Sunday, November 7, 2010

ထပ်မံရရှိသော မြန်မာနိုင်ငံ ရွေးကောက်ပွဲသတင်း(၂)

အနိုင်ရ ပါတီကိုယ်စားလှယ်များ
November 07, 2010
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)
ဦးအောင်သိန်းလင်း (ရန်ကုန် မြို့တော်ဝန်)
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း
ပြည်သူ့လွှတ်တော်
---------------
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)
ဦးသိန်းစိန် (ဝန်ကြီးချုပ်)
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ခရိုင်
ပြည်သူ့လွှတ်တော်
----------------
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)
သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)
ဇေယျာသီရိမြို့နယ်၊ နေပြည်တော်ခရိုင်
ပြည်သူ့လွှတ်တော်
----------------
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)
ဦးမြင့်လှိုင် (ဒု ဗိုလ်ချုပ်ကြီးဟောင်း)
ဒက္ခဏသီရိမြို့နယ်၊ နေပြည်တော်ခရိုင်
ပြည်သူ့လွှတ်တော်
-----------------
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)
ဦးမြင့်လှိုင် (ဒု ဗိုလ်ချုပ်ကြီးဟောင်း)
ဒက္ခဏသီရိမြို့နယ်၊ နေပြည်တော်ခရိုင်
ပြည်သူ့လွှတ်တော်
--------------------
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)
ဦးမြင့်လှိုင် (ဒု ဗိုလ်ချုပ်ကြီးဟောင်း)
ဒက္ခဏသီရိမြို့နယ်၊ နေပြည်တော်ခရိုင်
ပြည်သူ့လွှတ်တော်
---------------
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)
ဦးကျော်မင်းလှိုင်
ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း
ပြည်သူ့လွှတ်တော်
--------------------
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)
ဒေါက်တာ တင်ရွှေ
ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း
မဲဆန္ဒနယ် အမှတ် (၆)၊ အမျိုးသားလွှတ်တော်
------------------
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)
ဦးအောင်ခင်
ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်


ထပ်မံရရှိသော မြန်မာနိုင်ငံ ရွေးကောက်ပွဲသတင်း

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် မဲရုံအမှတ် (၁) ပြည်သူ့လွှတ်တော်အဆင့် ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲရေအတွက် ၁၅၄ မဲအသာဖြင့် အနိုင်ရရှိနေ
Sunday, November 07, 2010 10:16 PM

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် မဲရုံအမှတ် (၁) ပြည်သူ့လွှတ်တော်အဆင့် ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲအရေအတွက် ၁၅၄ မဲအသာဖြင့် အနိုင်ရရှိနေကြောင်း သတင်း ရရှိသည်။


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် မဲရုံအမှတ် (၂)တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် NDF ပါတီက မဲအပြတ်အသတ် ရရှိ
Sunday, November 07, 2010 10:08 PM

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် မဲရုံအမှတ် (၂) တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် NDF ပါတီက မဲအပြတ်အသတ် ရရှိကြောင်း သိရသည်။ အဆိုပါ မဲရုံတွင်
ပြည်သူ့လွှတ်တော်၌ ပြည်ခိုင်ဖြိုးက ၄၂၅ မဲကို NDF က ၆၅၉ မဲဖြင့် အသာစီး ရရှိသွားပြီး တစည ပါတီက ၁၇၆ မဲ၊ ၀ံသာနုNLDက မဲ ၇၀ ရရှိကြောင်းနှင့် ပဲမယ် ၉၄ မဲ ရှိသည်ဟု သိရသည်။

