Monday, August 1, 2011
မြင်းဆရာကို ဆုံးမခြင်း
“ကေသိသုတ်”
ကေသိဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော် (စတုက္ကနိပါတ်)
----------------------------------------
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် “ကေသိ”မည်သော မြင်းဆရာကြီးထံသို့ ကြွတော်မူ၍ တရားဟောတော်မူ၏။
မြတ်စွာဘုရား ။  ။    “ကေသိ သင်ဟာ ကျော်ကြားတဲ့ မြင်းဆရာကြီးပဲ။ မြင်းတွေကို ဘယ်လို ဆုံးမသလဲ။”
ကေသိ ။  ။         “အရှင်ဘုရား . . . မြင်းရိုင်းကို အနုနည်းနဲ့လည်း ဆုံးမပါတယ်။ အကြမ်းနည်းနဲ့လည်း ဆုံးမပါတယ်။ အနု အကြမ်း နည်းနှစ်မျိုး ရောပြီးတော့လည်း ဆုံးမပါတယ် ဘုရား။”
မြတ်စွာဘုရား ။  ။    “ကေသိ . . . တကယ်လို့ မြင်းရိုင်းကို ဘယ်လိုနည်းနဲ့မှ ဆုံးမလို့ မရဘူးဆိုရင် အဲဒီမြင်းကို ဘယ်လိုလုပ်သလဲ။”
ကေသိ ။  ။         “အရှင်ဘုရား . . . ဆုံးမလို့ မရတဲ့ မြင်းရိုင်းကို သတ်ပစ်လိုက်ပါတယ် ဘုရား။ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်တို့ မြင်းဆရာ မျိုးရိုးစဉ်ဆက် နာမည် မပျက်အောင်လို့ပါ ဘုရား။
                        အရှင်ဘုရား . . . အရှင်ဘုရားဟာ လူနတ်ဗြဟ္မာ သတ္တ၀ါတွေကို ဆုံးမတဲ့ နေရာမှာ အတုမရှိသူပါ ဘုရား။ ဆုံးမသင့်တဲ့သူကို ဆုံးမပြီဆိုရင် အရှင်ဘုရား ဘယ်လို ဆုံးမပါသလဲ ဘုရား။”
မြတ်စွာဘုရား ။  ။    “ကေသိ . . . ငါလည်း အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းရောတဲ့နည်းတွေနဲ့ပဲ ဆုံးမပါတယ်။
                        ကာယသုစရိုက်ကို ဟောတယ်။ ကာယသုစရိုက်ရဲ့ အကျိုးကို ဟောတယ်။
                        မနောသုစရိုက်ကို ဟောတယ်။ မနောသုစရိုက်ရဲ့ အကျိုးကို ဟောတယ်။
                        လူ့ရွာနတ်ထံအကြောင်း ဟောတယ်။
                        ဒါက အနုနည်းနဲ့ ဆုံးမတာပဲ။
                        ကာယဒုစရိုက်ကို ဟောတယ်။ ကာယဒုစရိုက်ရဲ့ အကျိုးကို ဟောတယ်။
                        မနောဒုစရိုက်ကို ဟောတယ်။ မနောဒုစရိုက်ရဲ့ အကျိုးကို ဟောတယ်။
                        ငရဲ တိရစ္ဆာန် ပြိတ္တာအကြောင်း ဟောတယ်။
                        ဒါက အကြမ်းနည်းနဲ့ ဆုံးမတာပဲ။
                        သုစရိုက်၊ ဒုစရိုက်တွေကို ဟောတယ်။ သုစရိုက်၊ ဒုစရိုက်တို့ရဲ့ အကျိုးဖြစ်တဲ့ လူ့ရွာနတ်ထံအကြောင်း နဲ့ ငရဲ တိရစ္ဆာန် ပြိတ္တာအကြောင်း ဟောတယ်။
                        ဒါက အနုအကြမ်း နည်းနှစ်မျိုးနဲ့ ဆုံးမတာပဲ။”
ကေသိ ။  ။         “အရှင်ဘုရား . . . သုံးနည်းလုံးနဲ့ ဆုံးမလို့ မရတဲ့သူကို ဘယ်လိုလုပ်ပါသလဲ ဘုရား။”
မြတ်စွာဘုရား ။  ။    “ကေသိ . . . ငါလည်း ဘယ်နည်းနဲ့မှ ဆုံးမလို့ မရတဲ့သူကို သတ်ပစ်လိုက်တာပဲ။”
ကေသိ ။  ။         “အရှင်ဘုရား . . . ဘုရားဆိုတာ သူတစ်ပါးအသက်ကို မကောင်းဘူး မဟုတ်လား ဘုရား။”
