Tuesday, December 20, 2011

နားရွက်


တရွေ့ရွေ့ ရွေ့နေတဲ့ ယိုယွင်းမှု အရွေ့တွေကို နာလွန်းလို့ နားခိုရာ ရှာနေရင်း ရွာထိပ်က နေကြာခင်းထဲအရောက် နားရွက်တစ်ခု ကောက်ရခဲ့တယ်။ ယာတောက ပြန်လာချိန်မှာ မေမေ ထမင်းချက်နေတုန်းပဲ ရှိသေးတယ်။
                        
စာမတတ်တဲ့ မေမေက ဆောင်းရာသီရောက်တိုင်း အအေးမိနေကျ။  နှပ်တရှုပ်ရှုပ်နဲ့ အလုပ်ရှုပ်နေတဲ့ မေမေက မီဖိုးချောင်ထဲက ထွက်လာရင်း မေးတယ်။

“လက်ထဲက ဘာပုလင်းလဲ။”

ဘာမှ ပြန်မပြောဘဲ နေကြာခင်းထဲက ကောက်တွေ့ခဲ့တဲ့ ပုလင်းကို မေမေ့လက်ထဲ ထည့်ပေးလိုက်တယ်။ မေမေက ပုလင်းကို ခဏပဲ ကြည့်ပြီး ပြန်ပေးတယ်။ နားရွက်ပါတဲ့ ပုလင်းကို မေမေ စိတ်မ၀င်စားဘူး။ ပြန်လှည့်သွားပြီး မိသားစုအတွက် မနက်စာ ဆက်ချက်နေတယ်။

ညီမလေး ဇာခြည်ဦး မေမေနဲ့အတူ ကြက်သွန်ဖြူ အခွံသင်နေတယ်။ ညီမလေးက လာကြည့်ချင်ပုံရတယ်။ ဒါပေမယ့် လာမကြည့်ဘူး။ ဘာလို့လဲတော့ မသိဘူး။

မူလတန်းပညာရေးတောင် မပြီးဆုံးခဲ့ဘဲ စာကြမ်းပိုး ဖြစ်လာခဲ့တဲ့ မမမူကတော့ ထုံးစံအတိုင်း စာအုပ် လက်ကြားညှပ်နဲ့။ အနားလာပြီး ဖန်ဗူးထဲ စူးစိုက်ကြည့်ရင်း အတည်ပေါက်ကြီး ကောက်ချက်ချတယ်။

“မင့်ဟာ . . . နားရွက်။ ဗန်ဂိုးရဲ့ နားရွက် ဖြစ်နိုင်တယ်။”

သားထောက်သမီးခံ မရှိတဲ့ မုဆိုးမ မမမူက လောကကြီးကို သိပ်ပြီး စိတ်ဝင်စားတာ မဟုတ်ဘူး။ သူ့ဟာသူ အေးအေးဆေးဆေး နေတာ။ ဘယ်လို ပြဿနာကိုမှလည်း မမမူ မမှုဘူး။ မမမူရဲ့ သီအိုရီက ပြဿနာတိုင်းမှာ အဖြေရှိတယ်။ စိတ်ကူးယဉ်တာကို အနုပညာလို့ မမမူ သတ်မှတ်တယ်။ သူ အနုပညာရှင် မဖြစ်နိုင်တာကိုတော့ သူ နည်းနည်းလေးမှ စိတ်ကသိကအောက် မဖြစ်ဘူး။ သူက တော်တော်လေးတော့ စိတ်ကူး ယဉ်တတ်တယ်။

နားရွက် ကောက်ရခဲ့တယ်ဆိုတဲ့သတင်း ကြားကြတဲ့ အိမ်နီးနားချင်းတွေ ဆယ့်ငါးယောက်လောက် လာကြည့်ကြတယ်။ တော်တော်များများက မမမူရဲ့ ကောက်ချက်ကို လက်ခံကြတယ်။ နားရွက်ဆိုတာကို ယုံကြတယ်။ တစ်ချို့ကတော့ နားရွက်မဖြစ်နိုင်ဘူးတဲ့။ ဗန်ဂိုးဆိုတာကိုတော့ သူတို့ သိကြဟန် မတူဘူး။ ရွာမှာ ဗန်ဂိုးအကြောင်း သိတဲ့သူ ရှားတယ်။ လက်ချိုးရေလို့ ရတယ်။ ရွာဦးကျောင်း ဆရာတော်။ ဦးဇင်း ဦးဝိစိတ္တ။ ကိုရင်ကြီး ဦးသြသဓ။ ကျောင်းဆရာကြီး ဦးဖိုးကျား။ ရွာဆော်ကြီး ဦးသိန်းစိန်။ မမမူ။ မမြမှီ။ မြေတိုင်းစာရေး ကိုဂျွန်ပေါ။ ဆရာမလေး အေးသီတာ။