ရတနာတို့ရဲ့ ဘုရင်

ကမ္ဘာပေါ်ရှိ သဘာဝတွင်းထွက် ကျောက်မျက်ရတနာများအနက် စိန်ဟာ တန်ဖိုး အကြီးဆုံးနဲ့ ရှားပါးတဲ့ ကျောက်မျက်ရတနာ တစ်ပါး ဖြစ်ပါတယ်။ မာခြင်းအဆင့် ၁၀ ရှိတာကြောင့် `ကျောက်မျက်ရတနာတွေရဲ့ ဘုရင်’ လို့လည်း ခေါ်စမှတ်ပြုကြပါတယ်။
သူမဘဝကောက်ကြောင်း
စိန်ဟာ ဓာတုဗေဒအရပြောရရင် ကာဗွန်ဓာတ်ပြုခြင်းဖြင့် စိန်ကို ရရှိတာ ဖြစ်ပါတယ်။ ကမ္ဘာ့မျက်နှာပြင်အောက် မိုင် ၈၀ မှ ၁၂၅ မိုင်ခန့်နက်တဲ့ မြေလွှာတွေအကြားကနေ စိန်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ပြင်းထန်တဲ့ဖိအားနဲ့ အပူရှိန်တို့ကြောင့် စိန်ဟာ ကျောက်မျက် ရတနာတွေထဲမှာ အမာဆုံးဖြစ်နေရတာလို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချထား ကြပါတယ်။ စိန်ရဲ့ အလင်းယိုင်ညွှန်းကိန်းက ၂.၄၁၇ ရှိပြီး သိပ်သည်းဆကတော့ ၃.၅၂ ရှိပါတယ်။ မီးအား ဝ.ဝ၄၄ ရှိတဲ့ မီးရောင်အောက်မှာ စိန်ကိုကြည့်ရင် စိန်အတွင်းမှာ လှပ တောက်ပြောင်တဲ့ အလင်းရောင် ခိုအောင်းနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီခိုအောင်းနေတဲ့ အလင်းရောင်ကပဲ စိန်ကို တဖိတ်ဖိတ်တောက်ပစေပါတယ်။

