Sunday, October 9, 2011

အဖြူရောင်နှလုံးသားပိုင်ရှင်တစ်ယောက်ဖြစ်စေဖို့.....

ဘ၀ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့ အဓိပ္ပါယ်ကို သေချာဖွင့်ဆိုပြောဆိုကြည့်မယ်ဆိုရင်..တကယ့်ကို
လေးနက်ပြီး ဖေါ်ပြမကုန်နိုင်အောင်တွင်ကျယ်တယ်ဆိုတာ သေချာစဉ်းစားလေ သိလာလေပါပဲ။
ကျယ်ပြန့်မှု့ အတိုင်းအတာကတော့ အတော်လေး များပါတယ်..
မြန်မာပြည်မှာ ထမင်းငတ်လို မသေဘူးဆိုတဲ့ဆိုရိုးစကားရှိခဲ့ပေမယ့် တောင်းစားနေရတဲ့ သူတွေအခုလိုမျိုးဘိုးဘွာရိပ်သာမှာ အေးအေးသက်သာ နေရမယ့်
အရွယ်တွေ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နေတာတွေ တွေ့ရတော့ စိတ်ထဲမကောင်းဖြစ်မိပါတယ်။
ဘ၀ကံပေးလို့ အိုစတာကောင်းတဲ့သူတွေကျတော့လည်း သုံးမဲ့သူမရှိလို့ကို အတော့်လေးအဆင်ပြေကြရပါတယ်။
တစ်ချို့ကြလည်း.အကြောင်းအမျိုးမျိုးကြောင့်ဖိုးဘွားရိပ်သာကိုသွားရကောင်းမှန်းမသိတဲ့သူတွေ သွားရမှာကြောက်ရွန့်အားငယ်ကြတဲ့သူတွေလည်းရှိကြပါတယ်
ဒီသတင်းလေးဆို အွန်လိုင်းပေါ်မှာတွေ့တဲ့ သတင်းလေးပါ။ အတော့ကို လူမဆန်တဲ့ဖြစ်ရပ်လေးတစ်ခု ဖြစ်ခဲ့ပါပြီ။
သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။
စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။ အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။
''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။
ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်။
Source ; www.news-eleven.comကဖေါ်ပြတဲ့ သတင်းတစ်ခုပါ။
ဘ၀ကံပါရမီဆိုးတွေ ပါလာတဲ့သူတွေကြတော့လည်း ဆင်းရဲနွမ်းပါးရုံတင်မက သားသမီးဆွေမျိုးတွေပြစ်ဖယ်ခြင်းတွေခံကြရတာကာလည်း သူတို့ ပါရမီကံက ပါလာရင်ဘယ်သူမှ ရှောင်ပြေးလို့မလွတ်ပြန်ပါဘူး
ဘ၀ ဆိုတာ ဘ နဲ့ ၀ နှစ်လုံးတည်းဆိုပေမယ့် အရမ်းကျယ်ပြန့် နက်ရှိုင်းလှတယ် ဆိုတာအောက်ကပုံလေးတွေကြည့်ပြီး သုံးသတ်နိုင်ပါပြီ။
ဒီပုံလေးဆို အိမ်ခြေနေရာမဲ့နေတဲ့တောင်းစားနေတဲ့အဖွားတစ်ယောက်ပုံပါ။
ဒီလိုပဲ ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ခွက်ကလေးရှေ့ချလို့ တောင်းစားနေကြတဲ့သူတွေဟာ
ထုနဲ့ဒေး တွေ့နေရပါတယ်.။တချို့က အရွယ်ရှိလျှက် တောင်းစားသူတွေလည်းမြင်တွေ့နေရပါတယ်။
အဲလိုလူတွေကျတော့လည်း တွေးစရာတွေပါပဲလေ။
ခြေလက်အင်္ဂါစုံစုံလင်လင်ရှိပါလျှက် တောင်းစားနေကြတဲ့ သူတွေကိုလှူတန်းပေးကမ်းဖို့ကြပြန်တော့ ပေးမဲ့
ငွေစကြည့်ပြီး တွန်တို့မိပြန်ရော။
ကားလမ်းမကြီးမှာ ကားတွေသို့တစ်ဟို သွားနေတဲ့ကြားက မိုးရွာနေပူမရှောင် ရင်ခွင်ပိတ်ကလေးငယ်လေးတွေ ကို ပွေ့ချီပြီးတောင်းစားနေတဲ့သားအမိလို သူတွေတွေ့ပြန်ရင်လည်း ကလေးအမေကို စိတ်တိုမိပြီး ကလေးကိုသနားလို့ပေးမိပြန်ရော..
တချို့သူတွေပြောပြလို့ကြားရတာပါ...တချို့သော အမေတွေက ကလေးတွေမွေးပြီးကလေးလေးကိုနေ့စားနဲ့ငှားရမ်းစားသောက်ဖို့ အငှားလိုက်တယ်တဲ့..ဒါမျိုးတွေလည်း ရှိပါသေးလားဆိုတဲ့ အတွေးက အဲလိုအမေမျိုးတွေကို အပြစ်ဖို့မိပြန်ပါတယ်။
တကယ်လို့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်မယ်ဆိုပါစို့။ ကိုယ်ဟာ အလှူအတန်း မွေ့လျော်သူ တစ်ဦးဖြစ်နေမယ်.ဘယ်အရာတွေကို မျှော်လင့်ပြီးလှူဒါန်းလေ့ရှိသလဲ?

