Tuesday, August 30, 2011

ငါးမိနစ် နဲ့ လှလှလေး ပြင်

အချိန် ငါးမိနစ်လောက် နဲ့ ပြည့်စုံတဲ့ အလှ ပြင်ဆင်မှု ဖြစ်စေဖို့
ဖော်ပြပေးလိုက် ပါတယ်။ ခရီးသွားချိန် နဲ့ အလုပ်ကိစ္စတွေကြောင့် အပြင်
သွားနေရသူတွေ အတွက် အချိန်လည်း မြန်ပြီး ပြီးပြည့်စုံတဲ့ အလှကိုလည်း
ရစေဖို့ ဒီအဆင့် လေးဆင့်ကို ပြုလုပ် ကြည့်ပါ။
အဆင့်(၁) - သင့် လက်ဖ၀ါးထဲ ကို မိတ်ကပ် ဖောင်ဒေးရှင်း နဲ့ နေရောင်ကာ
ခရင်မ် ကို ရောမွှေပြီး မျက်နှာ နဲ့ လည်ပင်းတွေ ကို လိုးရှင်း လိမ်းသလိုပဲ
အနှံ့လိုက်ပြီး လိမ်း ပေးလိုက်ပါ။ ဒါဆိုရင် တစ်ဆင့်ချင်း လိမ်းလို့
ကုန်မယ့် အချိန်ကို သက်သာစေ ပါတယ်။
အဆင့်(၂) - မျက်နှာပေါ်က အမည်းစက်တွေကို ပြေပျောက် စေဖို့ အတွက်
ကွန်ဆဲလာကို Stick ပုံစံ အမျိုးအစားကို ရွေးချယ်ပြီး မျက်လုံး အောက်ဘက်
နေရာ နဲ့ အမည်းစက်တွေ ကို ခပ်ပါးပါးလေး လိမ်းလိုက်ပါ။ ဒါဟာ ပိုမို
ချောမွေ့စေပြီး ညီညာမှုလည်း ရှိစေ ပါတယ်။ အောက်ခံ ဖောင်ဒေးရှင်း အရောင်
နဲ့ ညီညွတ် သွားအောင် လက်ချောင်း ထိပ်လေး နဲ့ ဖြည်းဖြည်းချင်း ပွတ်ပြီး
ညှိပေး လိုက်ပါ။
အဆင့်(၃) - ပါးနီကို လက်နှစ်ချောင်း နဲ့ ယူပြီး ပါးရိုးပေါ်မှာ စက်ဝိုင်း
ပုံစံ ပွတ်လိမ်း ပေးပါ။ သင့် နှုတ်ခမ်းနီကို ပါးနီအဖြစ် သုံးလို့ရ ပါတယ်။
ပါးနီ အရောင် နဲ့ နှုတ်ခမ်းနီ အရောင် ထပ်တူ ကျတာကြောင့် သင့် မျက်နှာကို
သဘာဝ ကျနေစေ ပါတယ်။ ပြီးတော့မှ 2 way ခရင်မ် ပတ်လေး နဲ့ မျက်နှာ အနှံ့
ရိုက်လိုက်ပြီး နှုတ်ခမ်းနီ ဆိုး လိုက်ပါ။ အဆင့်(၄) - လိုင်နာကို အရည်ထက်
ခဲတံကို ဆောင်ထား ပါ။ လိုသလို ပုံသွင်း နိုင်ပြီး စွန်းထင်းမှု လည်း
နည်းတာကြောင့် ပါ။ စက္ကူ ကတ်ထူ ဒါမှမဟုတ် ကတ်ပြား တစ်ခုကို မျက်ခွံ
အပေါ်နားမှာ ခံပြီး မက်စ်ကာရာ နဲ့ မျက်တောင်ကို ကော့ပေး လိုက်ပါ။
မျက်တောင် ကော့စက် သုံးစရာ မလိုဘဲ ကော့ညွတ် နေတဲ့ မျက်တောင်လေးကို
ပိုင်ဆိုင် ရမှာ ဖြစ်ပြီး မျက်လုံး တစ်ဝိုက် စွန်းထင်းမှု ကင်းတာကြောင့်
အချိန်ကုန် လည်း သက်သာစေမှာ ဖြစ်ပါ တယ်။

