Monday, June 6, 2011

မိန်းကလေးတိုင်း ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီစာကို ဝေမျှလိုက်ပါတယ်..။

တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ
တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊
ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို
စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။
အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ
ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။
ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ
ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောက်ျားလေးမျိုးပေါ့။ သူတို့
အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ
ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ
ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။

ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ငြိကြရော
ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။
ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက
ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊
ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။
ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး
ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့
ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။
မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊
ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့
မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို
တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ
ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး
ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊
နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။



အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက
အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘ၀ကို ဖျက်ဆီးတဲ့
မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့
အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင်
ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊
အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ
သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘ၀တစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ်
ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။
နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။
ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘ၀နဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ
တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေး ..လို့ ပဲခေါ်ပြီး တခါမှလဲ
မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။



ယောက်ျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။
ယောက်ျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊
လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။
မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့
အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့
မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။
တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို
တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊
ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့
ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့
ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။



ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက
ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ယောက်ျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက
ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို
ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။
လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊
ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊
ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက
စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ၀ယ်ရတာပေါ့။ နောက်ပြီး
သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။
တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊
လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊
အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ
ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင်
သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။
အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘ၀ကို
ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ
ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။



ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ၀ိုင်းဝိုင်းလည်နေတဲ့
ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့
လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက
အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက
မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင်
ကာမကိုလိုက်စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း
အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။



မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့
ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး
စားလည်းရူးတဲ့ ဘ၀တွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘ၀တွေ အများကြီး
ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀မှာ ပြီးပြည့်စုံသွားပြီလို့
ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။



ယောက်ျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့
ယောက်ျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။
လူနှစ်ယောက်ပေါင်းပြီး ဘ၀တစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့
တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက
ဦးဆောင်နေတဲ့ယောက်ျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။



အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ်
ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို
လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး သူစိမ်းဆိုတော့
ယောက်ျားတစ်ယောက်ဆီက ဘ၀ကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့
သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့
မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့
အတင်းပြောတတ်တဲ့ စိတ်တွေ၊ယောက်ျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။
အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။
အရမ်းအောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့
မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။



ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောက်ျားတွေက ကျွန်နဲ့တူသော မိန်းမကို
ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ယောက်ျားကို ပြုစုမယ်။
ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ယောက်ျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့
စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။
အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာကယောက်ျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။
ကျွေးရင်စားမယ်။ ဒါပဲပေါ့။



တချို့  ယောက်ျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး
စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ယောက်ျားကို ရှာပါလား။ လုပ်ပါလား။
အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့
ဆိုတဲ့ မိန်းမမျိုးတွေပေါ့။



တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး
နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ
သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့
အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာ
ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ယောက်ျားမျိုးတွေပေါ့။



တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ
ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့
အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်းရှိတယ်။
ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။



တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊
သူလည်းရှာ၊ယောက်ျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက
ပိုက်ဆံသာရမယ်ဆိုယောက်ျားတောင် ပေါင်လိုက်ချင်သတဲ့လေ။



တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို
နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က
သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ
ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင်
ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့
နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို
သိမ်မွေ့စွာ ဖြေရှင်းနိုင်တယ်။ယောက်ျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို
လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့
ယောက်ျားမျိုးပေါ့ဗျာ။



ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း
ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ
မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့
လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး
ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ
တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊
ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘ၀ရဲ့
တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။



အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့
အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောက်ျားလေးရော
မိန်းကလေးရော နှစ်ယောက်စလုံးက "ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး
(ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့
ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ" တဲ့။ ဒီနေ့အထိ ကျွန်တော်
ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ


Forward Mail လေးပါ...


--
..................
Lin Linn

မိန်းကလေးများအတွက် မိန်းမသားဆန်ဆန် လှပစေဖို့ နည်းလမ်းတချို့

မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ပိုင်ဆိုင်ထားကြတဲ့ လှပမှုပုံစံတွေကတော့ မတူကြဘူးပေါ့။ တချို့က ချစ်စရာကောင်းတဲ့ အလှမျိုး၊ တချို့က ယဉ်ကျေးသိမ်မွေ့တဲ့ အလှမျိုး၊ တချို့က ညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိတဲ့ အလှမျိုး …  စသဖြင့် မတူညီတဲ့ အလှတရားကိုယ်စီရှိနေကြပါတယ်။ ဒါပေမဲ့ မိန်းကလေးအများစုက ကိုယ့်မှာ ရှိသမျှအလှတရားကို ပေါ်လွင်အောင်၊ စတိုင်ကျအောင် မပြင်ဆင်တတ်ကြပါဘူး။ စတိုင်ကျလှပတဲ့ Celebrity တွေလို လိုက်ပြင်ဆင်နေစရာလည်း မလိုပါဘူး။