ဒီကုသိုလ်က နောင်ဘဝများမှာ မိမိထံရောင်ပြန်ဟပ်စေကြောင်း မျှော်လင့်လှူတန်းခဲ့သလား?
ကိုယ့်ပတ်ဝန်းကျင်ကကိုယ့်ကို Generosity မြင့်သူ တစ်ဦး အဖြစ်သတ်မှတ်စေလိုပြီးလှူတန်းနေသလား?
နောက်တစ်ခုအခွင့်အလမ်း တစ်ခုခုပေါ်ပေါက်လာစေလိုပြီးလှူမိနေသလား?
ကိုယ့်မိတ်ဆွေတွေက (ကမကထပြု၍ အလှူခံသူ) ငြိုငြင်မည်စိုးလို့ လှူနေမိသလား?
အလှူပစ္စည်းများကို အလိုအပ်ဆုံးသောသူများထံသို့ ရောက်ရှိအသုံးချစေတဲ့ စိတ်ဆန္ဒ တစ်ခုတည်းကြောင့်ရယ်ပဲလား ?
ဒါဆိုရင် တစ်မူးစ တစ်ပဲစအလှူပင်ဖြစ်နေပါစေ ဘယ်လိုရည်ရွယ်ချက်နဲ့ လှူတန်းကြရင်ကောင်းမလဲ
ဘ၀ပေးကုသိုလ်ကံခြင်းမတူကြလို့ခြေလက်အင်္ဂါစုံစုံလင်လင်ရှိပါလျှက် တောင်းစားနေကြသူတွေကိုလည်း
စိတ်သဘောဖြူဖြူစင်စင်နဲ့ပဲ ကိုယ်တတ်နိုင်သလောက် ပေးကမ်းကြရမှာပါပဲမဟုတ်လား။
လမ်းဘေးမှာ မိဘတွေစွန့်ပစ်ခံနေရတဲ့ ကလေးလေးတွေ အတွက်လည်း တကယ်စိတ်မကောင်းစရာတွေပါ။ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့တောင်းစားနေရတဲ့ ကလေးလေးတွေကို မြန်မာမှာ ရှိတဲ့ မိဘမဲ့ဂေဟာ ကလေးကျောင်းတွေကို လိုက်စုံစမ်းရင်း ပို့ပေးသင့်ပါတယ်....အလှူဆိုတာ ပိတ်ဆံသိန်းသန်းရာနဲ့ချီပြီး လှူမှ မြတ်တာ မဟုတ်ပါဘူး..ကိုယ်တတ်နိုင်တဲ့ဖက်က ခြေလက်လုပ်အားကုသိုလ်လေးနဲ့ လှူတတ်ရင်မြတ်တာပါပဲ။ ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့လောက်ပဲရတဲ့အလှူမျိုးရှိသလို ညောင်
စေ့လောက်ပဲလှူပေမဲ့ညောင်ပင်ကြီးလောက်ရသွားတဲ့ အလှူတွေရှိတယ်ဆိုတာ ဘုန်းဘုန်းတို့တရားဓမ္မတွေမှာလည်းနာယူကြဖူးကြမှာပါ။
စံနမူနာအနေနဲ့ပြရရင် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာတိုင်းပြည်လူသားခြင်းစာနာလို့ အလှူအတန်းရက်ရော သနားကြင်နာတတ်သလို ကမ္ဘာမှာနာမည်ကြီးနေတဲ့ အန်ဂျနာဂျိုလီရဲ့ ချီးကျူးစရာသတင်းလေးပါ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
ဆိုမာလီဒုက္ခသည်စခန်းသို့ အန်ဂျလီနာဂျိုလီသွားရောက်ခဲ့တုံးက...........

စက်တင်ဘာလ (၁၂)ရက်နေ့က ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး အန်ဂျလီနာဂျိုလီဟာ ကင်ညာနိုင်ငံမှာရှိတဲ့ ဆိုမာလီလူမျိုး ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပါတယ်။ အသက်(၃၄)နှစ် ရှိနေပြီဖြစ်တဲ့ အော်စကာဆုရှင် မင်းသမီးဟာ အာဖရိကကို ရောက်နေတုန်း ဆိုမာလီနဲ့ ကင်ညာနယ်စပ်က ဒါဒက်ဘ်ဒုက္ခသည်စခန်းကို ရောက်လာခဲ့တာပါ။

အဲဒီစခန်းဟာ စပြီးတည်တုန်းက လူ(၉၀၀၀၀)ကျော်အတွက် ရည်ရွယ်ထားပေမယ့် ခုဆိုရင် ဆိုမာလီ ဒုက္ခသည် (၂၈၅၀၀၀)ျေက်ာအထိ လက်ခံထားပါတယ်။ အဲဒီဒုက္ခသည်တွေဟာ သူတို့ရဲ့ မွေးရပ်မြေကိုစွန့်ပြီး ကင်ညာတောင်ပိုင်းထိ ထွက်ပြေးလာခဲ့သူတွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဆင့်မြင့်ကော်မရှင်၊ ဒုက္ခသည် အေဂျင်စီရဲ့ သံတမန်ရာထူးကို (၂၀၀၁)ခုနှစ်ကတည်းက လက်ခံထားတဲ့ ဂျိုလီဟာ ခုလိုမျိုး ဒုက္ခသည်စခန်းတွေကို မကြာခဏ သွားလေ့ရှိပြီး ဒုက္ခသည်တွေကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးတတ်တဲ့သူပါ။ ဂျိုလီဟာ ဒီရာထူးကို လက်ခံပြီးနောက်ပိုင်း ဘော်လ်ကန်၊ ဆီရာလီယွန်၊ နမီးဘီးယား၊ တန်ဇန်းနီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ပါကစ္စတန်နဲ့ အီကွေဒေါက ဒုက္ခသည် စခန်းတွေဆီ အရောက်သွားပြီးခဲ့ပါပြီ။ “သူတို့ရဲ့ နေထိုင်ရတဲ့ဘ၀တွေကို မြင်တော့မှ ကျွန်မတို့ဟာ အရမ်းကောင်းတဲ့ လူ့ဘ၀ကို ဖြတ်သန်းနေရမှန်း နားလည်မိပါတယ်။ သူတို့ဟာ အခက်အခဲတွေ အများကြီးကြားမှာ ရုန်းကန်နေရပေမယ့် စိတ်ဓာတ်မကျကြဘူး။ ဒါဟာ လူသားစွမ်းရည်ရဲ့ အမြင့်ဆုံး အင်အားကို ပြနေတာပါပဲ။



