Wednesday, November 2, 2011

100% အောင်မြင်မှုပေးနိုင်တဲ့အရာ......????

*100% အောင်မြင်မှုပေးနိုင်တဲ့အရာ......????*
အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် *၂၆* လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို
ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,
F=6, G=7, H=8, I=9, J=10,
K=11, L=12, M=13, N=14, O=15
P=16, Q=17, R=18, S=19, T=20
U=21, V=22, W=23, X=24, Y=25, Z=26
အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့ နံပါတ်တစ်ခုစီ
ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။
*ု *(Hard Work) = H + A + R + D + W + O + R + K

8 + 1 + 18 + 4 + 23 + 15 + 18 + 11 = *98 %*
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ *၉၈* ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
(Knowledge) = K + N + O + W + L + E + D + G + E
11 + 14 + 15 + 22 + 12 + 5 + 4 + 7 + 5 = *96 %*
ဗဟုသုတပြည့်စုံခြင်းကတော့ *၉၆ %* အောင်မြင်နိုင်ပါတယ်။
(Love) = L + O + V + E
12 + 15 + 22 + 5 = *54 %*
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ *၅၄ ရာခိုင်နှုန်း*ပဲ ရှိပါတယ်။
(Luck) = L + U + C + K
12 + 21 + 3 + 11 = *47 %*
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ *၄၇ ရာခိုင်နှုန်း*ပဲ ပတ်သက်ပါတယ်။
ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့် အကြောင်းတရား
တခုခုတော့ရှိရမယ်။
သိပြီ ပိုက်ဆံ . . . ။
(Money) = M + O + N + E + Y
13 + 15 + 14 + 5 + 25 = *72 %*
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း *၇၂ ရာခိုင်နှုန်း*ပဲ စွမ်းဆောင်နိုင်တယ်။
ဒါဆိုရင်...............
(Leadership) = L + E + A + D + E + R + S + H + I + P
12 + 5 + 1 + 4 + 5 + 18 + 19 + 8 + 9 + 16 = *89 %*
ခေါင်းဆောင်မှုကောင်းရင်တော့ *၈၉ ရာခိုင်နှုန်း* အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .စိတ်နေစိတ်ထား။
(Attitude) = A + T + T + I + T + U + D + E
1 + 20 + 20 + 9 + 20 + 21 + 4 + 5 = *100 %*
ရပါပြီ . . . ဘ၀ကို *၁၀၀ ရာခိုင်နှုန်း* အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။
ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး
ပြောင်းလဲနိုင်ပါတယ်။ အခု အဖြေကို သိရပါပြီ။ ကဲ . . . သူငယ်ချင်းတို့
ဘာဆက်လုပ်ကြမလဲ . . . ?
(Forward Mail ကပါနော်..)
--
..................
Lin Linn