စိန်ကို စတင်တွေ့ရှိတဲ့ခုနှစ်ကို တိတိကျကျ မခန့်မှန်းနိုင်ပေမဲ့လည်း စတင်တွေ့ရှိ သုံးစွဲခဲ့တဲ့နေရာကတော့ အိန္ဒိယပြည်၊ ရိုလ်ကွန်ဒါ အရပ်မှာ ဖြစ်ပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၈၀ဝ ခန့်က ဟုလည်း ယူဆရပါတယ်။ ထိုစဉ်အခါက အိန္ဒိယမှာ စိုးစံခဲ့တဲ့ ဘုရင် တွေဟာ စိန်တုံးကြီးတွေကို ကံကောင်းမှု၊ ချစ်ခြင်းမေတ္တာနဲ့ ဘုန်းတန်ခိုး အာဏာကို ကိုယ်စားပြုတယ်လို့ ယုံကြည်ပြီး အမြတ်တနိုး ဆင်မြန်းခဲ့ ကြပါတယ်။ ၁၈ ရာစုမှာ အိန္ဒိယပြည်က စိန်တွင်းကြီးတွေ ကုန်ခန်းခဲ့ပြီးနောက် ဘရာဇီးနိုင်ငံမှာ စိန်တွင်းတွေ ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ နှစ်ကာလကြာတဲ့အခါမှာ ဘရာဇီးနိုင်ငံက စိန်တွင်းတွေကလည်း ကုန်ခန်းသွားခဲ့ရပြန်တယ်။ ဒီနေ့ခေတ်မှာတော့ စိန်ကို တောင်အာဖရိကမှာ အများဆုံး တွေ့ရပြီး စိန်အသေးအမွှားလေးတွေကို ဩစတြေးလျ နိုင်ငံနဲ့ အရည်အသွေးမြင့်စိန်တွေကို ကနေဒါနိုင်ငံတွေမှာ တူးဖော်ရရှိခဲ့ပါတယ်။ လက်ရာပြောင်မြောက်တဲ့ စိန်တွေကို အိန္ဒိယနိုင်ငံမှာရှိတဲ့ Cutting Centre တွေမှာ သွေးတယ်။ သွေးပြီးသားစိန်တွေကို အိန္ဒိယ နိုင်ငံကပဲ အဓိကဖြန့်ဖြူးပါတယ်။
စိန်သွေးခြင်းပညာဟာ ၁၄ ရာစုနှစ်ကတည်းက စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီခေတ်မတိုင်ခင်ကတော့ စိန်ကို စိန်ချင်း ပွတ်တိုက် အကွက်ဖော်ရပါတယ်။ ၄င်းအကွက်ဖော်တဲ့နည်းက ခက်ခဲလှတဲ့အပြင် ဖော်ယူရတဲ့အကွက်ကလည်း မပြတ်သား တာကြောင့် စိန်ရဲ့တောက်ပတဲ့အရောင်ကို လျော့ပါးစေပါတယ်။ အခု လက်ရှိ ဈေးကွက်မှာ သွေးနေတဲ့ စိန်ရဲ့မျက်နှာပြင်အကွက်က ၅၇ ကွက်၊ ၅၈ ကွက် ရှိပါတယ်။ စိန်ရဲ့မျက်နှာပြင်မှာ အရောင်များဖြာထွက် လင်းလက်ခြင်းကတော့ cutting ပေါ် အများကြီး မူတည်ပါတယ်။ အနာကင်းစင်ပြီး အရွယ်အစားကြီးမားတဲ့စိန်ဟာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် စိန်အရွယ်အစား ကြီးတာနဲ့အမျှ စိန်ရဲ့တန်ဖိုးကလည်း မြင့်တက်လာပါတယ်။ စိန်တစ်လုံးရဲ့ အရည်အသွေးနဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ စီလေးလုံး (C.4) အချိုးညီမျှစွာ ပေါင်းစပ် တွဲဖက်မှုပေါ် မူတည်ပါတယ်။
၎င်းတို့ကတော့
၁။ Cut လို့ခေါ်တဲ့ အကွက်ဖော်ပုံနဲ့ သွေးပုံ
၂။ Color လို့ခေါ်တဲ့အရောင်
၃။ Clearity လို့ခေါ်တဲ့ ကြည်လင်သန့်ရှင်းမှု၊ အနာအဆာကင်းစင်မှု
၎။ Carat လို့ခေါ်တဲ့ အလေးချိန် အရွယ်အစားတို့ပဲဖြစ်ပါတယ်။
အရည်အသွေးမြင့်တဲ့အကောင်းဆုံးစိန်ကို ဝယ်ယူမည်ဆိုပါက ၄င်းစီလေးလုံးကို စံချိန်အဖြစ်ထားရှိပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။