--
..................
Lin Linn

စိတ်ဖိစီးမှု မရှိဘဲ ပျော်ရွှင် နေစေမည့် ရိုးစင်းသော နည်းလမ်း ငါးသွယ်

၁။လက်ဖက်ရည်ကြမ်း သောက်ပါ။
လက်ဖက်ရည်ကြမ်း သောက်တာဟာ အပန်းပြေ စေပြီး စိတ်ဖိစီးမှု လျော့ပါး စေတဲ့ အိမ်သုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ အင်္ဂလန် လေ့လာသူတွေ က လက်ဖက်ရည်ကြမ်း သောက်တဲ့ သူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်း ပမာဏကို လျော့ကျ စေတယ် လို့ ဆိုပါတယ်။ ကော်တီစောကို  ကြောက်ရွံ့မှု နဲ့ ပူပင်သောက တွေကို တုံ့ပြန်တဲ့ အနေနဲ့ အဒရီ နယ်ဂလင်း က နေ ထုတ်ပါတယ်။ ဒီ ဟော်မုန်းဟာ ခုခံစွမ်းအား ကျဆင်းတာက နေ ၀မ်းဗိုက် အဆီပိုတွေ ရှိလာစေတဲ့ အထိ ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ဖြစ်လာစေနိုင် ပါတယ်။
၂။လတ်ဆတ် သန့်ရှင်းသော လေကို ရှူပါ။
စိတ်ဖိစီးမှု များတဲ့သူတွေ ဟာ အများအားဖြင့် သဘာဝလောက နဲ့ ကင်းကွာ နေတတ်ကြ ပါတယ်။ လေကောင်း လေသန့် ရတဲ့ နေရာတွေ ဖြစ်တဲ့ ပန်းခြံထဲ၊ ဥယျာဉ်တွေထဲ ကို သွားရောက် လည်ပတ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှု ပြေလျော့ စေမယ့် နည်းလမ်းကောင်း ပါ။
၃။စာအုပ်ကောင်း တစ်အုပ် ဖတ်ပါ။
စိတ်ဖိစီးမှု များနေရင် မဖြေရှင်းနိုင်တဲ့ အရာတွေ အတွက် ထိုင်ပြီး စိတ်ညစ် မနေသင့် ပါဘူး။ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ပေး လိုက်ပါက သင့် ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့ အဖြေကောင်း တစ်ခု ရလာနိုင် ပါတယ်။
၎။ရယ်နိုင်အောင် ကြိုးစားပါ
ရယ်မောတာ က စိတ်ရောကိုယ်ပါ ကျန်းမာ စေတာကြောင့် ရယ်မောနိုင်အောင် ဟာသကား ကြည့်တာ၊ ဟာသ စာပေတွေ ဖတ်တာ၊ အင်တာနက်က Youtube ၀က်ဘ်ဆိုက် မှာ သင်ကြိုက်တဲ့ လူရွှင်တော် နာမည် ရှာပြီး ကြည့်တာ နဲ့ ရယ်စရာ ပြောတတ်တဲ့ သူငယ်ချင်းတွေ နဲ့ တွေ့ဆုံတာတွေ ကို လုပ်ဆောင် ပေးသင့် ပါတယ်။
၅။စိတ်ကူးယဉ် ဖွယ်ရာ ကောင်းသော ဇာတ်လမ်းကို ကြည့်ပါ
စိတ်ညစ်နေရင် စိတ်ခံစားမှု ကောင်းနေအောင် သင့်ကို ပျော်ရွှင် စေနိုင်မယ့် အရာတွေကို လုပ်ဆောင် ပေးပါ။ ဒါဟာ စိတ်ဓာတ်ကျ နေစဉ်မှာ စိတ်ဓာတ်ကို  ပြန်လည် မြှင့်တင် နိုင်ဖို့ အတွက် အရေးပါ ပါတယ်။

စိတ်ဖိစီးမှုမရှိဘဲ ပျော်ရွှင်နေစေမည့် နည်းလမ်းငါးသွယ်

--
..................
Lin Linn