Monday, August 29, 2011

ဓမ္မတာ လာချိန်တွင် ခံစားရသော ဝေဒနာများကို လွယ်ကူစွာ ဖြေရှင်းနည်း

မိန်းကလေးတွေဟာ သဘာဝ တရား အရ ရာသီစက်ဝန်းကို လစဉ် ကြုံတွေ့ ခံစား ရပါတယ်။
တချို့ မိန်းကလေးတွေက ထူးထူးခြားခြား ခံစားမှုတွေ မဖြစ်ပေါ်တတ် ပေမယ့်
တချို့ မိန်းကလေးတွေ ကတော့ လစဉ် လတိုင်း နာကျင် ကိုက်ခဲတာ အပြင် တခြား
လက္ခဏာရပ် များစွာကိုလည်း ရင်ဆိုင်ရ ပါတယ်။ တချို့ဆို အလုပ်ပျက်၊
ကျောင်းပျက် ရတဲ့ အထိ ဆိုးရွားစွာ ခံစားရတာလည်း ရှိပါတယ်။ အခု ပြောပြမယ့်
အချက်တွေက သင့်အနေနဲ့ ပြုလုပ်ရ လွယ်ကူပါတယ်။ ဓမ္မတာ လာချိန်မှာ
ခန္ဓာကိုယ်တွင်း ရှိဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တဓာတ်တွေကို ဖြည့်စွက်
သောက်သုံး ပေးရုံပါ။ ဓမ္မတာ လာတဲ့ အခါ သင့်မှာ ဖြစ်တတ်တဲ့ လက္ခဏာရပ်တွေ
အတွက် ဘာ လိုအပ်လဲ ဆိုတာ သိရှိပြီး ဆောင်ရွက် နိုင်ဖို့ ရေးသားလိုက်
ပါတယ်။
ဓမ္မတာ မလာမီ ကိုက်ခဲခြင်း
မိန်းကလေး အများစုဟာ ဓမ္မတာ မလာမီ နာကျင် ကိုက်ခဲတာတွေကို ခံစားတတ်
ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ်တော်သီး ပုံသဏ္ဌာန် သားအိမ်က သန္ဓေသားလေး
နေထိုင်ဖို့ အတွက် အိမ်သဖွယ် သဘာဝတရားက ဖန်တီးပေးထား ပါတယ်။ သားအိမ်က
ကျုံ့ညှစ်တဲ့ အခါ သွေးကြောတွေကို ဖိမိ တာကြောင့် အောက်ဆီဂျင်
ထောက်ပံ့မှုကို လျော့နည်းစေပါတယ်။ သားအိမ် ကြွက်သားတွေ အောက်ဆီဂျင်အရ
နည်းတာကြောင့် နာကျင်မှု ဖြစ်လာရတာပါ။ တချို့ မိန်းကလေးတွေက နာကျင်မှု
မသိသာ တက်ပေမယ့် တချို့ကတော့ မခံမရပ် နိုင်အောင် အလွန်အမင်း နာကျင်တတ်
ပါတယ်။ နာကျင်မှုတွေ လျော့ပါး စေဖို့ ဓမ္မတာ မလာခင်မှာ ဇင့်၊ ကယ်လ်စီယမ်၊
ဗီတာမင်ဘီ အုပ်စု၊ အထူးသဖြင့် လိုအပ်တာ ကတော့ ဗီတာမင် ဘီစစ်ပါ။
စိတ်ရှုပ်ထွေးခြင်း
ဓမ္မတာ လာနေချိန်မှာ သင်ဟာ စိတ်ဆိုး စိတ်တိုတာ၊ ဆတ်ဆတ်ထိ မခံ ဖြစ်တာ၊
စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်ထွေး နေတာတွေ ဖြစ်တတ် ပါတယ်။ ဒီလို ဖြစ်တာကို
လျော့နည်း စေဖို့ ဗီတာမင် ဘီစစ်၊ ဗီတာမင် အီးတွေ သောက်သုံး ပေးပါ။
ဓမ္မတာ မမှန်ခြင်း
ဓမ္မတာ မမှန်တာ၊ ပုံမှန် လာချိန်ထက် နောက်ကျပြီးမှ ဓမ္မတာ လာတာတွေဟာ သင့်
ခန္ဓာကိုယ်မှာ ဟော်မုန်း မညီမျှတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှု များတာနဲ့
ခန္ဓာကိုယ် အလေးချိန်တွေ နဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင် ဘီစစ် နဲ့ ဇင့်
ဓာတ် လျော့နည်းပါက ဓမ္မတာ မမှန်တာ၊ နောက်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ သင့်
သွေးတွင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မျှတအောင် ဖြည့်စွက် မှီဝဲပေးဖို့
လိုပါတယ်။
အာရုံ စူးစိုက် မရခြင်း
ဓမ္မတာ လာချိန်မှာ ဟော်မုန်း ပြောင်းလဲမှုတွေက ခဏတာ ဖြစ်တယ် ဆိုပေမယ့်
သင်ရဲ့ အာရုံကြော စနစ်ကို သက်ရောက်မှု ရှိစေပါတယ်။ ဓမ္မတာ လာချိန်မှာ
ဗီတာမင် ဘီအုပ်စု နဲ့ မဂ္ဂနီစီယမ်က သင့် အာရုံကြော စနစ်ကို ကောင်းမွန်
နေအောင် ထိန်းသိမ်းပေး ပါတယ်။
သွေးဆင်းများခြင်း
မိန်းကလေး တချို့က ဓမ္မတာ သွေးဆင်းတာ များတတ်ကြ ပါတယ်။ ဒါကြောင့်
နွမ်းလျတာ၊ ချာချာလည် မူးတာ၊ ဓမ္မတာသွေး နဲ့ အတူ သံဓာတ်တွေ
ပါသွားတာကြောင့် ဖျော့တော့ တာတွေ ဖြစ်တတ် ပါတယ်။ ဓမ္မတာ သွေးဆင်းများတဲ့
မိန်းကလေးတွေ အနေနဲ့ သံဓာတ် ပြန်ဖြည့်ဖို့ လိုအပ် ပါတယ်။ ခန္ဓာကိုယ်က
သံဓာတ်ကို စုပ်ယူမှု ကောင်းအောင် ဗီတာမင်စီပါ ဖြည့်စွက် သောက်သုံးဖို့
လိုပါတယ်။
ဝက်ခြံ
ဓမ္မတာ မလာခင် အချိန်မှာ မိန်းကလေး အများစုက ၀က်ခြံ ထွက်တတ်ကြ ပါတယ်။ သင့်
မျက်နှာကို သန့်စင်အောင် ထားပါ။ ဓာတ်တိုး ဆန့်ကျင် အာနိသင် ရှိတဲ့
ဗီတာမင် အေ၊ စီ နဲ့ အီးတွေကို ဖြည့်စွက် သောက်သုံးပါ။
--
..................
Lin Linn