ဒုက္ခသည်စခန်းမှာ လူတွေတော်တော်များများ အလုပ်လုပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကြ၊ ကူညီနေကြပါတယ်။ သူတို့ကိုမြင်တော့ ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတဲ့ ကျွန်မရဲ့အမြင်ကပါ ပြောင်းလဲသွားခ့တယ်။ တကယ်တော့ လူသားချင်း မြတ်နိုးချစ်ခင်မှုကသာ တစ်ကမ္ဘာလုံးကို အလှပဆုံး ဖြစ်စေမယ်လို့ ကျွန်မသဘောပေါက်ပါပြီ”လို့ ဂျိုလီက ပြောသွားခဲ့ပါတယ်။ ခုခရီးစဉ် အပြီးမှာတော့ ဂျိုလီဟာ ချစ်သူဘရတ်ပစ်တ်နဲ့ မိသားစုရှိနေတဲ့ ပြင်သစ်နိုင်ငံကို ပြန်သွားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဆိုလိုတာက ကိုယ်ချင်းစာတရားတွေနဲ့ ခုလိုငယ်ရွှယ်နုပျိုစဉ် ကူညီနိုင်သမျှဘ၀ကို ဘယ်လိုအကျိုးရှိအောင် လုပ်ကြမလဲ တောင်းစားနေတဲ့အဖိုးအဖွားတွေရဲ့ဘ၀အခြေတည်တန့်အောင် ကိုယ် ဘာတွေလုပ်ထားသင့်လဲ ဆိုတာပဲ စဉ်းစားရတော့မယ်။။
အပန်းမကြီးတဲ့ ကူညီစောင့်ရှောက်မူ့မျိုးလည်း လုပ်ပေးသင့်ပါတယ်။အသက်ကြီးအဖိုးအဖွားတွေကို
ဘိုးဖွားရိပ်သာ လိပ်စာလေးကို ဖုန်းဆက် ရှာဖွေစုံစမ်းပြီးလည်း ဘိုးဖွားရိပ်သာတွေကိုပို့ပေးသင့်ပါတယ်..
အားကိုးရာအစစ်ကို ရှာဖွေသူများအတွက် သဘာဝတရားရိပ်သာ

၁) သဘာဝတရားရိပ်သာသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ တာဝတက္ကသိုလ်အနီး (သို့) သန်လျှင်ဘုရားကုန်း ကျိုက်ခေါက်ဘုရားအနီး တွင် ရှိပြီး၊ ဧက ၆၀ ကျော် ကျယ်ဝန်းပါသည်။

၂) သဘာဝတရားရိပ်သာသည် တရားအားထုတ်သော အလုပ်ကိုသာ အဓိက ထားသည့် ရိပ်သာဖြစ်သော်လည်း
လူမျိုးဘာသာမရွေး ဒုက္ခရောက်နေသူများကို ကျန်းမာရေး၊ စားဝတ်နေရေး အစစ အကူအညီပေးနေပါသည်။

၃) တရားအားထုတ်မှုဖြင့် စိတ်ပူပန် ဖိစီးမှု လျော့နည်း သွားသော ကြောင့် လူမမာများ ၊ စိတ်ဆင်းရဲနေသူများ အတွက်လည်း စိတ်ချမ်းသာ ရောဂါသက်သာပျောက်ကင်းရာ နေရာ ဖြစ်ပါသည်။ ဒုက္ခိတများ၊ မျက်မမြင်များ၊ ကင်ဆာရေဂါသည် နှင့် အခြားဝေဒနာသည်များ၊ အိပ်ယာထဲလဲနေသူများ၊ ပင်စင်စားများ စိတ်သက်သာ အေးချမ်းစွာ ခိုလှုံရာ နေရာ ဖြစ်ပါသည်။

သန်လျင်သဘာဝရိပ်သာ
ကျိုက်ခေါက်ဘုရားအနီး (တာဝတက္ကသိုလ်အနီး)
ညောင်ပင်မှတ်တိုင်၊ ရွှေပေါ်ကျွန်းမုဒ်ဦးမှဝင်ပါ။
သန်လျှင်မြို့နယ်၊ ရန်ကုန်။


ဖုန်း ၊ 950 85 212
၁) ရက်အကန့်အသတ်မရှိ အချိန်ပြည့်ဖွင့်လှစ်သည့်ရိပ်သာဖြစ်ပါသည်။

၂) ဆွမ်းစရိတ်ပေးရန်မလိုပါ။

၃) အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် လူမျိုး၊ ဘာသာ၊ လူတန်းစား ကန့်သတ်ချက်မရှိပါ။

၎) ဘ၀ နောက်ဆုံးခရီးထိ လိုအပ်လျှင် လိုအပ်သလို ရိပ်သာမှ အစစအရာရာ တာဝန်ယူပေးပါသည်။

realenlightenment.multiply.com/journal/item/40/40

အသေးစိတ်သိရှိရန်။ realenlightenment.multiply.com/journal/item/40/40

သန်လျင်သဘာဝရိပ်သာနှင့်ပတ်သက်ပြီး ယောဂီအများ၏ documentary မှတ်တမ်းမှတ်ချက်များ။

www.mediafire.com/?c8id49t48yywkcp
ဘာပဲဖြစ်ဖြစ်ပေါ့ မြန်မာလူမျိုးတစ်ယောက်ရဲ့အယူအဆကတော့ မြန်မာတွေဟာ လှူဒါန်းတဲ့နေရာမှာ အင်မတန်ရက်ရော်ကျပါတယ်။ တစ်ခုလိုတာက ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းများကို ဘုရား ကျောင်းကန်တွေကြည့်မလှူဘဲ ဘိုးဘွားရိပ်သာ တွေဆောက် လူမှုရေးအသင်တွေထောင် စာသင်ကျောင်းတွေ ဆောက်ရင် ဘယ်လောက်ကောင်းမလဲ။ ခုတော့ ဘုရားတွေဘဲ တည်နေတာ. ဒါတွေက တကယ်သာသနာမတည်ပါဘူး လူသားတွေရဲ့ ရင်မှာ တရားဓမ္မတွေကိန်းအောင်နိုင်မှ သာသနာတည်မှာပါ။
မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် ..."အလှူအတန်း ဆိုတာ အဖြူရောင် နှလုံသားက လာတာ လက်နှစ်ဘက်က မဟုတ်ပါဘူး" တဲ့၊
တစ်နေ့တစ်နေ့ လမ်းဘေးတွေမှာ တောင်းစားနေကြတဲ့ အဖိုးအဖွားအရွယ်တွေမြင်ရတိုင်း စိတ်မချမ်းမြေ့ဖွယ်တွေ ဖြစ်ခဲ့ရသလို အိတ်ထဲကပါလာတဲ့ မဖြစ်စလောက်ငွေလေးထဲက တစ်ရာစ နှစ်ရာစ မျိုးကို လူသားချင်စာနာတဲ့စိတ်နဲ့ လှူတန်းပေးကမ်းနေမိပါတယ်။
တကယ်ဆို ကြွယ်ဝချမ်းသာတဲ့သူတွေကို ဘုရား ကျောင်းကန်ဆောက်တာကို နည်းနည်းလျှော့ပီး လူမှုရေးလုပ်ငန်ဘက်ကို ဦးစားပေးကြပါလို့ တိုက်တွန်းချင်လိုက်ပါပြီ။ ။
ကိုယ့်ဖက်ကတစ်ဦးတစ်ယောက်ကောင်းကုသိုလ်ရှာတတ်မယ်ဆိုရင် တောင်းစားနေတဲ့လူအိုတွေကိုအိမ်ခေါ်ကျွေးမွေးဖို့ရာကလည်း
အဆင်မပြေရင် ဘာလုပ်ပေးသင့်လဲပေါ့.. နီးစပ်ရာဖိုးဖွားရိပ်သာတွေကိုပို့ပေးမယ်ဆိုရင်ကော..ကုသိုလ်အကျိုး မရရှိပေဘူးလား။ တောင်းစားနေတဲ့ အဖိုးအဖွားတွေရဲ့ဆန္ဒသဘောထားကိုမေးမြန်းပြီး ကိုယ်တတ်နိုင်တဲ့ဖက်က ကူညီကြပါစို့လို့ ကုသိုလ်အကျိုးမျှော် နိုးဆော်အပ်ပါကြောင်း...
ခင်မင်လေးစားလျှက်
***ဧကရီ***
အကြင်နာနန်းတော်
http://akyinnarnantaw.org