ကျွမ်းကျင်သော ပန်းထိမ်ပညာရှင်များရဲ့ ပြောင်မြောက်လှပ၊ လက်ရာများဖြစ်တဲ့ စိန်ဘယက်၊ စိန်လည်ဆွဲ၊ စိန်လက်ကောက်၊ စိန်ဆံထိုး၊ စိန်ကြယ်သီးတို့ကို ဝယ်ယူသူများက ဂုဏ်ယူစွာ ဝတ်ဆင် ကြပါတယ်။
ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတယ်လို့ ယူဆပြီး အမြတ်တနိုး ဆင်မြန်းလေ့ရှိတဲ့ နဝရတ်ကိုးပါးမှာ စိန်လည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ နဝရတ်ကိုးပါးမှာ ပါဝင်တဲ့ ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ ဂေါ်မိတ်၊ ဥဿဖယား၊ ပတ္တမြား၊ မြ စတဲ့ ကျောက် ကိုးပါးကို ဆင်မြန်းထားရင် ဘေးအန္တရာယ်ကို ပယ်စေတတ်တယ် လို့ အယူရှိတာကြောင့် မြန်မာလူမျိုးတို့ကလည်း စိန်ကျောက်ကို နဝရတ် ကိုးပါးမှာ ထည့်သွင်းဆင်မြန်းကြတဲ့အပြင် မိမိရဲ့ မွေးနံအလိုက် အဆောင်အဖြစ်လည်း ဝတ်ဆင်ကြပါတယ်။ စိန်ဟာ သောကြာ သားသမီးများရဲ့ အဆောင်ဖြစ်တယ်လို့လည်း သတ်မှတ်ထားကြပါတယ်။ ကျောက်မျက် ရတနာတွေမှာ ထူးခြားတဲ့ တန်ခိုးဣဒ္ဓိတွေ ရှိတယ်လို့ လူတိုင်းက ယုံကြည်စွဲလမ်းမှုတွေ ရှိနေကြပါတယ်။ ကျော်ဇောသိဒ္ဓိအတွက်လည်းကောင်း၊ လူချစ်လူခင် ပေါများစေရန် အတွက်လည်းကောင်း၊ လာဘ်လာဘ တိုးပွားစေဖို့အတွက် လည်းကောင်း၊ ကျန်းမာရေး အတွက်လည်းကောင်း၊ ပီယသိဒ္ဓိအတွက် လည်းကောင်း၊ မကောင်းတဲ့ ဂြိုဟ်ဆိုးကြမ္မာဆိုး တို့ကို ပယ်ရှား ပျောက်ကွယ်စေဖို့အတွက်လည်းကောင်း ကျောက်မျက်ရတနာတွေကို ဆောင်ထားလေ့ရှိကြပါတယ်။
ကျောက်မျက်ရတနာတွေမှာ စိန်ဟာ တန်ဖိုးကြီးခြင်း၊ တောက်ပ ခြင်း၊ မာကျောပြီး ပျက်စီးရန် မလွယ်ကူခြင်း၊ ကျစ်ကျစ်လျစ်လျစ် သိမ်းဆည်း နိုင်ခြင်း၊ ပြန်လည်ရောင်းချနိုင်ခြင်း၊ မျက်နှာပွင့်စေခြင်း၊ မကောင်းဆိုးဝါးအန္တရာယ်က ကာကွယ်နိုင်ခြင်းစတဲ့ အယူအဆရှိကြ တာကြောင့် စိန်ကို အရေးပေးပြီး ဆင်မြန်းလာကြပါတယ်။ နောက်ပြီး စိန်ကို မွေးနေ့ လက်ဆောင်၊ မင်္ဂလာလက်ဆောင်၊ မင်္ဂလာနှစ်ပတ်လည် အခမ်းအနားမျိုးမှာလည်း ချစ်ခြင်းသင်္ကေတအဖြစ် လက်ဆောင်ပေး၍ ဂုဏ်ယူတတ်ကြပြန်ပါတယ်။