ပြဿနာ သေးသေးမွှားမွှားဖြင့် သင့်ကိုယ်အား ဒေါသငွေ့များ ဖုံးလွှမ်းစေပါသလား

*ပြဿနာ သေးသေးမွှားမွှားဖြင့် သင့်ကိုယ်အား ဒေါသငွေ့များ ဖုံးလွှမ်းစေပါသလား?*
တစ်ခါက လူတစ်ဦးသည် တောထဲတွင် လှည့်လည်နေရင်း ဆာလောင်နေသော ခြင်္သေ့တစ်ကောင်နှင့်
တိုးသည်။ ခြင်္သေ့မှာ ဟိန်းဟောက်ပြီး သူ့ကို ခုန်အုပ်လေသည်။ ထိုလူမှာရှိသမျှ
ခွန်အားဖြင့် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးလေတော့သည်။ ပြေးရင်းလွှားရင်း
ချောက်ကမ်းပါး တစ်ခုသို့ ရောက်လာခဲ့သည်။ သူသည် ချောက်ကမ်းပါးထိပ်တွင် ရပ်ပြီး
"ခြင်္သေ့ဖမ်းမိပြီး အရှင်လတ်လတ် အစားခံရမဲ့အတူ ချောက်ထဲခုန်ချလိုက်တာ
ပိုကောင်းမယ်။ မတော်တဆ အသက်ရှင်နိုင်သေးတယ်"ထိုသို့တွေ
းမိပြီး ချောက်ထဲသို့
ခုန်ချလိုက်လေသည်။ ကံကောင်း ထောက်မစွာ ချောက်ကမ်းပါးဘေးတွင် ပေါက်နေသော သစ်ပင်
တစ်ပင်ပေါ်တွင် ခံနေခဲ့သည်။ ထိုသစ်ပင်ပေါ်တွင် ချိုမြိန်သော အသီးများဖြင့်
ပြည့်နှက်နေခဲ့သည်။
ထိုအချိန်တွင် ချောက်အောက်မှ ဟိန်းဟောက်သံ ကြားသောကြောင့် ကြည့်လိုက်ရာ
သူကျအလာကို စောင့်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ပြန်သည်။ "ခြင်္သေ့နဲ့ကျား
ကြမ်းတမ်းတဲ့ အကောင်တွေဖြစ်တယ်။ အပေါ်ပဲတက်တက် အောက်ပဲဆင်းဆင်း အစားခံရမယ့်အတူ
အပင်ပေါ်မှာ ခဏနားနေလိုက်တာ ကောင်းမယ်" ဟုတွေးလိုက်မိသည်။
နားရန်ဆုံးဖြတ်လိုက်စဉ် အသံတစ်သံကို ကြားလိုက်မိပြန်သည်။ အသံ လာရာဆီသို့
ကြည့်လိုက်ရာ ကြွက်ဖြူကြွက်မဲ နှစ်ကောင်မှာ သူရှိနေသော သစ်ကိုင်းအား
ကိုက်ဖြတ်နေသည်ကို တွေ့လိုက်မိသည်။ သူ တုန်လှုပ်သွားမိပြီး " ကျားကိုက်ပြီး
သေမယ့်အတူတူ သစ်ကိုင်းကျိုးကျပြီး သေတာက ကောင်းဦးမယ်"ဟု တွေးလိုက်မိပြန်သည်။
ထို့နောက် သစ်ကိုင်းပေါ်တွင် နားနေပြီး ဆာလောင်လာသောကြောင့် သစ်သီးများကို
ခူးစားလေတော့သည်။ ဗိုက်ပြည့်သောအခါ " သေရမဲ့ အတူတူ မသေခင် တစ်ရေး
အိပ်လိုက်ဦးမယ်" ဟုတွေးပြီး သစ်ကိုင်းကို မှီပြီး အိပ်နေခဲ့သည်။
သူ နိုးလာသော အချိန်တွင် သစ်ကိုင်းကို ကိုက်ဖြတ်နေသော ကြွက်နှစ်ကောင်ကို
မတွေ့တော့။ ထိုအတူ ခြင်္သေ့နှင့် ကျားကိုလည်း မတွေ့တော့ပေ။ အကြောင်းမှာ
သူအိပ်ပျော်နေသော အချိန်တွင် ဆာလောင်သော ခြင်္သေ့က အစာကို မစောင့်နိုင်သဖြင့်
ချောက်ထဲသို့ လိုက်ခုန်ချခဲ့သည်။ ချောက်အောက်ရှိ ကျားနှင့်တိုးပြီး အချင်းချင်း
ကိုက်ဖြတ်ကာ အသီးသီးဒဏ်ရာရပြီး ထွက်ပြေး ကုန်ကြသောကြောင့်ဖြစ်သည်။
ခြင်္သေ့နှင့်ကျား ဟိန်းသံကြားသောကြောင့် ကြွက်နှစ်ကောင်မှာလည်း လန့်ပြီး
ထွက်ပြေးခဲ့ကြသည်။ ထိုအခါမှ သူသည်သစ်ပင် ပေါ်မှ ဆင်းပြီး သတိနှင့်
ကမ်းပါးထိပ်သို့ တက်ရောက်ခဲ့သဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့ရသည်။
ကျွန်တော်တို့ မွေးဖွား ကြီးပြင်းလာသည့် အချိန်မှာ စ၍ ပင်ပန်း ဆင်းရဲခြင်းသည်
ဆာလောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျွန်တော်တို့အား လိုက်နေခဲ့သည်။
သေဆုံးခြင်းသည် ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ချောက်အောက်တွင်
ကျွန်တော်တို့အား စောင့်နေခဲ့သည်။ နေ့နှင့်ည ပြောင်းလဲနေသော အချိန်များသည်
ကြွက်ဖြူနှင့် ကြွက်မဲကဲ့သို့ ကျွန်တော်တို့ ခဏသာ ရပ်တည်နေသော (ဘ၀) သစ်ပင်ကို
ကိုက်ဖြတ်နေကြသည်။ တစ်နေ့နေ့တွင် ကျွန်တော်တို့သည် ခြင်္သေ့နှင့်ကျား၏ အစားကို
ခံရမည်ဖြစ်သည်။ ထိုသို့ အစားမခံရခင် သစ်ပင်ပေါ်ရှိ ချိုမြိန်သော အသီးများကို
စားသုံးရင်း အပင်ပေါ်မှ နေ၍ လှပသော ရှုခင်းများကို ခံစားနေမည် ဆိုလျှင် စိတ်သည်
ရိုးရှင်းပြီး စိုးရိမ်ပူပန်မှုများ ကင်းရှင်းနေလိမ့်မည်။
သင်၏ အချိန် တစ်မိနစ် တစ်စက္ကန့်ကို ကောင်းသောအတွေး၊ လှပသောအရာများနှင့်
ခံစားခဲ့ဖူးပါ သလား။ သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူရည်းစား၊
အိမ်သူအိမ်သားများနှင့် ဘာမှမဟုတ်သော ပြဿနာ သေးသေးမွှားမွှားဖြင့် သင့်ကိုယ်အား
ဒေါသငွေ့များ ဖုံးလွှမ်းစေပါသလား။ ပြူတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။
သို့မဟုတ်လျှင် ကြည်လင်သော ကောင်းကင်ပေါ်တွင် ဟိုဒီ ပြေးလွှားကစားနေသော
တိမ်ဖြူလေးများဖြင့် လှပသော နေ့ရက်တစ်ရက်ကို သင့် လက်လွှတ်သွားပါလိမ့်မည်။
နိုင်းနိုင်းစနေဘာသာပြန်သည်။
--
..................
Lin Linn

ကြည့်စရာရှားလို့...


