစ်သူဘ၀                       ။      ။ မွှန်နေသော်လည်း ကိစ္စရှိဟုဆို၏

       အိမ်ထာင်သည်ဘ၀               ။      ။ ကိစ္စရှိမှ မွှန်၏

(၆)   ချစ်သူဘ၀                              ။      ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏

       အိမ်ထာင်သည်ဘ၀                     ။      ။ ဖုန်းထဲမှ အော်လိုက်ရသည်ကိုပင် အားမရ။

(၇)   ချစ်သူဘ၀                                    ။      ။ ချစ်သူအကြောင်း ကဗျာရေးဖွဲ့၏

       အိမ်ထာင်သည်ဘ၀                      ။      ။ ကဗျာရေးသူ ငနူ။

(၈)   ချစ်သူဘ၀                              ။      ။ သူငိုလျှင် ကိုယ်လိုက်ငို၏

       အိမ်ထာင်သည်ဘ၀             ။      ။ သူငိုလျှင် TV အစီစဉ်တွေကောင်းပြီ။

(၉)   ချစ်သူဘ၀                   ။      ။ သူ့မွေးနေ့ကို အလွတ်ရ၏

       အိမ်ထာင်သည်ဘ၀            ။      ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။

(၁၀) ချစ်သူဘ၀                            ။      ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏

       အိမ်ထာင်သည်ဘ၀                      ။      ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏

(၁၁) ချစ်သူဘ၀                                       ။      ။ အစာစားလျှင် ခွံ့ကျွေးမှ ကြိုက်၏

       အိမ်ထာင်သည်ဘ၀                                ။      ။ အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏

(၁၂) ချစ်သူဘ၀                                        ။      ။ အချစ်သီချင်းများသာ နားထောင်၏

       အိမ်ထာင်သည်ဘ၀                         ။      ။ ကက်ဆက်အကြောင်းသာ ပြော၏

(၁၃) ချစ်သူဘ၀                                ။      ။ ချစ်သူအကြောင်းသာပြော၏

       အိမ်ထာင်သည်ဘ၀                 ။      ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏

(၁၄) ချစ်သူဘ၀                        ။      ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏

       အိမ်ထာင်သည်ဘ၀       ။      ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏


Forward Mail မှ ဖြစ်ပါသည်..

--
..................
Lin Linn

လျှိ့ ဝှက်ချစ်သူတဲ့

ကိုယ့်ရဲ့ လှို့ဝှက်ချစ်နေရတဲ့သူတွေထဲက ဘယ်သူနဲ့များဖူးစာဆုံမလဲ လို့ မသိချင်ကြဘူးလား........???????
သိချင်ကြတယ်ဆိုရင် တော့ ဟော ဒီမှာ..............

လျှို့ ဝှက်ချစ်သူဆိုပါလား

လုပ်ကြည့်လိုက်နော် ... တကယ်လားဆိုတာသိချင်ကြရင်..
--
..................
Lin Linn

TO phyu and haymun

phyu: shwe ye phyo mg ရဲ့ ကိုယ်ရံတော် သူချင်းလေး လိုချင်လို့ပါ

ဧကရာဇ် : ရွှေရည်ဖြိုးမောင် ဆိုထားတဲ့ ကိုယ်ရံတော် သီချင်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျာ။


http://www.mediafire.com/?fuktm7v5aa1ozh3

http://ifile.it/zuwqg75/Shwe_Yee_Phyo_Maung_-_Lu_Si_Lu_Si.mp3

http://www.zshare.net/audio/90517363029f60a1/

http://www.ziddu.com/download/15096127/Shwe_Yee_Phyo_Maung_-_Lu_Si_Lu_Si.mp3.html

http://www.mirrorcreator.com/files/C9ZB08MG/

 

haymun: nokiaN77အတွက်အဆင်ပြေတဲ့ gameလေးတွေလိုချင်ပါတယ်ချင်ဗျ

 

http://www.gamemobile.co.uk/nokia_n77_games.htm
http://www.mobileheart.com/cell-phone-games/1208-Nokia-N77-Games.aspx
http://gallery.mobile9.com/c/nokia-n77-softwares_404/1/