ဖေဖေနဲ့ ကိုကိုတို့ လယ်တောက ပြန်လာကြပြီ။ ကောက်လှိုင်းလှည်းကြီးနဲ့။ ကိုကိုက နွားတွေကို ကောက်လှိုင်းလှည်းကနေ ဖြုတ်ပြီး နွားစားကျင်းမှာ တတ်တယ်။ နွားစာကို နှမ်းဖတ်ပုပ်ရည် ဖျန်းပေးတယ်။ ဖေဖေကတော့ လှည်းပေါ်က ဆင်းတာနဲ့ ရုံးစုရုံးစု ဖြစ်နေတဲ့ နေရာ ရောက်လာပြီး ခဏ အကဲခတ် ကြည့်တယ်။ အခြေအနေကို ခြုံပြီး နားလည်လိုက်တဲ့ အခါမှာ ဘယ်သူ့ကိုမှ သီးသန့် မရည်ရွယ်ဘဲ လေသံအေးအေးနဲ့ မေးလိုက်တယ်။

“နားရွက်က ဘယ်ဘက်လား ညာဘက်လား။”

ဘယ်သူမှ မဖြေကြဘူး။ ကာယကံရှင် ကိုယ်တိုင်လည်း နားရွက်ကိုသာ စိတ်ဝင်စားနေတာ။ ဘယ်လားညာလား မစဉ်းစားမိဘူး။ ဖန်ဗူးလေးနဲ့ ထည့်ထားတာမို့ စိတ်ဝင်စားလို့သာ ကောက်ယူခဲ့တာ။ အစက နားရွက်ရယ်လို့တောင် သိခဲ့တာ မဟုတ်ဘူး။ မမမူ ပြောလို့သာ နားရွက်လို့ လက်ခံထားတာ။ ဘယ်နားရွက်လား ညာနားရွက်လား မမမူကို မေးမယ်လုပ်တော့ မမမူက ရေခပ်ထွက်သွားပြီ။ နားရွက် ဘယ်လားညာလား စဉ်းစားနေကြချိန်မှာ ဖေဖေနဲ့ ကိုကိုကို မေမေက သတိပေးတယ်။

“ကဲ ရေသွားချိုးကြ။ ထမင်းကျက်ပြီ။”

နားရွက် လာကြည့်ကြတဲ့ အိမ်နီးချင်းတွေ တဖြုတ်ဖြုတ်နဲ့ ပြန်သွားကြတယ်။ ဖေဖေနဲ့ ကိုကိုတို့ ရေချိုးထွက်သွားကြပြီ။ ရေခပ်သွားတဲ့ မမမူ ပြန်မလာသေးဘူး။ မေမေနဲ့ ညီမလေးတို့ ထမင်းပွဲပြင်ဖို့ ဇွန်းတွေ ပန်းကန်တွေ ပန်းကန်ပြားတွေ ဆေးနေကြတယ်။ ထမင်း စားချင်စိတ် မရှိသေးဘူး။ နားရွက်ကိုပဲ စိတ်ဝင်စားနေမိတယ်။ နွားတွေကတော့ နားရွက်တွေ စွင့်ထောင်လို့။ လှမ်းမျှော်ကြည့်နေကြတယ်။ နွားစားကျင်းထဲမှာ နွားစာ ကုန်လောက်ပြီ။

:)
ရှင်အာစာရ
21Dec11

WiFi ပြန်လွင့်လျှင် no internet access ဖြစ်နေခြင်းအတွက်..