၁။ အလှဆုံး အစိတ်အပိုင်းကို ပေါ်လွင်အောင်ပြင်ပါ
တကယ်လို့ သင့်မှာ မျက်ဝန်း လှလှလေးတွေရှိတယ်ဆိုရင် မျက်ဝန်းအလှထင်ရှားအောင် ပြင်ဆင်ပါ။ ပုလဲလုံးလို ဖြူစင်တဲ့ သွားအလှရှိရင်လည်း အမြဲတမ်း ပြုံးပြုံးရယ်ရယ်လေးနေပေးပါ။

၂။ ဆံပင်ကို စတိုင်ကျအောင် ပြုပြင်ပါ
လှိုင်းရှိတဲ့ ဆံနွယ်တွေက မိန်းကလေးအများစုနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်တွေကိုတော့ အမြဲတမ်းသန့်ရှင်းနေအောင် ထားပေးပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆံပင်စတိုင်ကျနေအောင် ဖြီးလိမ်းပေးပါ။

၃။ ကျန်းမာအောင် နေပါ
ခန္ဓာကိုယ်က သွယ်လျလျရှိပေမယ့် ကျန်းမာဖျတ်လတ်နေရင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစေပါတယ်။ နေ့စဉ် ရေများများသောက်ပြီး အာဟာရရှိတဲ့ အစားအသောက်ကို ရွေးစားပါ။


၎။ အသားအရေကို စနစ်တကျ ထိန်းသိမ်းပါ
မျက်နှာကို သေချာသန့်စင်ဆေးကြောပြီး ပစ္စည်းတွေကို စနစ်တကျ အသုံးပြုပါ။ အသားအရေလှပတာဟာ မိန်းကလေးတွေကို အဆင့်အတန်းရှိရှိ ဆွဲဆောင်မှုရှိစေပါတယ်။


၅။ အမျိုးအစားကောင်းမွန်သော အတွင်းခံ အဝတ်အစားဝတ်ပါ
ဘယ်သူမှ မမြင်နိုင်ဘူးဆိုပေမယ့် အမျိုးအစားကောင်းတဲ့ အတွင်းခံအဝတ်အစားဟာ ဘယ်ဝတ်စုံပဲဝတ်ဝတ်၊ ခန္ဓာကိုယ်ကို စမတ်ကျ ကြည့်ကောင်းစေမှာပါ။


၆။ အပြင်ထွက်လျှင် ရေမွှေးဆွတ်ပါ
အပြင်ထွက်တဲ့အခါ သင်းပျံ့တဲ့ရနံ့ ရနေအောင် ရေမွှေးနည်းနည်းလောက် ဆွတ်သွားပါ။


၇။ လက်သည်း၊ ခြေသည်း သန့်စင်အောင်ထားပါ
လက်သည်းတွေကို တစ်ပတ်တစ်ကြိမ် လှီးဖြတ်ပြီး အရောင်တင်ပါ။ ခြေသည်းတွေကို နှစ်ပတ်တစ်ကြိမ် လှီးဖြတ်ကာ အရောင်တင်ပေးပါ။

၈။ ဘဝမှာ ပျော်ရွှင်သော အရာများအတွက် အချိန်ပေးပါ

အားလပ်ချိန်မှာ စိတ်ကို တကယ်ကြည်နူး ပျော်ရွှင်စေတဲ့ အရာတွေနဲ့ ကုန်ဆုံးလိုက်ပါ။ သင့်ကိုရော၊ တစ်ပါးသူကိုပါ မထိခိုက်စေဘူးဆိုရင် မသင့်တော်တဲ့ အပြုအမူဆိုတာ မရှိပါဘူး။ ကလေးတွေနဲ့ ဆော့ကစားတာက သင့်ကို ပျော်ရွှင်စေသလား၊ ကခုန်ချင်သလား၊ သီဆိုဟစ်ကြွေးပစ်ချင်တာလား။ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေလိုက်ပါ။