အောက်တိုဘာလအတွက်ဗေဒင်ဟောစာတမ်း။ (၇)ရက်သားသမီးများအတွက် အောက်တိုဘာလ ဟောကိန်းများ


.

တနင်္ဂနွေ သားသမီးများ

ယခုလတွင် အကြံကောင်း ဉာဏ်ကောင်း စိတ်ကူးကောင်းများကြောင့် အကျိုးကျေးဇူးခံစားရမည်။ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြသခွင့် ရရှိနိုင်မည်။ အလုပ်ခွင်တွင် နာမည်ကောင်းထွက်တတ်ပြီး အဆင့်မြင့် တာဝန်များ ပေးအပ်ခံရတတ်သည်။ သက္ခတ်ကောင်းတွင် ကျရောက်နေလျှင် (၀န်ထမ်းများ) ရာထူးတက်ကိန်း ရှိနိုင်သည်။ အိုးအိမ် ယာဉ်ကားနှင့် ပတ်သက်နေသော ကိစ္စများတွင် နှောင့်နှေးကြန့်ကြမှုများ များနေတတ်သည်။ သို့သော် ထိုယာဉ်ကားမှ အကျိုးအမြတ် များစွာ ရရှိလိမ့်မည်။ အလုပ်ခွင်ထဲ၌ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ ခရီးရှည် (သို့) နိုင်ငံခြားသို့ ထွက်ရန် ကိစ္စများ ပျက်တတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး မသာမယာဖြစ်နေမည် (သို့) အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နေတတ်သည်။ မိမိကိုယ်တိုင်လည်း အနည်းငယ် ချုခြာနေတတ်သည်။ သားသမီးရှိသူများ သားသမီး အကျိုးခံစားရမည်။ ဘာသာရေး နှင့် ပတ်သတ်သော ကိစ္စများ တာဝန်ပျက်ကွက်နေတတ်သည်။ ယေဘူယျ ပြောရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံကောင်းမှု အနည်းငယ်ပိုများနိုင်သော လ, တစ်လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် နာမည်တွင် - တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ နှင့် စနေ နံများဖြင့် ပိတ်ထားသူများ အထူးကံကောင်း နိုင်ပြီး အောင်မြင်မှုများမည်။ ဗုဒ္ဓဟူး, ရာဟု နှင့် သောကြာ နံဖြင့် ဆုံးသူများ ကံဇာတာ သင့်သည်။ ကြာသပတေးနံဖြင့် ပိတ်သူများ ကံအနည်းငယ် ညံ့ဖွယ်ရှိသည်။

ယတြာပြုလိုပါက - တနင်္ဂနွေနေ့တွင် မိမိနေအိမ်ဘုရားတွင် နာနတ်ယို ၊ နာနတ်သီး ၊ နာနတ်ဖျော်ရည် တစ်ခုခု ကပ်လှူပေးပါ။

.

တနင်္လာ သားသမီးများ

ယခုလတွင် တနင်္လာသားသမီးများအတွက် ကံဇာတာ အထူးတိုးတက်ကောင်းမွန်နိုင်သည်။ ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ် လုပ်ကိုင်မှုများမှ အကျိုး ကျေးဇူး များစွာ ရရှိနိုင်သည်။ နိုင်ငံခြားခရီး နှင့် ပတ်သက်ပြီး ကံကောင်းမှုများ ရရှိနိုင်မည်။ နိုင်ငံခြားသို့  ထွက်မည့်သူများ လွယ်ကူစွာ ထွက်ခွင့်ရမည်။ အလုပ်အကိုင်ကောင်းများ ရရှိမည်။ ခရီးသွားလာခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ကိုင်သူများ အထူးကံကောင်းနိုင် မည့် လ, ဖြစ်သည်။ မြေ ၊ အဆောက်အဦးများတွင် ရင်းနှီးမြုတ်နှံထားသူများ အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ လာဘ်လာဘ အထူးရွှင်လန်းနေမည်။ အ၀တ်အစားကောင်းများ ၊ လက်ဝတ်ရတနာများ ၊ အိမ်အလှအပဆိုင်ရာပစ္စည်းများ ၊ ယာဉ်ကားများ ၀င်ကိန်းရှိသည်။ သားသမီးရှိသူများ သားသမီးကျန်းမာရေး ညံ့ခြင်းများြုဖစ်နိုင်သော်လည်း စိုးရိမ်ရအောင် မဖြစ်နိုင်ပါ။ အဆင့်မြင့် ဂုဏ်ထူး ၊ ရာထူးများ ချီးမြှင့်ခံရတတ်ပြီး ရာထူးတက်ရန် အခွင့်အလမ်း ရှိသူများ ရာထူးတတ်ကိန်း ရှိသည် (သို့) လစာ တိုးတက် ကိန်းရှိသည်။ ယေဘူယျ ပြောရလျှင် ယခုလသည် တနင်္လာ သားသမီးများအတွက် ကံဇာတာ အကောင်းဘက်၌ ပိုမိုများပြားနိုင်မည့် လ, တစ်လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် နာမည်တွင် - တနင်္လာ စ,ပြီး တနင်္ဂနွေ နှင့် သောကြာ နံဖြင့် ပိတ်ထားသူများ အထူးကံကောင်းနိုင်သည်။ တနင်္လာ အင်္ဂါ နှင့် ဗုဒ္ဓဟူး(ရာဟု)နံ များဖြင့် ပိတ်ထားသူများလည်း ကံဇာတာ ကောင်းနိုင်ပါသည်။ စနေ နှင့် ကြာသတေးနံများဖြင့် ပိတ်ထားသူများ ကံဇာတာ အနည်းငယ် အညံ့ရှိသည်။

ယတြာပြုလိုပါက - သေကြာနေ့ တစ်နေ့တွင် သံဃာတစ်ပါးကို သင်္ကန်းတစ်စုံ ကပ်လှူဒါန်းလိုက်ပါ။

.

