ဦးနုပြောသော စကားတခွန်းဆိုတဲ့ ကာမတဏှာ ဝတ္ထုမှ စားသားတစ်ချို့ ကို ဧကရီ facebook
မှာ ဖတ်လိုက်ရလို့ နန်းတော်လာတဲ့သူတွေလည်းဖတ်ရအောင်တင်ပေးလိုက်ပါတယ်ရှင့်။
ပိုက်ဆံကို ထမင်းတလုတ်မှန်မှန် စားသွားနိုင်အောင်ရှာ၊ သူ့ ကိုရှာရတာချည်းနဲ့ ပဲအချိန်ကုန်
မသွားပါစေနဲ့ ။ နေ့ စဉ်လုပ်နေကျ ကုသိုလ်ဝတ်ကိုတော့မပျက်ရအောင်နေ့ စဉ်ဆောင်ရွက်သွား
ရမယ်။
ရုပ်ဝတ္ထုလွမ်းမိုးသော ခေတ်မှာ လူသားအားလုံး ခေတ်မီမီ အသုံးဆောင် သူထက်ငါသုံးစွဲနိုင်ဖို့ 
မော်နိုင်ကြွားနိုင်ဖို့ မမောနိုင် မပန်းနိုင်ပိုက်ဆံရှာနေကြသည်။ ပင်ပန်းသည်ဟုစိတ်ဝယ်မထင်။
အလိုမပြည့်နိုင်သော အလိုများကိုတခုပြီးတခုဖြည့်ဆည်းနေကြသည်ဟုပြောလျှင်မည်သူငြင်း မည်နည်း။
လူသား၏ စိတ်အလိုသည် ဘယ်တော့မှပြည့်နိုင်မည်မဟုတ်ဟု မြတ်ဗုဒ္ဓကိုယ်တိုင်ပင်
ဟောကြားခဲ့ပြီးဖြစ်သည်။ လူ့ အလိုနတ်မလိုက်နိုင်…စကားပုံပင်တွင်ခဲ့သည်မဟုတ်လော။
ကျန်ုပ်တိုင်တိုင်ပင် အလိုဆန္ဒမပြည့်နိုင်သော ဆန္ဒများကိုဖြည့်ချင်နေမိသည်။ နောက်ဆုံးပေါ်
ဘာပစ္စည်းဖြင့်ပေါ်လာပြီးဟု သတင်းဖတ်လိုက်ရ သိလိုက်ရလျှင်လိုချင်မိ၊ အသုံးပြုချင်မိသည်။
ဝယ်ချင်မိသည်။ နောက်ထပ် ဒီထက်ကောင်းသည်ဟုထင်ရသောအရာများပေါ်လာတိုင်း
မိမိ တို့ အားလုံးလိုချင်ကြသည်။ လိုချင်မူသည် ရှာဖွေခြင်းဒုက္ခကိုဖြစ်စေသည်။
ပရိယေသနဒုက္ခသည် လိုချင်မူလောဘကြောင့်ဖြစ်ရသည်။ ရှာဖွေ၍ရလာသောပစ္စည်းကို
ထိန်းသိမ်းစောင့်ရှောက်ခြင်း ဒုက္ခထပ်၍ ပေါ်လာပြန်သည်။ ထိန်းသိမ်းနေရင်းမှ မိမိပစ္စည်း
ပျောက်ရှ ပျက်စီးသွားလျှင် ထပ်ကာပင်စိတ်၏ ပင်ပန်းခြင်း၊ ၀မ်းနည်းခြင်း၊ နှမြောတသဖြစ်
ခြင်း သောက၊ ပရိဒ၀၊ ဥပါယာသဒုက္ခများ တသီတတန်းကြီးပေါ်လာပေသည်။ ဘယ်လိုပင်
ခေတ်မီသောနည်းပညာဖြင့် တီထွင်ဖန်တီထားစေကာမူ ထိုနောက်ဆုံးပေါ် ရုပ်ဝတ္ထုမှန်သမျှ
သည်၊မိမိတို့ မနားမနေရှာဖွေကာ ငါသာလျှင် သုံးစွဲနိုင်သည်ဟုထင်ရသော ရုပ်ဝတ္ထုမှန်သမျှ
သည် ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ န္တိ- ဖြစ်ပေါ်လာသော သက်ရှိသက်မဲ့မှန်သမျှ
သည် ချုပ်ပျောက်ခြင်းသဘောတရားသာဖြစ်သည်။ သဗ္ဗေ၀ နိက္ခိပိဿန္တိ၊ ဘူတာ လောကေ
သမုဿယံ- လောက၌ ဖြစ်ပေါ်လာ သော ရုပ်နာမ်မှန်သမျှ စွန့် ပစ်ခဲ့ရချည်းသာတည်း။
အနိစ္စာ ၀တ သင်္ခါရာ၊ ဥပ္ပါဒါဝယဓမ္မိနော- ပြုပြင်၍ရကောင်းသော
သက်ရှိသက်မဲ့ ဒြပ်မှန်သမျှသည်၊ ဖြစ်ပေါ်လာခြင်း၊ ပျက်စီးသွားခြင်း
သဘောရှိခြင်းကြောင့် မတည်မြဲခြင်းသဘောရှိကုန်၏။
ဥပ္ပဇ္ဇတွာ နိရုဇ္ဈန္တိ-ဖြစ်ပေါ်ပြီး ချုပ်ပျက်ခြင်းသို့ သာရောက်ရှိကုန်၏ ဟုမြတ်ဗုဒ္ဒဟောထားတော် မူသောကြောင့်
ပြုပြင်ဖန်တီးထားသော သင်္ခါရသဘောနယ် ပျက်စီးခြင်းသို့ သာရောက်ကြရှာလေသည်။ ထိုသို့ သောအကြောင်း
အရာကိုမြင်၍ပင် ဖြစ်မည် ပိုက်ဆံကိုထမင်းတစ်လုပ်မှန်မှန်စားနိုင်ရုံသာရှာပါ။
ပိုက်ဆံကိုရှာရတာချည်းနှင့် အချိန်မကုန်သွားပါစေနဲ့ နေ့ စဉ်မိမိလုပ်နေကြကုသိုလ်ဝတ် ကိုပုံမှန်ပြုလုပ်ရန်"
ဟုတိုက်တွန်းခြင်းဖြစ်ပေမည်။
"လက်တွေ့ ကျင့် သုံးနိုင်ကြပါစေ" သီတဂူ စန်းလ ပမာ ချမ်းမြသာယာရှိပါစေ။
.