ကြောက်မတ်ဖွယ်မီးကျောင်းကြီးအား အပျော်တမ်းကြည့်နေကြပုံ

ဩစ တြေး​လျ နိုင်ငံတွင် ကြီး​မား​လှ​သော မိ​ကျောင်း​ကြီး​များ​ကို ကမ္ဘာလှည့်​ခရီး​သည်များ​အနီး​ကပ် ကြည့်​ရှုနိုင်​အောင် ဝန်​ဆောင်မှု​ပေး​သော လုပ်ငန်း​မှာ အောင်မြင်မှုများ​ရရှိ​နေသည်။

၁၈ ပေမျှ ရှည်လျား​ပြီး​၂ တန်မျှ အ​လေး​ချိန်ရှိ​သော ရေ​နေ သား​စား​သတ္တဝါကြီး​များ​သည် ကမ္ဘာလှည့်​ခရီး​သည်များ​ကို တင်​ဆောင်လာသည့်​စက်​လှေအနီး​တွင် အစာကို အလုအယက် စား​သောက်​နေကြသည်။ ခရီး​သွား​လမ်း​ညွှန်တစ်ဦး​က တိုင်ထိပ်တွင် သား​ပိုက်​ကောင်သား​ကို တပ်ထား​ပြီး​ရေပြင်​ပေါ်တွင် အ​ယောင်ပြ​နေချိန်တွင်ယင်း​သား​ပိုက်​ကောင် အသား​ကို ကြီး​မား​လှသည့်​ရေငန် မိ​ကျောင်း​ကြီး​က ခုန်ဟပ်​နေပုံအား ဓာတ်ပုံဆရာမ ကက်ထရီနာ ဘရီဂီဖို့​က မှတ်တမ်း​တင်နိုင်ခဲ့​သည်။

ထိုမိ ကျောင်း​ကြီး​ခုန်​နေစဉ်က မိမိတို့​သည် လက်ဖြင့်​ပင် လှမ်း​ကိုင်၍ ရ​လောက်​အောင် နီး​ကပ်​ကြောင်း​ကက်ထရီနာက ပြောကြား​ခဲ့​သည်။ သူမသည် ထိုခရီး​စဉ်တွင် ၁၁ နှစ်အရွယ် သား​ငယ်ကိုပါ ခေါ်သွား​ခဲ့​သည်။ မိ​ကျောင်း​ကြီး​ခုန်ထွက်လာချိန်တွင် လှေ​ပေါ်မှ လူတိုင်း​ပါး​စပ်မှ အာ​မေဋိတ်မျိုး​စုံ ထွက်လာ​ကြောင်း ကက်ထရီနာကဆိုသည်။ ဩစ​တြေး​လျသည် ကမ္ဘာ​ပေါ်တွင် ရေငန်မိ​ကျောင်း အများ​ဆုံး​ကျက်စား​သည့်​နိုင်ငံတစ်ခုဖြစ်သည်။

ရေငန်မိ ကျောင်း​များ​သည် ကမ္ဘာ​ပေါ်တွင် အရွယ်အစား​အကြီး​မား​ဆုံး မိ​ကျောင်း​မျိုး​စိတ်လည်း​ဖြစ်သည်။ ဩစ​တြေး​လျတွင် နှစ်အတန်ကြာအတွင်း​လူအချို့​မိ​ကျောင်း​ကိုက်ခံရ၍ သေဆုံး​လေ့​ရှိပြီး​၂၀၀၉ ခုနှစ်က ဒါဝင်မြို့​အနီး ဘလက်ဂျန်း​ဂဲလ် ရွှံ့​နွံပြင်အနီး​ဆော့​ကစား​နေသည့်​၁၁ နှစ်အရွယ် က​လေး​မ​လေး​တစ်ဦး​အပါအ၀င် ဩစ​တြေး​လျ မြောက်ပိုင်း​တွင် လူ ၃ ဦး​ထိ မိ​ကျောင်း​ကိုက်ခံရ၍ သေဆုံး​ခဲ့​သည်။


FWD MAIL


Photo_ScreenSaver_Maker

ကိုယ်မှာရှိတဲ့ပုံလေးတွေနဲ့
သီချင်းနဲ့ screensaver လေးတွေဖန်တီးချင်ရင်
ဒီကောင်လေးဒေါင်းလိုက်ပါဗျာ
ကီးလည်းပါပြီးသားပါ ဖူးဘားရှင်းလေးပေါ့ 
အဆင်ပြေကြပါစေဗျာ ...