အင်္ဂါ သားသမီးများ

အင်္ဂါ သားသမီးများအတွက် ယခုလသည် ကြာမြင့်စွာ ကွဲကွာနေသော မိဘ နှင့် သားသမီး ၊ လင် နှင့် မယား ၊ ဆွေမျိုး ညီအစ်ကိုများ ပြန်လည်တွေ့ဆုံရကိန်း ရှိနိုင်မည့် လ, တစ်လဖြစ်သည်။ ရပ်ဝေးဒေသများသို့ ရောက်နေသော သူများ ပြန်လည် ရောက်ရှိလာနိုင်မည်။ မိမိလုပ်ကိုင်နေသော လုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိခံစားရမည့် လ, လည်းဖြစ်သည်။ မိမိ အနစ်နာခံ လုပ်ဆောင်ထားသော လုပ်ဆောင်မှုများမှ အကျိုးကျေးဇူးများ ပြန်လည် ခံစားရရှိနိုင်သည်။ သို့သော် မိမိ၏ လုပ်ဆောင်ချက်များသည် နှောင့်နှေးကြန့်ကြာမှုများကြုံပြီးမှ အောင်မြင်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်သော ကိစ္စများတွင် သတိထားပြီးဆောင်ရွက်ပါ။ လိမ်လည်ခံရမှု ၊ မရိုးမသား လုပ်ခံရမှုများ ကြုံရတတ်သည်။ စဉ်းစားဉာဏ် ကြီးကြီးဖြင့် သတိထားပြီး ဆောင်ရွက်မှသာလျှင် ယာဉ်ကားကိစ္စမှ အကျိုးကျေးဇူး ထူးခြားစွာ ရရှိနိုင်သည်။ မိမိ၏ ဖခင်ဖြစ်သူ ဂုဏ်သတင်း ကျော်စောတတ်သည်။ ငယ်ရွယ်သူများ ပညာရေး နှင့် ပတ်သက်ပြီး ကံဇာတာ အနည်းငယ် ညံ့နိုင်သည်။

ယခုလအတွက် နာမည်တွင် - အင်္ဂါ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ သောကြာ ၊ စနေနံများ ဖြင့် ပိတ်ထားသူများ ကံကောင်းမှုကို အထူးခံစားရနိုင်သည်။ ဗုဒ္ဓဟူး(ရာဟု) ဖြင့် ပိတ်ထားသူများ အကောင်း နှင့် အညံ့ ပူးတွဲ ခံစားရကိန်း ရှိသည်။ ကြာသပတေးဖြင့် ပိတ်ထားသူများ ပြဿနာ အမှုအခင်းများနိုင်သည်။ ရန်များနိုင်သည်။ သို့သော် ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါ။

ယတြာပြုလိုပါက - တနင်္လာနေ့တစ်နေ့တွင် အိမ်ရှိဘုရားကို မုန့်ဟင်းခါး နှင့် ကြက်သွန်ကြော်ကို ကပ်လှူလိုက်ပါ။

.

ဗုဒ္ဓဟူး သားသမီးများ

ယခုလအတွက် ဗုဒ္ဓဟူးသားသမီးများ ကံဇာတာ အကောင်းဖက်တွင် ရှိသည်။ ငွေစုငွေပုံ ၀င်ကိန်း ရှိသည်။ ကွဲကွာနေသော ဆွေမျိုး မိသားစုများနှင့် ပြန်လည် တွေ့ဆုံကိန်း ရှိသည်။ အိမ်ထောင်ပြုရန် အစီအစဉ်ရှိသူများ ၀ါကျွတ်သည်နှင့် အိမ်ထောင်ကျကိန်း ရှိသည်။ မိမိလုပ်ငန်းများ တိုးတက်အောင်မြင်မည်။ အမြတ်အစွန်း ငွေကြေးများစွာ ရရှိနိုင်သည်။ နှောင့်နှေးကြန့်ကြာနေသော အလုပ်များကို ပြန်လည် အကောင်အထည် ဖော်နိုင်မည်။ ခရီးသွားလာခြင်းနှင့် ပတ်သက်သော ကိစ္စများ လွယ်ကူချောမောစွာ အဆင်ပြေမည်။ နိုင်ငံရပ်ခြားသို့ ခရီးထွက်ရကိန်း ရှိသည် (သို့) ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးများ သွားရတတ်သည်။ စပ်တူ ဖက်စပ် (ရှယ်ယာ)လုပ်ငန်းများမှ အကျိုးကျေးဇူးများစွာ ခံစားရမည်။ ဟော်တယ် နှင့် ခရီးသွားလာခြင်းလုပ်ငန်း ၊ ယာဉ်ကား တင်သွင်းသော လုပ်ငန်း ၊ နိုင်ငံရပ်ခြားများ နှင့် ဆက်သွယ်လုပ်ကိုင်ရသော လုပ်ငန်းလုပ်ကိုင်သူများ ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များ အကျိုးကျေးဇူးများစွာ ခံစားရကိန်း ရှိသည်။ သို့သော် “သက္ခတ်” ညံ့သော သူများတွင် အမှုအခင်း ပြဿနာများ နှင့် ကြုံတွေ့ရကိန်း ရှိတတ်သည်။

ယခုလအတွက် နာမည်တွင် - ဗုဒ္ဓဟူး စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ သောကြာ ၊ စနေနံများ ဖြင့် ပိတ်ထားသူများ ကံကောင်းမှုကို အထူးခံစားရနိုင်သည်။ ဗုဒ္ဓဟူး(ရာဟု) ဖြင့် ပိတ်ထားသူများ အကောင်း နှင့် အညံ့ ပူးတွဲ ခံစားရကိန်း ရှိသည်။ ကြာသပတေးဖြင့် ပိတ်ထားသူများ ပြဿနာ အမှုအခင်းများနိုင်သည်။ ရန်များနိုင်သည်။

ယတြာပြုလိုပါက - ကြာသပတေးနေ့ တစ်နေ့တွင် “မုန့်ဖက်ထုပ်” တစ်ထုပ်ကို တောင်းရမ်းစားသူတစ်ဦးအား ပေးကမ်းစွန့်ကြဲလိုက်ပါ။

.