၉။ လူများကို ဖြူစင်စွာ ပြုံးပြပါ
ခင်မင်တဲ့လူတွေနဲ့ ဆုံတွေ့တဲ့အခါ ဖြူစင်ရှင်းသန့်ပြီး ခင်မင်တဲ့ အပြုံးမျိုးနဲ့ စိတ်ပါလက်ပါ ပြုံးပြပါ။ သင့်စိတ်ထဲကပါ တကယ်ပြုံးပျော်လာပြီး သင့်ကိုချစ်စဖွယ် မိန်းမသားတစ်ဦး ဖြစ်လာစေပါလိမ့်မယ်။


၁၀။ ယဉ်ကျေးသိမ်မွေ့ပါ
ရိုင်းပျခြင်း၊ မထီလေးစားလုပ်ခြင်း၊ အော်ဟစ်ခြင်း၊ ငြင်းခုံခြင်း စတဲ့ အပြုအမူမျိုး၊ ညစ်ပတ်တဲ့ အနေအထိုင်မျိုး၊ ဆေးလိပ်အရက် စတာတွေကိုသောက်ပြီး ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်တဲ့ပုံစံမျိုး ဘယ်သောအခါမှ မဖြစ်ပါစေနဲ့။ ဒီအပြုအမူအားလုံးဟာ သင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လှပတင့်တယ်မှုတို့ကို အနုတ်လက္ခဏာ ပြသွားစေတာကြောင့်ပါ။ အမြဲတမ်းတတ်နိုင်သမျှ ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ပြောဆိုပါ။ နန်းတော်မှပျိုမေများအားလုံး စွဲဆောင်မှုရှိတဲ့ အလှကိုယ်စီကိုပိုင်ဆိုင်နိုင်ကြပါစေ..


--
..................
Lin Linn

အမျိုးကောင်းသမီးမြန်မာမိန်းကလေးငယ်များသို့အထူးပန်ကြားချက်....

အမျိုးကောင်းမြန်မာမိန်းကလေးငယ်များခင်ဗျား-

ကျွန်တော်သတင်းတခုအထူးပန်ကြားချင်ပါတယ်၊ အွန်လိုင်းကနေရှာဖွေကာ
မြန်မာမိန်းကလေးငယ်များအားခြေတော်တင်နေကြသော အမျိုးဖျက်လူယုတ်မာနှစ်ဦးအကြောင်း
သတိပေးဖော်ပြပေးချင်ပါတယ်...သူတို့တွေရဲ့မေးလ်များ လာအင်ဗိုက်ပြီဆိုလျှင်
လက်မခံပေးကြပါရန်သတိပေးအပ်ပါသည်။ အောက်ပါဖော်ပြထားသောသူများသည်
ရန်ကုန်မြို့ရှိဟိုတယ်တခုတွင် လပေးငှားကာ
မိန်းကလေးငယ်များအားခြေတော်တင်ဖျက်ပြီး Youtube မှတဆင့်
ညစ်ညမ်းဗွီဒီယိုများအားရောင်းစားနေပါသည်။
ရှောင်ရှားကြစေလိုကာဖော်ပြပေးလိုက်ပါသည်။
ဆဲဆိုလိုသောသူများအောက်ပါနံပါတ်များကိုဆက်သွယ်နိုင်ပါသည်



(၁)ရဲလေး (အဆိုတော်ရဲလေးမဟုတ်ပါ၊
မိန်းကလေးများဆွဲဆောင်မှုရှိရန်ဖန်တီးထားသောနာမည်ဖြစ်သည်၊မွတ်ဆလင်ဘာသာကိုးကွယ်၊သို့သော်မြန်မာရုပ်ရည်ဟုထင်ရ)

ဖုန်း၀၉၄၉၃၄၈၄၅၀  leb000a@gmail.com



(၂)အောင်ဖုန်းမြင့်သူ (နာမည်အရင်းမဟုတ်ပါ၊ ရခိုင်နှင့်ရိုဟင်ဂျာ မျိုးနွယ်၊
မွတ်ဆလင်ဘာသာကိုးကွယ်၊ သို့သော်ရခိုင်ရုပ်ရည်ဟုထင်ရ)

ဖုန်း၀၉၄၉၂၃၁၉၇၆  franklampard1989@gmail.com,
aungphonemyintthu.bemp@gmail.com


လင်းရဲ့ မေးလ်ကို ရောက်လာတဲ့မေးလ်တစောင်ပါ....
အမျိုးသမီးလေးတွေ သတိထားမိစေဖို့ ပြန်ဖြန့်ပေးလိုက်ပါတယ်နော်...



--
..................
Lin Linn