အမိမဟာမြေပထဝီကြီးအတွင်းက သဘာဝအလျောက် ကျောက်အမြုတေပြုကာ ထူးခြားတောက်ပြောင်တဲ့ အလှရတနာတွေမှာ တန်ခိုးဣဒ္ဓိပါဒ်အမျိုးမျိုးကိန်းဝပ်နေပြီး အဲဒီသိဒ္ဓိအစွမ်းက အာကာသ ကောင်းကင်ပြင် ဂြိုဟ်၊ နက္ခတ်တွေနဲ့ တစ်နည်းနည်း ဆက်သွယ်မှု ရှိတယ်လို့လည်း အယူရှိကြပါတယ်။ သက်ဆိုင်ရာ ဂြိုဟ်နက္ခတ်နဲ့ ဆက်သွယ်ရာရတနာကို ဆောင်ထားခြင်းဖြင့် မကောင်းတဲ့ ဂြိုဟ်စီး ဂြိုဟ်နင်းတွေကို ဖယ်ရှားပစ်နိုင်ပြီး ကောင်းတဲ့ဂြိုဟ်ရဲ့ လွှမ်းမိုး အကျိုးပြုမှုကို ခံရမယ်လို့လည်း ယုံကြည်ကြပါတယ်။
ရတနာတို့ရဲ့ ဘုရင်ဖြစ်တဲ့ စိန်ဟာ လာဘ်အရွှင်ဆုံးရတနာဖြစ် ပြီး လူတို့ရဲ့ အချစ်ကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ စီးပွားရေးအတွက် လာဘ်ရွှင် အခွင့်အရေးကောင်းများ ပေးနိုင်တဲ့ အပြင် စိန်ကို ထာဝရ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာရဲ့သဘောအဖြစ် မှတ်ယူကာ စေ့စပ်လက်စွပ် အဖြစ်လည်း ဝယ်ယူလေ့ရှိကြပါတယ်။ ကမ္ဘာ့အကြီးဆုံး စိန်ထုတ်လုပ် ရောင်းချတဲ့ ဒီဗီးယား ကုမ္ပဏီကြီးကိုတည်ထောင်ခဲ့သူ စီဆယ်ရိုးက `လောကကြီးမှာ အချစ်တွေရှိနေသရွေ့ စိန်တွေကတော့ ရောင်းနေရဦးမှာပဲ’ လို့ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် စိန်ရဲ့ အနာဂတ်က ဘယ်တော့မှ မှေးမှိန်စရာ အကြောင်းမရှိဘဲ စိန်ကို လိုချင်သူတွေကတော့ အမြဲတမ်းရှိနေကြဦးမှာပါ။ စိန်ရဲ့တန်ဖိုးကလည်း အမြဲတမ်းမြင့်မား နေဦးမှာပါပဲ။
Model – Melody
Gem & Jewellery – “Thaik” Diamond Shop (Bogyoke Market)
Make-Up – Seint Seint (Khin San Win)
Dress – Pyae Soe Aung
Photography – Ko Lynn (Studio K)

နောက်ဆုံးရ မြန်မာ့ရွေးကောက်ပွဲ သတင်းများ ကြည့်ရန် RSS Feed လေးပါ


မှတ်ချက်။ မြန်မာပြည်က connection အရမ်းနှေးနေလို့ ကြည့်ရတာ အဆင်ပြေချင်မှ ပြေပါမယ်။ BBC ရေဒီယို

(ဒီနေရာလေးကိုနှိပ်ပါ)

ကနေလဲ နားထောင်နိုင်ပါတယ်။

ကျွန်တော် ပို့စ် တင်ချိန်မှာ ရတဲ့ RSS Feed သတင်းတွေကို အောက်မှာ ကော်ပီကူးတင်ပေးလိုက်ပါတယ်...


ရွေးကောက်ပွဲ(အထူး)

The most popular news media in Myanmar.We publish First Eleven Sport Journal, Weekly Eleven News Journal, Premier Eleven Sport Journal and Biweekly Eleven News Journal.


ရရှိသောသတင်းအချက်အလက်များအရ ရွေးကောက်ပွဲတွင် မဲပေးသူ၅၀ရာခိုင်နှုန်းကျော်ရှိနိုင်ကြောင်း သိရ
Sunday, November 07, 2010 4:53 PM

ရန်ကုန်တိုင်းဒေသကြီး အပါအ၀င်ဒေသအချို့၌ ရွေးကောက်ပွဲနေ့တွင် မွန်းတည့်၁၂နာရီ အထိရရှိ သောသတင်းများအရမဲပေးခွင့်ရှိသူဦးရေ၏ ရာခိုင်နှုန်း၅၀ကျော် မဲပေးပြီးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဥက္ကလာပမြို့နယ်တွင် မွန်းတည့်၁၂နာရီအထိ မဲပေးခွင့်ရှိသူဦးရေ၏ ၆၀ရာခိုင်နှုန်းခန့် မဲပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။