ကြာသပတေး သားသမီးများ

ယခုလတွင် ကြာသပတေး သားသမီးများအတွက် ကံဇာတာ အကောင်း၊ အညံ့များ ရောထွေးနေတတ်သည်။ မိမိ အလုပ်အကိုင် ၊ ဘ၀အခြေအနေနှင့် ပတ်သက်ပြီး တိုးတက်ကောင်းမွန်မှုများနှင့် ကြုံနိုင်သော်လည်း ကျန်းမာရေး ညံ့ခြင်း ၊ မတော်တဆ ထိခိုက် ခံရခြင်း ၊ အိမ်ထောင်ရေး ပြဿနာဖြစ်ခြင်း ၊ အိမ်ထောင်ဘက် ကျန်းမာရေး ချို့ယွင်းခြင်းများ ကြုံရနိုင်သည်။ စပ်တူ ဖက်စပ် လုပ်ငန်းများတွင် ရှယ်ယာဖက် အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ကြုံရတတ်သည်။ ယာဉ်ကား နှင့် ပတ်သတ်သော ကိစ္စများတွင် (လောဘမသတ်နိုင်ပါက) အဆုံးအရှုံးများတတ်သည်။ အချို့သော ကြာသပတေး သားသမီးများတွင် “ထီပေါက်ခြင်း” (သို့) ထီပေါက်ခြင်းကဲ့သို့ ငွေဝင်ခြင်းများ ရှိနိုင်သည်။ သို့မဟုတ် မသန့်ရှင်းသော လာဘ်ငွေများလည်း ၀င်ရောက်ကိန်း ရှိတတ်သည်။ မိခင်ဖြစ်သူ ကျန်းမာရေး ညံ့နိုင်သည်။ ငယ်ရွယ်သူများတွင် အချစ်ရေးကိစ္စများ အလွန်အဆင်မပြေ ဖြစ်တတ်သည်။ မိမိချစ်သူ နှင့် စကားများ ရန်ဖြစ်ကိန်းများ ရှိတတ်ပြီး အဆင်မသင့်လျှင် လမ်းခွဲရသည်အထိ ဖြစ်နိုင်သည်။ ယာဉ်ကား မတော်တဆဖြစ်မှုများ အထူးဂရုပြုပါ။

ယခုလအတွက် နာမည်တွင် ကြာသပတေး စ, ပြီး - တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ဖြင့် ပိတ်ထားသူများ ယခုလ ကံဇာတာ ညံ့ဖွယ်ရှိသည်။ စနေနံ ၊ ရာဟုနံများဖြင့် ပိတ်သူများ ငွေစုငွေပုံ ၊ လာဘ်ငွေများ ၀င်ကိန်း ရှိသည်။ ကြာသပတေး ၊ သောကြာ ၊ တနင်္ဂနွေ ပိတ်ထားသူများ ကံဇာတာ အကောင်းဖက်တွင် ပိုများနိုင်သည်။

ယတြာပြုလိုပါက - ဗုဒ္ဓဟူးနေ့ တစ်နေ့တွင် တန်ခိုးကြီးဘုရားတစ်ဆူတွင် “ရွှေသင်္ကန်း” ကပ်လှူပူဇော်လိုက်ပါ။

.

သောကြာ သားသမီးများ

ယခုလတွင် သောကြာသားသမီးများအတွက် ကံဇာတာ ကောင်းမွန်မှု အထူးများနိုင်သည့် လ, တစ်လဖြစ်နိုင်သည်။ မိမိ၏ စိတ်ကူးကောင်း ၊ စေတနာကောင်း ၊ အကြံဉာဏ်ကောင်းများကို ဖော်ထုတ်ခွင့်ရမည်။ သားသမီး လက်အောက်ငယ်သားများ ၊ လုပ်ဖော်ကိုင်ဖက်များ၏ လေးစားမှု ၊ ချီးမွမ်းမှုကို အထူးခံစားရကိန်း ရှိသည်။ မိမိ၏ ရဲဝံ့စွန့်စားလုပ်ဆောင်မှုများကြောင့် မိမိနာမည် ဂုဏ်သတင်း မွှေးပျံ့မည်။ မိမိသားသမီးများ၏ လေးစားမှုကို အထူးရရှိမည်။ လုပ်ငန်းသစ်များ အကောင်အထည်ဖော် ဆောင်ရွက် ရကိန်း ရှိသည်။ သို့မဟုတ် လက်ရှိလုပ်ငန်းများကို တိုးတက်ချဲ့ထွင်ရတတ်သည်။ သို့သော် မိမိပိုင်ငွေကြေးအချို့ ဆုံးရှုံးကိန်း ရှိနေသည်။ လူလိမ်ခံရခြင်း ၊ လှည့်ဖျားခံရခြင်းများကြောင့် ငွေကြေး အချို့အ၀က် ဆုံးရှုံးကိန်း ရှိနိုင်သည်။ လူမျိုးခြား (သို့) ဘာသာခြား ဒုက္ခပေးခံရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့ဖျင်းတတ်သည်။ စပ်တူ ဖက်စပ်လုပ်ငန်း လုပ်ကိုင်သူများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု ၊ ခိုက်ရန်ဖြစ်ပွားမှုများ ကြုံနိုင်သည်။ ယာဉ်ကား နှင့် ပတ်သက်သော လုပ်ငန်းများတွင် ပြဿနာ အခက်အခဲများ တွေ့ကြုံရင်ဆိုင်ရတတ်သည်။ မိမိထင်သလောက် အကျိုးအမြတ် မများဘဲ ရှိတတ်သည်။

ယခုလအတွက် နာမည်တွင် သောကြာ စ, ပြီး - တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေးဖြင့် ပိတ်ထားသူများ ယခုလတွင် ကံကောင်းမှုများ တိုးတက် များပြားနိုင်သည်။ သောကြာ ၊ တနင်္လာ ၊ စနေ ၊ ရာဟု နံဖြင့် ပိတ်ထားသူများ ပြဿနာများ ၊ ဆုံးရှုံးမှုများ ရှိနိုင်သည် (ကံအကောင်း/အဆိုးရောနိုင်သည်)

ယတြာပြုလိုပါက - တနင်္ဂနွေနေ့ တစ်နေ့တွင် အိမ်ရှိဘုရားကို အုန်းထမင်း ကပ်လှူ ပူဇော်လိုက်ပါ။

.