မြတ်စွာဘုရား ။  ။    “မှန်တယ် . . . ကေသိ။ မသတ်ကောင်းဘူး။ တကယ်တော့ . . . ငါက နည်းသုံးနည်းနဲ့ ဆုံးမလို့ မရတဲ့သူကို ဆုံးမထိုက်သူလို့ မသတ်မှတ်တော့ဘူး။ ငါတင်မကဘူး အသိဉာဏ်ရှိတဲ့ သီတင်းသုံးဖော် မိတ်ဆွေတွေကလည်း အဲဒီလို ပုဂ္ဂိုလ်ကို ဆုံးမထိုက်သူလို့ မသတ်မှတ်ကြတော့ဘူး။ အဲဒီလို အသိအမှတ် မပြုဘဲ ထားလိုက်တာကို သတ်ပစ်လိုက်တယ် ခေါ်တာပဲ”
ကေသိ ။  ။           “မြတ်စွာဘုရားနဲ့ ပညာရှိတဲ့ သီတင်းသုံးဖော် မိတ်ဆွေတွေက အဲဒီလို အသိအမှတ် မပြုဘဲ ထားလိုက်တာဟာ အပြစ်ကင်းတဲ့ သတ်ပစ်နည်းပါပဲ အရှင်ဘုရား . . .။ အရှင်ဘုရားရဲ့ တရားတော်ဟာ တကယ့်ကို နှစ်သက်စရာ ကောင်းလှပါတယ် ဘုရား . . .။
                        အရှင်ဘုရား . . . ဒီနေ့ကစပြီး တပည့်တော်ရဲ့ တစ်သက်တာလုံး ရတနာသုံးပါးကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါတယ် ဘုရား . . .။”
စာနာတတ်သူမို့
kyaw zin: အစ်မရေ ကျွန်တော် ကိုမိုး ဆိုထားတဲ့ ခေါင်းစဉ်တော့မေ့နေတယ် စာသားတော့နည်းနည်းရတယ်။"ကြမ်းတမ်းတဲ့ကိုယ့်လက်လေးကို အသာတွဲလို့... အေးမြတဲ့မင်းအပြုံးလေးကို ရွှေချသိမ်းထားချင်တယ်"ဆိုတဲ့သီချင်းလိုချင်လို့ပါ။အရမ်းကြိုက်လို့ပါ အဲ့သီချင်းလေးကို ။ကျေးဇူးတင်ပါတယ်နော်။လေးစားလျှက်
ဧကရာဇ် :ကိုကျော်ဇင် တောင်းထားတဲ့ သီချင်းလေးတင်ပေးလိုက်ပါတယ်။သီချင်းနာမည်က စာနာတတ်သူမို့ပါ။
♥ ♥ ♥
နွေးထွေးတဲ့အပြုံးလေးများနဲ့  ရင်ထဲက သောကများဝေးလွင့်သွားအောင် ဖယ်ရှားပေးတယ်..
နူးညံ့တဲ့မင်းလေးအပြုံးကို ရွှေချသိမ်းထားချင်တယ်..
ကြမ်းတမ်းတဲ့ကိုယ့်ရဲ့လက်ကိုအတူတွဲလို့  ခြောက်သွေ့ တဲ့ကိုယ့်ဘ၀ထဲကို ၀င်လာရဲတဲ့
အကြင်နာတွေအတွက် ကျေးဇူးပါပဲကွယ်..
အေးချမ်းတဲ့အားပေးစကားတွေ ရင်ထဲအရောက် နှလုံးသားထဲ စီးဆင်းသွားအောင် ချိုလွန်းလို့ ကွယ်
ပြောတတ်တဲ့ နှုတ်ခမ်းပါးလေးကို ရွှေချသိမ်းထားချင်တယ်..
အခက်အခဲနဲ့ အတားအဆီးများကို ကျော်ဖြတ်ဖို့  စွမ်းအားတို့ ဖြည့်လို့ ပေးတဲ့ အချစ်ဆုံးလေး
စေတနာတွေအတွက် ကျေးဇူးပါပဲကွယ်
ကျေးဇူးပဲ အချစ်ရယ် ကျေးဇူးပဲ..
မင်းလေး မင်းလေးရဲ့ မေတ္တာတွေ တို့  ရင်ထဲမှာ အေးလိုက်နွေးလိုက်နဲ့ 
အချစ်လေးရေ ဆွေးရအောင်တော့ ဝေးဖို့  မစဉ်းစားပါနဲ့ ..
အမြဲတမ်းပဲ မင်းရဲ့အနားမှာ အရိပ်လေးအဖြစ် စောင့်ရှောက်ခွင့်ပြုတော့ အချစ်ရေ တစ်သက်လုံးပေါ့
်ကိုယ့်ဘ၀နဲ့  ကိုယ့်ရဲ့အချစ်ကို သိပ်ပြီး သိတတ်သူမို့ .
တို့ ရဲ့ နှလုံးသားထဲက လမင်းလေးလို အလင်းတမ်းများပေးလို့  ကိုယ့်ကို စာနာလွန်းတဲ့
ကြင်နာသူရယ် ကျေးဇူးပါပဲကွယ်...
♥ ♥ ♥
http://www.mediafire.com/?63uxzuu82curyft
http://ifile.it/nmwdeak/komhoo.rar
http://www.zshare.net/download/932053982dce76db/
http://www.ziddu.com/download/15894951/komhoo.rar.html
http://www.mirrorcreator.com/files/SQ7EDEMN/