Friday, July 15, 2011

သတင်းကောင်း

Eunos MRT Stationမှ သုံးမိနစ်ခန့် လမ်းလျှောက်လျှင် မင်္ဂ၀ိလဟာရကျောင်းတိုက် (Mangala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495)သို့ရောက်ရှိသည်။ ထိုသို့ အချက်အချာကျသည့် နေရာ၌ တည်ရှိသည့် အဆိုပါကျောင်းတိုက်၌ ဗုဒ္ဓဘာသာပညာရေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။  Buddhist and Pali College of SingaporeSunday Dhamma School နှင့် Chanting Classes တို့မှာ ကျောင်းတိုက်၏ အဓိကကျသော ပညာရေးနှင့် ဘာသာရေးသင်တန်းများ ဖြစ်ကြသည်။

အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်ကြရာတွင် နေရာအခက်အခဲဖြစ်နေကြသည့် စင်ကာပူနိုင်ငံရှိ မြန်မာပရဟိတနှင့် ဘာသာရေးအသင်းအဖွဲ့များ အဆိုပါကျောင်းတိုက်၌ အပတ်စဉ်တရားပွဲများကျင်းပရန်၊ ယဉ်ကျေးလိမ်မာသင်တန်းများနှင့် အဘိဓမ္မာစသော ဓမ္မရေးရာသင်တန်းများ ဖွင့်လှစ်ရန် တံခါးဖွင့်လိုက်ပြီ ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်စိတ္တရက အသင်းအဖွဲ့များအား ဖိတ်ခေါ်အသိပေးလိုက်သည်။

သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းများ၊ ခန်းမများ ပြည့်ပြည့်စုံ ရှိနေသည့် အဆိုပါကျောင်းတိုက်၌ တရားပွဲများ သင်တန်းများ ပြုလုပ်ကြမည့် စင်္ကာပူရောက် မြန်မာများ အနေဖြင့် ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲ ကင်းရှင်းရန် လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်မှု စည်းကမ်းသေ၀ပ်မှု အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်နားလည်မှုများ လိုအပ်ကြောင်း၊ အခြားအကြောင်းအချက်များ အထွေအထူး မလိုအပ်လှကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။


ဆရာတော်၏ စိတ်ကူးနှင့် စေတနာတို့ အကောင်အထည် ပေါ်လာရေးအတွက် ကျောင်းတိုက်၏ Management Committee ၀င်များနှင့် ဒကာဒကာမများကလည်း အလေးအနက် ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Related:
http://dhammaganga.blogspot.com/2011/07/blog-post_14.html

ဝါဆိုလနှင့် ၀ါဆိုသင်္ကန်းကပ်ရခြင်း..

51.JPG

ဘုန်းဘုန်း အရှင်အာစာရ ဘုရား..
တပည့်တော်တို့ ဧကရာဇ်နဲ့ ဧကရီ အမှူးပြုပြီး အကြင်နာနန်းတော်လာ မိတ်ဆွေသင်္ဂဟအားလုံးက ရိုသေလေးမြတ်စွာ
ထိခြင်းငါးဖြာနှင့် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူတော် မြတ်များအားလည်းကောင်း  ဘုန်းဘုန်းအရှင်အာစာရ အားလည်းကောင်း  ဒီအကြင်နာနန်းတော်လေးကို အလည်အပတ် ရောက်လာတတ်သော သံဃာတော်များအားလည်းကောင်း  ဒီကနေ့ ၀ါဆိုလပြည့်နေ မင်္ဂလာ အခါကြီးရက်ကြီး မှာ  တပည့်တော်တို့
အကြင်နန်းတော်ဝပ်ဆိုက်ဒ်လေးကနေ  မွန်မြတ်သော စေတနာဖြင့် အွန်လိုင်း ၀ါဆိုသင်္ကန်းတော်များ
ကို ကပ်လှူပူဇော်အပ်ပါတယ်ဘုရား..

ထိုအလှူနဲ့ စပ်လျှဉ်းပြီး တပည့်တော် မသိသေးတဲ့ ၀ါဆိုလ အကြောင်းနဲ့ ၀ါဆိုသင်္ကန်း ကပ်လှူရခြင်း သံဃာတော်များ ၀ါဆိုရခြင်း အကြောင်းကို ဘုန်းဘုန်းအရှင်အာစာရ အား ရိုသေစွာလျှောက်ထား ရင်း
တရား ဓမ္မ လေးချီးမြင့် ပေးသနားတော်မူပါရန်
ရိုသေလေးစားစွာဖြင့် လျှောက်ထားအပ်ပါတယ် အရှင်ဘုရား။
ဧကရာဇ် ဧကရီ (အကြင်နာနန်းတော်)