မဲရုံပိတ်ချိန်သတင်းများ (Live Updates)
Sunday, November 07, 2010 4:38 PM

စမ်ချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ မဲရုံ ၁ မဲရေတွက်မှုမှာ ပြည်သူလူထုသက်သေ ၁၀ ဦးကို စောင့်ကြည့်ခွင့် မပြုသဖြင့် အဆိုပါ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးစိုးဝင်း(NDF)က မဲရေတွက်မှုအား ကန့်ကွက်ထား၊ လောလောဆယ်တွင် အဆိုပါ မဲရုံ၌ မဲရေတွက်ခြင်းအား ရပ်ဆိုင်းထားကြောင်းသိရ။

"သိရတဲ့နေရာတွေမှာတော့ ၉၀ ရာခိုင်နှုန်းလောက် ရပါတယ်၊ ချင်းအမျိုးသားပါတီက ဝင်ပြိုင်တဲ့မြို့နယ်တွေမှာ အခြေအနေကောင်းနေပါတယ်"ဟု ချင်းအမျိုးသားပါတီမှ ပါမောက္ခဒေါက်တာ ကန်ကျင်ဒါးလ်က ညနေ ၄နာရီ၂၀မိနစ်တွင် ပြောကြား

စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်းရှိ မဲရုံအမှတ် (၃)(၄)တွင်လည်း လိုအပ်သော သက်သေ ၁၀ ယောက်ကိစ္စ ကန့်ကွက်မှုများကြောင့် မဲရေတွက်ခြင်းအား ရပ်ဆိုင်းထားကြောင်း သိရသည်။

အခြေအနေက ကောင်းပါတယ်။ ဒါပေမယ့်လို့ တချို့မဲဆန္ဒရှင်တွေဟာ ၄ နာရီ မထိုးခင်ကတည်းက မဲမပေးရဘဲ မဲရုံပိတ်တယ်ဆိုပြီး ပြန်လာရပါတယ်။ နောက်ပြီး မိသားစုလိုက်၊ မိသားစုလိုက် မဲဆန္ဒပေးပိုင်ခွင့်စာရင်းမှာ မပါတာတွေရှိပါတယ်"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြန်ကြားရေးတာဝန်ခံဦးသိန်းထွန်းအေးက ညနေ ၄ နာရီ ၃၅ မိနစ်တွင် ပြောကြားခဲ့သည်။

"လက်ရှိအခြေအနေအရတော့ ဒီမိုကရက်တစ်(မြန်မာ)က အခြေအနေကောင်းပါတယ်။ အခု ၉၄ လမ်း မဲရုံနံပါတ် ၈ မှာ မဲရေတွက်တာကို စောင့်ကြည့်နေပါတယ်။ မိနစ် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာရင် တိကျတဲ့အဖြေထွက်လာမှာပါ"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ပြန်ကြားရေးမှူး ဦးလှမြင့်က ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ပြောကြားခဲ့သည်။

စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နေရီဗဆွေ(ဒီမိုကရက်တစ်ပါတီမြန်မာ)က "ကျွန်မမိတ်ဆွေတစ်ယောက် မဲရေတွက်တဲ့အချိန် နောက်ဆုံးလူ ၁၀ ယောက်ထဲမှာ စာရင်းပါတယ်။ သူက မဲရေတဲ့အခါမှာ သက်သေ ၁၀ ယောက်အဖြစ် ပါဝင်ချင်လို့ မဲရုံမှူးကို မေတ္တာရပ်ခံတဲ့အခါမှာ မဲရုံမှူးက လက်မခံပါဘူး။ ကျွန်မမိတ်ဆွေအပြင် အခြားနောက်ဆုံး ၁၀ယောက်ကိုလည်း မဲရုံအပြင်ဘက်ကိုထွက်ခိုင်းတယ်။ မဲရုံတံခါးပိတ်ထားတယ်လို့သိရတယ်။ အဲဒီမဲရုံက စမ်းချောင်းမြို့နယ်ရှမ်းကုန်းလမ်းအတွင်းက အ.မ.က(၁၉)စမ်းချောင်းကျောင်းဝင်း အတွင်းမှာရှိတဲ့ မဲရုံဖြစ်တယ်လို့သိရပါတယ်"ဟု ပြောကြားခဲ့သည်။