11 Dec 11, 11:22 AM
ရဲသူ: ကျနော် လက်တော့ နဲ့  wifi သုံးနေတာတနေ့ ကထိ အဆင်ပြေနေသေးတယ်။မနေ့ က wifi ဖွင့်လိုက်တော့လိုင်းတော့မိတယ်ဗျ(connected )လို့ ပြပြီး no internet accessဖြစ်နေတယ်။အခုဒီစာရေးနေတာက သူငယ်ချင်း၇ဲ့ broadband ငှားပီး ကူညီဖြေကြားပေးပါခင်ဗျာ

16 Dec 11, 03:53 PM
ဟိန်းဇော်:ဟိန်းဇော်: ကျနော်လဲကိုရဲသူလိုဖြစ်နေတယ်ဗျာ လက်တော့ကနေ wifi ပြန်လွင့်တာ မှာ no internet access ဖြစ်နေတယ် ကျနော်လဲကိုရဲသူလိုဖြစ်နေပါတယ်။ကူညီပေးပါ

***ဧကရီ***

ကိုရဲသူ နဲ့ ကိုဟိန်းဇော်မေးထားတာ ဧကရီ ရှာဖွေသိသလောက်ဖြေပေးလိုက်ပါတယ်ရှင့်..
အခု software လေးက Connectify Pro v3.25 Full Patch လေးပဲဖြစ်ပါတယ်။
wifi ပြန်လွင့်တာ မှာ no internet access ဖြစ်နေကို ပြုပြင်လို့လည်းရသလို
မိမိကွန်ပျူတာ WiFi အင်တာနက်ကို share ပေးတဲ့ software လေးပဲဖြစ်ပါတယ်။
computer to computer ၊ computer to phone၊ computer to ipad ၊
တို့ကို Share ပေးတဲ့ နေရာမှာ မိမိတို့ နှစ်သက်သလို Password ခံပေးနိုင်ပါတယ်၊


အောက်မှာ အဆင်ပြေသလိုဒေါင်းရန်။

http://downloads.connectify.me/ConnectifyInstaller.exe

http://www.downloads.connectify.me/ConnectifyInstaller.exe

facebook မှာ smile ပုံလေးတွေ သုံးပြီးချက်ရအောင်



facebook မှာ ဒီလို smile ပုံလေးတွေ အသုံးပြုချင်သူများအတွက် လုပ်ပုံလုပ်နည်းလေး တင်ပေးလိုက်ပါတယ်။
ပထမဆုံး အောက်က လင့်လေးကိုသွားပြီးတော့ facemoods plugin လေးကို download လုပ်လိုက်ပါ။အဲ့လင့်က အဆင်မပြေဘူးဆိုရင် တခြားဒေါင်းလုတ်ဆိုဒ်တွေကနေလဲတင်ပေးထားပါတယ်။

http://for-facebook.net/plugins/

http://www.mediafire.com/?z15a8umwz84h7b7

http://ifile.it/pio2awc/Facemoods.exe

http://www.zshare.net/download/97582155e0675803/

http://www.ziddu.com/download/17876900/Facemoods.exe.html

http://www.mirrorcreator.com/files/4ZE4LPVE/

ဒီ plugin လေး ကို ဒေါင်းပြီးပြီဆိုရင် run လိုက်ပါ။


run တဲ့အခါ အပေါ်ကပုံလေးလို ပေါ်လာတဲ့အခါ အမှန်ခြစ်လုပ်ထားတဲ့နေရာလေးတွေမှာ အမှတ်လေးတွေကို ဖြုတ်ပေးလိုက်ပါ။အဲ့နေရာတွေမှာ အမှတ်ခြစ်စရာမလိုပါဘူး။ပြီးမှ Agree & Continue လုပ်ပါ။browser ကို restart ချခိုင်းပါလိမ့်မယ်။အားလုံးပြီးရင် မိမိရဲ့ facebook အကောင့်ကို အသစ်ပြန်ဝင်လိုက်ပါ။



အပေါ်ကပုံထဲကအတိုင်း စာရေးတဲ့နေရာလေးမှာ smile ပုံလေးရောက်နေပါလိမ့်မယ်။နိုပ်လိုက်ရင်ဘေးက ဘောက်လေးထွက်လာပါမယ်။ဒါဆိုရင်အသုံးပြုလို့ရပါပြီ။အဲတစ်ခုတော့ရှိတယ်။ကိုယ်ဘက်ကဘဲ ဒီplugin ကို run
ထားတာဖြစ်တဲ့အတွက် တခြားတဖက်မှာ စာတွေဘဲပေါ်နေပါလိမ့်မယ်။ဂျီတော့မှာ smile ပုံတွေသုံးသလိုဘဲ ဟိုဘက်လူကလဲ run ထားမှ ပုံလေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။အားလုံးအဆင်ပြေပါစေ။