ကခုန်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး ၅ ရပ်

၁) ကခုန်တာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို ဆွဲဆန့်မှု
ဖြစ်စေပြီး ပျော့ပျောင်း သန်စွမ်းမှု ရှိစေပါတယ်။
၂) ကခုန်တာကြောင့် နှလုံးသွေးကြော စနစ်ကို ကောင်းမွန် တိုးတက် စေပါတယ်။
အက နည်းစနစ်နဲ့ ကတဲ့ အချိန် အတိုင်းအတာပေါ် မူတည်ပြီး ခန္ဓာကိုယ်
တစ်ခုလုံးရဲ့ နှလုံး သွေးကြောစနစ်ကို အလုပ် လုပ်စေတာကြောင့် နှလုံးကို
ကျန်းမာ စေပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ တေးဂီတ သံစဉ်တွေ ပေါင်းစပ်
လှုပ်ရှား ရတာကြောင့် စိတ် ပျော်ရွှင်မှုကို ရရှိစေပါတယ်။
၃) ကခုန်တာကြောင့် ကြွက်သား ထုထည်ကို တိုးစေပါတယ်။ ကခုန်တာက ကြွက်သား
လှုပ်ရှားမှုကို ထပ်ခါ ထပ်ခါ လုပ်ဆောင် ရတာကြောင့် အသုံးပြုဖြစ်တဲ့
ကြွက်သားတွေရဲ့ ထုထည်က တိုးလာပါတယ်။
၎) ကခုန်တာကြောင့် ကိုယ် အလေးချိန်ကို လျော့ကျစေ ပါတယ်။ ခန္ဓာကိုယ်
တစ်ခုလုံးကို လှုပ်ရှားမှု လုပ်ရတာကြောင့် ကတဲ့ အခါမှာ နှလုံးခုန်နှုန်း
တိုးမြင့်စေပြီး အဆီတွေကို လောင်ကျွမ်း စေနိုင်ပါတယ်။ ကခုန်တာက ရေကူးတာ၊
စက်ဘီး စီးတာ နဲ့ လမ်းလျှောက်တာ တွေလိုပဲ ကယ်လိုရီကို လျော့ကျစေ ပါတယ်။
၅) ကခုန်တာက အရိုးတွေကို သန်စွမ်းစေ ပါတယ်။ တင်ပဆုံရိုး၊ ပေါင်ရိုး နဲ့
ကျောရိုးတွေကို သန်စွမ်း စေကာ အရိုး သိပ်သည်းဆ အားကောင်း စေတာကြောင့်
အရိုးပါး ရောဂါ ဖြစ်နှုန်းကို လျော့ကျစေ ပါတယ်။
http://swesonemedia.org/index.php?id=1041
--
..................
Lin Linn

