Saturday, April 28, 2012

လီမွန်ကြက်သားကြော်


လီမွန်ကြက်သားကြော်က လီမွန်နဲ့ ရောကြော်ထားတာမို့ လီမွန် အနံ့လေးရော၊ အရသာလေးပါ စားလို့ ကောင်းပါတယ်… ထမင်းနဲ့ တွဲစားဖို့လည်း အလွန်လိုက်ဖက်တဲ့ တရုတ်ဟင်းလျာ တစ်မျိုးပါပဲ။ တူတူချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၁၅ကျပ်သား (၁လက်မအရှည်အစောင်းလှီးပါ)
၂။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၎။ ငရုတ်ကောင်းမှုန့် – အနည်းငယ်
၅။ ခရုဆီ – လက်ဖက်ရည်ဇွန်း တ၀က်
၆။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ရ။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၅ဇွန်း
၈။ လိမ္မော်ခွံ – အနည်းငယ် (ခြစ်တံဖြင့် စားပွဲတင်ဇွန်း တ၀က်စာ ခြစ်ထားပါ)

ဆော့လုပ်ရန် ပါဝင်သောပစ္စည်းများ
၁။ လိမ္မော်သီး – ၁လုံး (အခွံနွှာ အစေ့ထုတ်ထားပြီ အရည်ညစ်ရန် အဆင်သင့်လုပ်ထားပါ)
၂။ ဗနီဂါ – စားပွဲတင်ဇွန်း တ၀က်
၃။ ပဲငံပြာရည်အရည် – စားပွဲတင်ဇွန်း ၂ဇွန်း
၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ရေ (သို့) ကြက်ပြုတ်ရည် ( လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ)
၆။ ကော်မှုန့် – စားပွဲတင်ဇွန်း၁ဇွန်း
ရ။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပါးပါးလှီးထားသော ကြက်သားများကို ပါဝင်ပစ္စည်များ ( ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ နှမ်းဆီ) တို့ဖြင့် သမအောင် ဇောက်ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။
၂။ ပြီးလျှင် ရောနယ်ထားသော ကြက်သားများကို ဂျုံမှုန့် များဖြင့် ကပ်ပေးပါ။
၃။ ကြက်သား စကြော်လို့ ရပါပြီ။ ဒယ်ထဲကို ဆီများများ ထည့်ပြီ ကြက်သားများကို မကပ်စေရန် ၂သုတ်လောက် ခွဲပြီ မီးအသင့်တင့်ဖြင့် အညှိရောင်သန်းသည် အထိ ကြော်ပေးပါ။
၎။ အညှိရောင်သန်းလာပြီ ဆိုလျှင် ကြက်သားများကို ဆီစစ်၍ ပြန်ဖယ်ထားပေးပါ။
၅။ ကြက်သားကြော်ပြီလျှင် ဆော့မချက်မီ လိမ္မော်သီးကို အဖတ်များ မပါပဲအရည်ရအောင် ဇကာဖြင့် ညှစ်ထုတ်ပေးပါ။

၆။ ပြီးလျှင် ဆော့စချက်ပါတော့မည်။ ဒယ်ထဲသို့ ဆော့ချက်ရန် ပါဝင်ပစ္စည်များ ဖြစ်သော (လိမ္မော်ရည်၊ ဗနီဂါ၊ ပဲငံပြာရည်အကြည်၊ သကြား၊ ရေ၊ ကြက်သွန်ဖြူ၊ နီ) တို့ကို ထည့်ပြီ မီးအသင့်တင့်ဖြင့် ၁မိနစ်ခန့် ဆူအောင် တည်ထားလိုက်ပါ။
ရ။ ဆူလာလျှင် အရသာ အပေါ့အငံ့ကို မြည်း၍ အနေတော်လျှင် ကြော်ထားသော ကြက်သားများ နှင့် လိမ္မော်အနံ့မွှေးအောင် ခြစ်ထားသော လိမ္မော်ခွံများကို ထည့်ပြီ ရောမွှေလိုက်ပါ။
၈။ ပြီးမှ ကော်မှုန့် (စားပွဲတင်ဇွန်း၁ဇွန်း)ကို ရေအနည်းငယ်ဖြင့် ဖျော်၍ ဒယ်ထဲသို့ လောင်းချလိုက်ပါ။
၉။ လိမ္မော်အနံ့အရသာ မွှေးကြိုင်နေသည့် လီမွန် ကြက်သားကြော်ကို ထမင်းနဲ့ မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ….

from http://getacookrecipe.wordpress.com/

Wednesday, April 25, 2012

Tuesday, April 24, 2012

ပုဇွန်ထုတ်ကြော်

ပုဇွန်ထုတ်ကြော်

ဒီပုဇွန်ထုတ်ကြော် ချက်နည်းက ၀တ်ရည် အကိုကြီးရဲ့ ချက်နည်းပါ။ အကိုကြီး ရန်ကုန် ပြန်လာလည်တိုင်း ချက်ကျွေးလေ့ ရှိတာမို့ အမှတ်တရ အနေနဲ့ မနေ့က လုပ်စား ဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အရသာက ချိုစိမ့် မွှေးနေပါတယ်။ ပုဇွန်ကျောခွဲပြီ အစားသွပ်ထားတာမို့ သာမန် ပုဇွန်ထုတ်ကြော်တွေနဲ့ လုပ်နည်း လုံးဝ မတူပါဘူး။ ချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်ထုတ် – ၄ကောင်
၂။ မုန်လာဥနီ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်ဆင်းပါ)
၎။ ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)
၅။ ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်ဥ – တ၀က် (ခလောက်ပါ)
၉။ ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ပုဇွန်ထုတ်ကိုကို ရေစင်အောင် ဆေးပြီ အခွံကို အလယ်ကနေ ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။ ပြီလျှင် ဓားဖြင့် အလယ်ကြောကို အနည်းငယ် လှီးလိုက်ပါ။

၂။ ထို့နည်းအတိုင်း ကျန်ပုဇွန်ထုတ် ၃ကောင်ကို ဆက်လက်ပြုလုပ်ပါ။
၃။ ပြီးလျှင် ပါဝင်သောပစ္စည်းများ ဖြစ်သော (မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ သကြား၊ ခရုဆီ၊ ကြက်ဥ၊ ဂျုံ) တို့ကို ခွက်တစ်ခုထဲ ရောနယ်လိုက်ပါ။

၎။ ပြီးလျှင် ရောနယ်ထားသော အစားများကို ပုဇွန်ထဲသို့ အစားသွပ်ပေးပါ။

၅။ ခုပုဇွန်ထုတ်ကြော်လို့ ရပါပြီ။ ဒယ်ထဲ ဆီစားပွဲတင်ဇွန်း ၂ဇွန်း ထည့်ပြီ အစားသွပ်ထားသော ပုဇွန်များကို မီးအသင့်တင့်ဖြင့် ၂မိနစ်ခန့် ဆီပူထိုးကြော်ပေးပါ။
၆။ အရသာရော၊ အနံ့ပါ သင်းသည့် ပုဇွန်ထုတ် ကြော်လေးကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ…


From Wutyee Food House