Sunday, December 12, 2010

ကွန်ပျူတာကို အချိန်လေးပေးပြီး auto shutdown လုပ်မယ်။

ဒီနည်းလေးက အလွယ်နည်းလေးပါဘဲ။ဘာမှလဲ မခက်ပါဘူး။သိပြီးတဲ့သူများလဲ သိပြီးသားဖြစ်မှာပါ။မသိသေးတဲ့သူများအတွက်ပါ။
ပထမဆုံး window  Start Button ကို နှိပ်ပြီး Run ကိုဖွင့်လိုက်ပါ။ဒါမှမဟုတ် keyboard မှ Window+R ကိုနှိပ်ပြီး ဖွင့်ပါ။
ဒုတိယအဆင့် အနေနဲ့ shutdown.exe -s -t #### ကို ရိုက်ထည့်ပြီး ok နိုပ်ပေးလိုက်ပါ။
####နေရာမှာ ဂဏန်းလေးတွေ ထည့်ပေးလိုက်ပါ။ဥပမာ 3600 လို့ ထည့်လိုက်ရင် စက္ကန့် ၃၆၀၀ (တစ်နာရီ) ကြာရင် ကွန်ပျူတာကို ဘာမှ မထိ ခိုက်စေဘဲ ပိတ်ပေးပါလိမ့်မယ်။
ဒီပုံလေးက ရိုက်ထည့်လိုက်ရင် အောက်ဘားမှာ ပေါ်လာမယ့် message box လေးပါ။


တကယ်လို့ ပေးထားတဲ့Command ကို ပြန်ဖျက်မယ်ဆိုရင်  Run Box မှာပဲ shutdown.exe -a ပြန်ရိုက်ပြီး Ok ပေးလိုက်ပါ။ဒီပုံလေးပေါ်လာပါလိမ့်မယ်။





ကွန်ပျူတာကိုဖွင့်ပြီး သီချင်းလေးနားထောင် အိပ်ချင်သူများ။ဒေါင်းလုတ်ချထားပြီး မစောင့်ချင်သူများ အတွက် ထပြီးပိတ်စရာမလိုဘဲ အဆင်ပြေစွာ အိပ်စက်နိုင်ပါပြီ။