ကိုယ်ဝန်ဆောင် မိခင်ကို မပြောသင့်သော စကားများ

ဖခင်လောင်းတွေအတွက်ရော ၊ အနီးပတ်ဝန်းကျင်က လူတွေအတွက်ပါ လိုက်နာသင့်တယ်
ထင်လို့ ဒါလေးကို တင်ပေးလိုက်ပါတယ်နော်....
အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန် ဆောင်နေ ရချိန်မှာ သာမန် အချိန်မှာထက်
အများကြီး ပင်ပန်း နေတတ် ပါတယ်။ မွေးလာမယ့် ရင်သွေးလေး အတွက် ရင်ခုန်
စိတ်လှုပ်ရှား နေရပေမယ့် တစ်ခါတစ်ရံ စိတ်သွားတိုင်း ကိုယ် မပါတာကြောင့်
စိတ်ဓာတ် ကျတာမျိုးလည်း ဖြစ်ရတတ် ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်
မိခင်တစ်ဦး နဲ့ တွေ့ချိန်မှာ သူ့ စိတ်ကို ပိုမို မသက်မသာ ဖြစ်ရစေမယ့်
စကားမျိုး မပြောမိ စေဖို့ ရှောင်သင့်တဲ့ စကားတွေကို ရေးသား လိုက်ရပါတယ်။
(၁) နင့်ကို ကြည့်ရတာ ပေါက်ကွဲ တော့မယ့် အတိုင်းပဲ။

အဓိပ္ပာယ် - နင့် ပုံစံက ပင်လယ် ကမ်းခြေက ဝေလငါး နဲ့ တူလိုက်တာ။ ကိုယ်ဝန်
ဆောင်ချိန်မှာ ဟော်မုန်းတွေက မြင့်တက် လာတာကြောင့် ဗိုက်ဖုံး အင်္ကျီတွေနဲ့
မတော်တော့ တာမျိုး ဖြစ်နေတတ် ပါတယ်။ ဒါပေမဲ့ ဒီလို မပြောသင့် ပါဘူး။
ကိုယ်ဝန်ဆောင် မိခင် အနေ နဲ့ အဆမတန် ၀ဖြိုးနေတယ် လို့ ထင်ပြီး စိတ်ညစ်
ရစေတဲ့ စကားပါ။
(၂) အမြွှာ မွေးမှာလား၊ နင်တော့ အလုပ်တွေ ရှုပ်ပြီး ဒုက္ခ များတော့ မှာပဲ။
အဓိပ္ပာယ် - နင့် ကလေးတွေက ငိုတော့မယ်၊ နို့ဆာလို့ ဂျီကျတော့မယ်၊ ဒီတော့
ကလေး နှစ်ယောက် နဲ့ နင် ခြေပစ်လက်ပစ် ပင်ပန်း တော့မယ်။ လူတွေက အမြွှာ
ကိုယ်ဝန်ဆောင် ရပြီ ဆိုရင် အဆိုး မြင်တဲ့ ရှုထောင့်ကပဲ ကြည့်ပြီး ပြောတတ်
ကြပါတယ်။ ပင်ပန်း တော့မှာ၊ အိပ်ပျက် တော့မှာ၊ လက်မလည်အောင် အလုပ်ရှုပ်
ရတော့မှာ စသဖြင့်ပေါ့။ တကယ်တော့ အမြွှာလေး မွေးလာရင် တစ်ကြိမ် နဲ့ ကလေး
နှစ်ယောက် ရလာလို့ အဖော်ရတာ၊ မွေးဖွားစရိတ် သက်သာတာ၊ အပြုံးနှစ်ခု
တစ်ပြိုင်တည်း ရတာ စတဲ့ ကောင်းကျိုး တွေကိုလည်း ရရှိ စေနိုင် ပါတယ်။
(၃) အခု အိပ်ရေး ၀၀ အိပ်ထားဦးပေါ့။
အဓိပ္ပာယ် - နောင်ဆိုရင် အိပ်ရဖို့ ကောင်းကောင်း လမ်းမမြင်ဘူး။ မိခင်
ဖြစ်တော့မယ့် သူတွေ အနေနဲ့ ကလေး မွေးပြီးတာ နဲ့ အိပ်ရေးပျက်မယ့် အရေး
တွေးပြီး လန့်စရာ စကားပါ။ ဒီလို စကားမျိုးက ကိုယ်ဝန်ဆောင် မိခင်တွေကို
စိတ် ပင်ပန်းစေမယ့် စကားဖြစ်လို့ ရှောင်သင့် ပါတယ်။