စနေ သားသမီးများ

ယခုလတွင် စနေသားသမီးများ ကံဇာတာ အကောင်း နှင့် အညံ့များ ရောထွေးနေမည်။ ငွေကြေး အစုအပုံ ၀င်ကိန်း ရှိသကဲ့သို့ အလုံးအရင်း ပြန်ထွက်ကိန်းလည်း ရှိနေမည်။ အလုပ်ရာထူး တိုးတက်ကိန်း ၊ အကျိုးကျေးဇူး ခံစားရကိန်း ရှိသည်။ ဘာသာရေး နှင့် ပတ်သက်ပြီး ထူးခြားသော ကိစ္စများ ဆောင်ရွက်ရတတ်သည်။ အလှူကြီးအတန်းကြီး ပြုရတတ်သည်။ ၀ိပဿနာ တရားများ အားထုတ်ခွင့် ကြုံနိုင်သည်။ ယာဉ်ကား နှင့် ပတ်သက်သော ကိစ္စများတွင် အထူး (အထူး) သတိထား ဆောင်ရွက်ပါလေ။ အဆုံး အရှုံးများကိန်း ရှိနိုင်သည်။ မြေ ၊ အဆောက်အဦ နှင့် ပတ်သတ်သော ကိစ္စများတွင်မူ ကံကောင်းမှု များပြားနိုင်သည်။ အိမ်ထောင်ရေး အရှုတ်အထွေး ပြဿနာ ၊ လိင်ကိစ္စ အရှုတ်အထွေး ပြဿနာ ပေါ်တတ်သည်။ အကျင့်စာရိတ္တမကောင်းသော ဆန့်ကျင်ဘက်လိင်များနှင့် တွေ့ကြုံရတတ်ပြီး လှည့်ဖျားမှု ခံရတတ်၍ သတိပြုပါလေ။ ပြည်တွင်းခရီးဖြစ်စေ ၊ နိုင်ငံခြား ခရီးဖြစ်စေ ခရီး နှင့် ပတ်သက်သော ကိစ္စများ ကံမကောင်းတတ်ပါ။ ခရီးစဉ် ပျက်ပြားခြင်း ၊ ခရီးသွားနေစဉ် အခက်အခဲ အန္တရာယ်များ ကြုံခြင်း များ ဖြစ်တတ်သည်။ ဆေးဘက် ၊ စစ်ဘက် ၊ စက်မှုလက်မှု ၊ အင်ဂျင်နီယာ လုပ်ငန်းများတွင် လုပ်ကိုင်သူများ ရာထူးတက်ခြင်း ၊ လစာတိုးတက်ခြင်း ၊ အခွင့်အရေးကောင်းများရခြင်း တစ်ခုမဟုတ် တစ်ခု အကျိုးခံစားခွင့် ရှိနိုင်သည်။

ယခုလအတွက် နာမည်တွင် - စနေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ပိတ်ထားသူများ အထူးကံကောင်းနိုင်သည်။ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ ပိတ်ထားသူများ ကံဇာတာ အဆိုး/အကောင်း ရောနှောနိုင်သည်။ သောကြာ နှင့် ၊ ရာဟုနံ ပိတ်ထားသူများ ကံဇာတာ အညံ့ပိုများနိုင်သည်။

ယတြာပြုလိုပါက - ကြာသပတေးနေ့ တစ်နေ့တွင် “ပဲပေါင်မုန့်” (၅)လုံးကို နေအိမ်ဘုရားတွင် ကပ်လှူပူဇော်ပေးပါ။

.

ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲမွေးသူများ)

ရာဟုသားသမီးများသည် အချို့သော လ, များတွင် ဗုဒ္ဓဟူးသားသမီးများ နှင့် ကံဇာတာခြင်း တူတတ်သော်လည်း အချို့လများတွင် မတူတတ်ပါ။ ယခုလတွင် ကွဲပြားခြားနားချက် များသောကြောင့် သီးသန့် ခွဲခြားရေးလိုက်ပါသည်။

ယခုလအတွက် ရာဟုသားသမီးများ ကံဇာတာမှာ ကံကောင်း ၊ ကံညံ့များ ရောထွေးနေပြီး ကံဇာတာ ရှုတ်ထွေးနေတတ်ပါသည်။ သို့သော် ကံညံ့မှုက ပိုများနေတတ်သည်။ အိမ်ထောင်ရေး ကိစ္စ အထူးသတိပြုပါ။ အချို့ အိမ်ထောင်ပြုရန် ရက်ရွေးပြီးမှ ပြဿနာ များပေါ်ပေါက်လာခြင်းကြောင့် မင်္ဂလာ ကိစ္စများ ပျက်ပြားတတ်သည်။ ပြဿနာ မကြီးလျှင် လက်ထပ်ရက် ပြန်လည် ရွှေ့ဆိုင်းရတတ်သည်။ သို့သော် အိမ်ထောင်ကျကိန်းကလည်း များနေသောကြောင့် အချို့လည်း အရှုတ်အထွေးများကြားမှ အိမ်ထောင်ကျ ကြပါလိမ့်မည်။ နဂိုကတည်းက အိမ်ထောင်ရေး ပြဿနာ ရှိသော အိမ်ထောင်ရှင်များ ယခုလတွင် ပြဿနာ ကြီးမားတတ်သည်။ မိမိလုပ်ငန်းတွင် ရန်အတိုက်အခိုက် ၊ လုပ်ငန်းအပြိုင် ပေါ်တတ်သည်။ စီးပွားရေး လုပ်ငန်းရှင်များ ရန် ၊ အတိုက်အခိုက် အလွန်များနိုင်သော ကာလဖြစ်တတ်သည်။ ကောင်းသတင်းဖြစ်စေ ၊ မကောင်းသတင်းဖြစ်စေ တစ်ခုခုကြောင့် နာမည်ထွက်ကိန်း ရှိတတ်သည်။ ရေလုပ်ငန်း ၊ စက်မှုလက်မှုလုပ်ငန်း ၊ အကျိုးဆောင်လုပ်ငန်း ၊ ကုန်သည် ပွဲစားလုပ်ငန်း လုပ်သူများ အထူးကျေးဇူးများနိုင်သည်။ ရွှေလုပ်ငန်း လုပ်သူများလည်း အကျိုးများနိုင်သည်။

