Thursday, July 7, 2011

အချစ်ရေ

  အချစ်ရေ

ကမ္ဘာကိုသန္တေတည်
ရေသည်သာ ပထမ
ကမ္ဘာဦးစ ထိုရေက။။။။။။။။။

လူ၏ခန္တာ ဖွဲ့စည်းတည်ဆောက်
မရှိမဖြစ်လိုအပ် ပါသည် 
ရေသည်သာအဓိက။။။။။။။

ညစ်ပတ်ပေရေ စွန်းထင်နေလည်း
ဖြူစင်သန့်ရှင်း ဆေးကြောပေးရျွ်
ကြော့ရှင်းတောက်ပြောင် ဝင်းလက်ပြောင်သည်
အစွမ်းထက်ပေ အချစ်ရေ။။။။။။။

ဗီဇသန္တေပျော့ပြောင်းနေလည်း
မာကြောကျောက်စိုင်ခိုင်ခိုင်မြဲ
လည်း
တွန်းတိုက်ပွတ်စား တွန်းလှန်လှဲရျွ်
အောင်ပွဲင်္ခသည်
ဇွဲကြီးပါပေ အချစ်ရေ။။။။။။။။

မောပန်းနွမ်းလျှအားအင်ပြတ်ရျွ်
ပြိုလဲမတ်တတ် မူးမိုက်ဝေလည်း
ရေကြည်တပေါက် သောက်င်္သုးလန်းဆန်း
ဝမ်းမြောက်ကြည်ရွှင် ကြည်လင်စေသည်
နှင်္လုးအေးစေ အချစ်ရေ။။။။။။။။

ဒေါသလောင်မီး အားအင်ကြီးလည်း
အညွန့်ကိုချိုး အခြေကိုလှဲ
တွန်းလှန်ရဲသည်
သတ္တိရှိပေ အချစ်ရေ။။။။။။။

ဖူးတန်မှာငုင်္ အရောင်စုင်္နှင့်
ပန်းပေါင်းလန်းဆန်း ငြိမ်းချမ်းပွင့်စေ
လောင်းပက်စေသည်
မေတ္တာကြီးပေ အချစ်ရေ။။။။။။။

ငါ၏ဘဝ
ဇွဲမာန်အပြည့် ခွန်အားဖြည့်ရျွ်
ဖြူစင်သန့်ရှင်း ဝင်းလက်တောက်ပြောက်
ပြုပြင်ပြောင်းလဲ ဆေးကြောပေးရျွ်
လန်းဆန်းပျော်ရွှင် င်္ပြုးပျော်စေသည်
သိပ်ချစ်သွားပြီ............သီတာရေ။။။။။။။။။။။။။။
                                                              
                                                              ဘဇံ......

အကြင်နာနန်းတော်လေးကို အမြဲအားပေးနေကြဖြစ်တဲ့ မောင်လေး ဘဇံ ရဲ့ ကဗျာလေးပါ..
ကဗျာ ၀ါသနာရှင်များ အတွက် တဖန် တင်ပြပေးလိုက်ပါတယ်ရှင့်
မောင်လေး ဘဇံကိုလည်း ဒီကဗျာလေးပို့ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်.. နောက်ထပ်ရေးသားပေးပို့နိုင်ပါစေနော်..
ကဗျာဆောင်းပါး ၀ါသနာရှင်များကိုလည်း ဧကရီ ဖတ်ခေါ်ပါတယ်ရှင့်..