(၄) တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားထား။
အဓိပ္ပာယ် - ကလေး မွေးလာတာ နဲ့ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကလေး
မွေးပြီး ပေမယ့် ရုပ်ရှင် သွားကြည့်နိုင်၊ အေးအေးလူလူ စာဖတ်နိုင်၊
စားသောက်ဆိုင်ကြီးတွေမှာ ညစာ ထွက်စားနိုင်တဲ့ မိဘတွေကို အများကြီး
တွေ့ဖူးပါတယ်။ အလုပ်မှာလည်း အောင်မြင်ပြီး ပျော်ရွှင် ကျန်းမာတဲ့
ကလေးငယ်တွေလည်း ရှိတဲ့ မိခင်တွေလည်း အများကြီး ပါပဲ။ ဒါကြောင့်
ကိုယ်ဝန်ဆောင် မိခင်ကို ဒီလို စကားမျိုး ပြောပြီး စိတ်ဓာတ် ကျအောင်
မလုပ်သင့်ပါဘူး။

(၅) နင့် ပုံစံနဲ့ မိခင်နို့ချို ကိုပဲ တိုက်ဦးမယ်ပေါ့ ဟုတ်လား။
အဓိပ္ပာယ် - နင်ရဲ့ အားအင် မရှိတဲ့ပုံ နဲ့ ကလေးကို မိခင်နို့ချိုပဲ
တိုက်ရင်တော့ ကလေးက အာဟာရ ကောင်းကောင်း ရမှာ မဟုတ်ဘူး။ ကလေးတွေကို
မွေးပြီး ခြောက်လ အထိ မိခင်နို့ချို တစ်မျိုးတည်း တိုက်ကျွေးတာက
အကောင်းဆုံးလို့ ပညာရှင်တွေက ဆိုထား တာပါ။ မိခင်က ကိုယ်ခန္ဓာ အရွယ်အစား
ဘယ်လောက် သေးသေး၊ သူ့ရင်သွေးကို ပြည့်ဝတဲ့ အာဟာရ ရတဲ့ အထိ နို့ချို
တိုက်ကျွေး နိုင်ပါတယ်။ အစားအသောက် ကိုတော့ အစုံ စားပေး ပါ။
(၆) နင့် ကြည့်ရတာ စိတ် မသက်မသာ ဖြစ်စရာ ကောင်းလိုက်တာ။
အဓိပ္ပာယ် - ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခတွေလေ။ ဒါကြောင့် အလှပျက်ရပြီ။
ကိုယ်ဝန် ဆောင်ချိန်မှာ ခြေထောက်တွေ ရောင်တာ၊ မျက်နှာ နွမ်းနယ်တာ စတဲ့
ဝေဒနာတွေကို တစ်ခါတစ်ရံ ဖြစ်ပေါ်တတ် ပါတယ်။ အဲဒီ အချိန်မှာ သူရဲ့
ဝေဒနာတွေကို ထောက်ပြပြီး မပြောသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ထား ပေမယ့် လှနေဆဲ
ပါပဲ လို့ ပြောပေးသင့် ပါတယ်။
(၇) နင် ဗိုက်ဆာ ပြန်ပြီလား။
အဓိပ္ပာယ် - အခု လေးတင် နင် အများကြီး စားပြီပြီလေ။ ကိုယ်ဝန်ဆောင်
မိခင်တချို့က အမြဲလိုလို ဗိုက်ဆာ နေတတ်တယ် ဆိုတာကို စိတ်ထဲမှာ ထားပေးပါ။
ဒါကြောင့် သူတို့ ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ဆိုရင် ဘာမှ မပြောသင့်
ပါဘူး။
http://swesonemedia.org/index.php?id=1042
--
..................
Lin Linn