Monday, August 22, 2011

Free CD DVD Burner

Operating System: Windows 7/Vista/XP/2000

File Size: 2.8 MB

License: Freeware

System Requirements:

CPU: Intel® Pentium® 4 (2GHz) or AMD AthlonTM XP 2800+ (2.2GHz); RAM: 512MB

ပေါက်ကွဲမိခြင်း 2


ဖြစ်သင့်ပါသလား လောကကြီးရယ်...
မိမိချစ်ခြင်းအတွက်  မိမိနာကျဉ်ရမယ်
သူတစ်ပါး မနှစ်လိုမှုအတွက် ပေးအပ်ရမယ်
ချစ်ခြင်းမူးယစ်နေသူ 2 ယောက်မှာ 
သာယာပျော်ရွှင် နေကြတယ်လေ...
အဲ့ဒီ ချစ်ခြင်းကို မြင်နိုင် သိနိုင် ခံစားနိုင်စွမ်း
မရှိတဲ့ လူတစ်ချို့ရဲ့ ဆန္ဒတွက် စွန်လွှတ်ရမယ်တဲ့လား...
ကျေးဇူးပြု၍ အနည်းငယ်လေးမျှ မြင်ပေး သိပေးကြပါလား
ချစ်ခြင်းနစ်မွန်းနေသူ တွေ ရဲ့ နောက်ဆုတ်အရှူံးပေးမှုကိုတောင်
မမြင်နိုင် မရှူ့နိုင် ဖြစ်နေကြသူတွေကို အရှူံးပေးသင့်လား...
တကယ်ဆို ဘယ်အရာမှ မမှုတမ်း  ချစ်သူလက်ဆွဲ
ရင်ကော့ပြီး ချစ်ခရီးထွက်လိုက်ချင်တာပါ
အရာရာကိုကျော်ဖြတ်ဖို့လည်း မာန်အပြည့်ရှိပါတယ်...
မိသားစုနဲ့ လွန်ဆွဲနေရမဲ့ ချစ်သူရဲ့ စိတ်ဒုက္ခကို မကြည့်ရက်လို့ပါ
ဘာကြောင့် လိုအပ်တာထက်ပိုတဲ့ အဟန့်တွေကြုံရတာလည်း
ထားခဲ့ပါချစ်သူ ... ဆက်လက်အရှူံးပေးနေလိုက်ပါ
ကျေနပ်မှုတွေဟာ ချစ်သူအတွက်ပါ
လက်လျှော့ နောက်ဆုတ်ခဲ့တာ ချစ်သူအတွက်ပါ
ဒါပေမဲ့လည်းချစ်သူ...
ကျေးဇူးပြု၍ မှတ်ထားပေးပါ...
ပိုင်ဆိုင်သူ မရှိတဲ့ဘ၀ထဲက ချစ်သူအတွက်
သိပ်ချစ်တယ်ဆိုတဲ့ နှလုံးသားနဲ့အတူ အမြဲ အသင့်ရှိနေပါမယ်...
ချစ်သူတစ်ယောက် သာယာသောဘ၀လေးတစ်ခုသို့
လျှောက်လှမ်းနိုင်ပါစေ...







ပေါက်ကွဲမိခြင်း 1


ကဗျာလေးတွေလည်း မဖွဲ့ထုံးတတ်ပါ
ကာရံလေးများနဲ့လဲ မပြင်ဆင်ဝံ့ပါ
ရင်ထဲမှာလည်း ၀ှက်ထားနိုင်စွမ်းမရှိတော့ပါ
 မ ဆိုသောချစ်သူနဲ့  ငြိသွားတဲ့နှလုံးသားလေးတစ်ခုက
 ခံစားချက်လေးတွေတစ်ချို့ဟာ ခုဆိုရင်
Web စာမျက်နှာပေါ်ထိ ဖိတ်စင်လာခဲ့ရပြီ...
ဒီစာလုံးလေးတွေက ခံစားနေရတဲ့
ဝေနာတွေမဟုတ်တာသေချာပါတယ်...
နှလုံးသားထဲကဝေဒနာရဲ့ တံလျှပ်မျှသာပါ မ...
ဒါတွေကို မ တစ်ယောက် မတွေ့ မသိ မကြည့်တော့ဘူးမလား  မ...
အဓိပ္ပါယ် ရှိလွန်းလှတဲ့ မ နဲ့ချစ်သူဖြစ်ခွင့်ရချိန်လေးတွေကို
ဒီချိန်မှာ ဘာနဲ့မှ အစားမထိုးနိုင်တော့ဘူးမရယ်...
အဲ့ဒီချိန်လေးတွေကို ဘယ်သမိုင်းထဲက စုံတွဲနဲ့မှ မယှဉ်လိုဘူး
ဘယ်သူ့ချစ်ခြင်းနဲ့မှမတိုင်းတာလိုဘူး...

တကယ်ဆို ဒီဇာတ်လမ်းမျိုးလေးတွေကို ရုပ်ရှင်တွေ 
စာအုပ်တွေမှာပဲ သိခဲ့ဖူးတာပါ...
ခုလို ရင်နင့်ဖွယ်ဇာတ်လမ်းတစ်ပုဒ်ကို 
ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရဖို့ အိပ်မမက်ခဲ့ဖူးပါ...
ရင်နင့်စွာနဲ့ ခံယူရင်း ရပ်တံ့ပါမယ် မ...
လောကကြီးနဲ့ လူအများစုရဲ့ သတ်မှတ်ချက်တွေကို
သမီးလိမ္မာ . လေး  မ  တစ်ယောက်ရဲ့
လုပ်ရပ်တွေက တန်ဖိုးရှိ လှပလွန်းပါတယ်...
မ ရဲ့လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ
ဂုဏ်ယူစွာနဲ့ ထာဝရလေးစားနေပါမယ်...
မရဲ့ ရင်တွင်းရည်မှန်းချက်ကို မမြင်နိုင်ဘဲ
မ  အပေါ်ပစ်တင်ဝေဖန်သူအချို့ကိုလည်း
သိစေချင်လိုက်တာ မ ရယ်...
သူတို့လေးတွေတွက် မ ရွေးချယ်ဆုံးဖြတ်ပြီးသားဆိုတာလေးကိုပေါ့...
မ ရဲ့မြင့်မြတ်တဲ့စိတ်သဘောထား အပေါ်မှာ မ ဘ၀လေး
ထာဝရ အေးချမ်းသာယာပါစေနော်...


ဒီလူအတွက်လည်း အရာရာမေ့ခဲ့နိုင်ပါစေ မ...
မ ပြောဖူးတဲ့  ပြန်လည်တွေ့ဆုံမှုမျိုးလေး ရရှိခဲ့ရင်
မ တစ်ယောက် ပျော်နေချိန်လေးဖြစ်ပါစေနော်...