"ဒီနေ့မှ လာပေးတဲ့ မဲတွေမှာတော့ ကျွန်တော်တို့ အများကြီးရပါတယ်။ ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ၂ ရက်က လုပ်သွားတဲ့ ကြိုတင်မဲတွေက ကြံ့ခိုင်ရေးထဲ ပါသွားပါတယ်။ အခုချိန်ထိတော့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတ်သက်လို့ အားလုံးကို ခြုံငုံပြီးတော့ ပြောလို့မရနိုင်သေးပါဘူး။" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြန်ကြားရေးအရာရှိတစ်ဦးက ညနေ ၄ နာရီ ၅၁ မိနစ်တွင် ပြောကြားခဲ့သည်။

"ရပ်ကွက်မှာဆိုရင်တော့ ကျွန်တော်တို့ပါတီက အောင်နိုင်ဖို့ များပါတယ်။ ဒါပေမယ့် မင်္ဂလာဒုံမြို့နယ် ကော်မရှင်ရုံးမှာ ကြိုတင်ဆန္ဒမဲပုံးကို ဖွင့်လိုက်တဲ့အခါ ခြင်္သေ့တွေချည်းပဲဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုအတည်ပြုတယ်ဆိုတာ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်တွေက လက်မှတ်မထိုးသေးပါဘူး။ အခုကျွန်တော်တို့လိုက်သွားနေပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကန့်ကွက်ထားပါတယ်။ ကျွန်တော်တို့လိုပဲ ဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအများစုက ကန့်ကွက်ထားပါတယ်။ အဲဒီပါတီတွေထဲမှာ ကရင်ပြည်သူ့ပါတီနဲ့ တ.စ.ညပါတီလည်း ပါပါတယ်"ဟု မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်မောင်အေးက ပြောကြားခဲ့သည်။ ( ၄ နာရီ ၅၅ မိနစ်)တွင် ပြောကြားသည်။


မဲရေတွက်ချိန်တွင် စောင့်ကြည့်ကြရန် ပြည်သူများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပန်ကြား
Sunday, November 07, 2010 1:13 PM

နိုဝင်ဘာလ (၇)ရက်နေ့ ယနေ့တွင် ပြုလုပ်လျက်ရှိသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံ၌ မဲရေတွက်ချိန်တွင် စောင့်ကြည့်ကြရန် ပြည်သူများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပန်ကြားခဲ့ကြပါသည်။


အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ မဲရုံကိုယ်စားလှယ်အား ပြည်ခိုင်ဖြိုးပါတီမှ ဓာတ်ပုံရိုက်သဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားထားကြောင်း သိရ
Sunday, November 07, 2010 1:09 PM
မြစ်ကြီးနားမြို့ပေါ်ရှိ ဧရာမဲရုံတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ မဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပုဂ္ဂိုလ်တစ်ဦးက ဓာတ်ပုံရိုက်ယူသဖြင့် အဆိုပါ မဲရုံကိုယ်စားလှယ်က ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားခဲ့ကြောင်း


မြောက်ဥက္ကလာပမြို့နယ်တွင် လာရောက်မဲပေးကြသူများ၏ ပြောစကားများနှင့် မဲရုံပတ်ဝန်းကျင်အခြေအနေများ
Sunday, November 07, 2010 12:27 PM