ယခုလအတွက် နာမည်တွင် - ရာဟုနံ (ရ ၊ ဠ ) စ, ပြီး အင်္ဂါနံ နှင့် ဗုဒ္ဓဟူးနံ ပိတ်သူများသာလျှင် ကံဇာတာ အကောင်းဘက် ပိုများ နိုင်သည်။ ကျန်နေ့နံ ပိတ်သူများ ကံဇာတာ ရှုပ်ထွေးနေမည်။ အထူးသဖြင့် သောကြာနံ နှင့် တနင်္လာနံ ပိတ်သူများ အထူးသတိပြု ပါ။ ကံညံ့မှု ပိုများနိုင်သည်။

ယတြာပြုလုပ်လိုပါက - ဗုဒ္ဓဟူးနေ့ နံနက်တွင် သခွားမွှေးသီး တစ်လုံးကို ဘုရားတွင် ကပ်လှူလိုက်ပြီး ညနေ (၆)နာရီ နောက်ပိုင်းတွင် ဘုရားစင်မှ စွန့်ကာ ဒါးဖြင့် ထက်ခြမ်းခြမ်းပြီး နေအိမ်၏ အရှေ့တောင် အရပ်သို့ သွားရောက်စွန့်ပစ်လိုက်ပါ။

.

နာမည်ဟောကိန်း

.

အောက်ပါ နာမည်ဟောကိန်းမှာ နေ့သင့် နံသင့် အမည်ပေးမထားသူများ နှင့် အများဆုံး သက်ဆိုင်ပါသည်။ (နေ့သင့် နံသင့် နာမည်ပေးထားသူဖြစ်လျှင် အောက်ပါ တွဲလုံးများနှင့် မသက်ဆိုင်ပါ) နေ့သင့် နံသင့် နာမည် ပေးမထားသူများမှာ ယခုလအတွက် ကံဇာတာ အထူးကောင်းနိုင်သည့် နာမည်တွဲလုံးများ နှင့် ကံဇာတာ အထူးညံ့ဖွယ် ရှိသည့် နာမည်တွဲလုံးများကို ရွေးချယ်ပေးထားပါသည်။

အကောင်းဆုံးတွဲလုံး နှင့် အညံ့ဆုံးတွဲလုံးများကိုသာ ရွေးချယ်ပေးထားခြင်းဖြစ်၍ အောက်ပါ နာမည်တွဲလုံး များထဲတွင် မိမိနာမည်တွဲလုံး ပါချင်မှ ပါလိမ့်မည်။ မိမိနာမည်တွဲလုံး မပါဝင်ပါက အထက်မှ (၇)ရက် သားသမီး အဟောများအတိုင်းသာ ယူရန်ဖြစ်ပါသည်။

တနင်္ဂနွေ - အ ၊ ဥ ၊ ဧ ၊ သြ =(၁)

တနင်္လာ - က ၊ ခ ၊ ဂ ၊ ဃ ၊ င = (၂)

အဂၤါ - စ ၊ ဆ ၊ ဇ ၊ စ် ၊ ည = (၃)

ဗုဒၶဟူး - ယ ၊ လ ၊ ၀ = (၄)

ၾကာသပေတး - ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ = (၅)

သောကြာ - သ ၊ ဟ = (၆)

စနေ - တ ၊ ထ၊ ဒ ၊ ဓ ၊ န ၊ ဌ ၊ ဏ = (၀)

ရာဟု - ရ ၊ ဠ = (၈) - ဟု ယူထားပြီး တွဲထားပါသည်။ နေ့နံများကို ဂဏန်းသင်္ချာဖြင့် ဖေါ်ပြထားပါသည်။ နာမည် ရှေ့ဆုံး နှင့် နောက်ဆုံး နေ့နံ နှစ်ခုကိုသာ ယူရမည် ဖြစ်ပြီး အလယ်လုံးများ မယူရပါ။

.

ထို့ကြောင့် ယခုလ(အောက်တိုဘာ)အတွက် -

ကံဇာတာ အထူးတိုးတက်ကောင်းမွန်ဖွယ်ရှိသော (ရှေ့ဆုံး+နောက်ဆုံး) နာမည်တွဲလုံးများ

(၁+၂) ၊ (၂+၁) ၊ (၂+၆) ၊ (၃+၂) ၊ (၃+၃) ၊ (၃+၆) ၊ (၄+၂) ၊ (၄+၆) ၊ (၅+၁) ၊ (၅+၅) ၊ (၅+၀) ၊ (၅+၈) ၊ (၆+၁) ၊ (၆+၃) ၊ (၆+၄) ၊ (၆+၅) ၊ (၀+၁) ၊ (၀+၂) ၊ (၀+၅)

ဥပမာ- (၁+၂) = အောင်ခင် ၊ အောင်မြတ်ကျော် ၊ အေးမွန်ကျော် . . စသည် . .

ကံဇာတာ ညံ့ဖျင်းဖွယ် ရှိသော (ရှေ့ဆုံး+နောက်ဆုံး) နာမည်တွဲလုံးများ

(၁+၅) ၊ (၂+၈) ၊ (၂+၀) ၊ (၃+၅) ၊ (၄+၅) ၊ (၅+၂) ၊ (၅+၃) ၊ (၅+၄) ၊ (၆+၈) ၊ (၀+၆)

ဥပမာ- (၁+၅) = အောင်မြင့် ၊ အောင်ကျော်မိုး ၊ အေးချမ်းမြေ့ . . စသည် . .

.

မှတ်ချက်။။ ကံဇာတာ အကောင်းအညံ့များတွင် ပါနေသော်လည်း “သက္ခတ်” အကောင်းအညံ့အပေါ်တွင်လည်း တည်ပါ သေးသည်။ သက္ခတ်ကောင်းလျှင် ကံဇာတာ အညံ့ထဲပါလျှင်လည်း စိုးရိမ်ရန် မရှိပါ။ မိမိနာမည် နာမည်အညံ့ထဲ ပါလျှင် စားသတိ သွားသတိ ၊ သတိထားမိအောင် ဖော်ပြပေးခြင်းသာ ဖြစ်ပါသည်။ ကြောက်ရွံ့စရာ မလိုပါ။ သန်းပေါင်းများစွာသော (၇)ရက်သားသမီးများအတွက် ယေဘူယျဟောကိန်းမျှသာ ဖြစ်၍ လူတိုင်းအတွက်လည်း မှန်နိုင်မည် မဟုတ်ပါ။

.

ဖတ်ရှုသူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

http://compubaydathukhuma.com/?p=6259 မှကူးယူဖော်ပြပါသည်။