"မနက် ခြောက်နာရီမှာ မဲရုံစဖွင့်ပေမယ့် ခြောက်နာရီမှာ မဲထည့်မယ့်သူသိပ်မရှိခဲ့ပါဘူး။ ခြောက်နာရီဆယ့်ငါးမိနစ်လောက်ကျမှ တစ်ဦးစ ၊ နှစ်ဦးစ လာကြတယ်။ အစောဆုံးမဲလာထည့်ကြသူတွေက အလုပ်ကိစ္စရှိသူတွေနဲ့ နေ့လည်ပိုင်းမှာ လူမတိုးချင်လို့ စောစောလာထည့်ကြသူတွေများပါတယ်။


အလုံမြို့နယ်တွင် လာရောက် မဲပေးကြသူများ၏ ပြောစကားများနှင့် မဲရုံပတ်ဝန်းကျင် အခြေအနေများ
Sunday, November 07, 2010 12:04 PM

အလုံမြို့နယ်တွင် မဲရုံစုစုပေါင်း ၃၃ရုံရှိကြောင်း၊ နေထိုင်သူလူဦးရေ အကြမ်းအားဖြင့် ငါးသောင်းကျော် နေထိုင်ပြီး မဲဆန္ဒနယ်ပေးပိုင်ခွင့် လူဦးရေအကြမ်းအားဖြင့် လေးသောင်းခွဲ ၀န်းကျင်ရှိကြောင်း သိရသည်။


ကမာရွတ်မြို့နယ်တွင် လာရောက်မဲပေးကြသူများ၏ ပြောစကားများနှင့် မဲရုံပတ်ဝန်းကျင်အခြေအနေများ
Sunday, November 07, 2010 11:51 AM

ကမာရွတ်မြို့နယ်တွင် မဲရုံစုစုပေါင်း ၃၇ ရုံရှိပြီး ရပ်ကွက်တစ်ခုအတွက် အများဆုံး မဲရုံ ၅ရုံမှ ၃ရုံထားရှိကြောင်း သိရသည်။ မဲရုံ ၁ခုစီတွင် မဲထည့်ရန်စာရင်းထည့်သွင်းထားသူ ၂၀၀၀မှ ၃၀၀၀အတွင်းရှိကြောင်း စုံစမ်းသိရှိရသည်။


ရခိုင်ပြည်နယ်၊ မောင်းတောခရိုင်တွင် လာရောက်မဲပေးကြသူများ၏ ပြောစကားများနှင့် မဲရုံပတ်ဝန်းကျင် အခြေအနေများ
Sunday, November 07, 2010 11:40 AM

ရခိုင်ပြည်နယ်၊ မောင်းတောခရိုင်တွင် မဲဆန္ဒရှင်ဦးရေ လေးသိန်းတစ်သောင်း ကျော်ရှိပြီး မဲရုံပေါင်း ၄၉၆ရုံရှိကြောင်း၊ သံတွဲခရိုင်တွင် မဲဆန္ဒရှင်ဦးရေ နှစ်သိန်း တစ်သောင်း ကိုးထောင်ကျော်ရှိပြီး မဲရုံပေါင်း ၄၈၇ရုံရှိကြောင်း၊


ဗဟန်းမြို့နယ်တွင် လာရောက် မဲပေးကြသူများ၏ ပြောစကားများနှင့် မဲရုံပတ်ဝန်းကျင် အခြေအနေများ
Sunday, November 07, 2010 11:40 AM
ဗဟန်းမြို့နယ် မဲရုံ၃တွင် လာရောက်မဲပေးကြသူများသည် နံနက် ၆နာရီ ၁၀မိနစ်နောက်ပိုင်း မှစတင်ကာ လာရောက်မဲပေးကြခြင်း ဖြစ်ပြီး မဲစတင်ပေးချိန်တွင် လာရောက်သူ အများစုသည် အမျိုးသမီးများဖြစ်ပြီး စတင်လာရောက် မဲပေးကြသော


မန္တလေးမြို့ပေါ်ရှိ မဲရုံများ နံနက် ၈ နာရီကျော်မှ အသက်ဝင်လှုပ်ရှားလာ
Sunday, November 07, 2010 11:07 AM
နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်ချိန်တွင် မန္တလေးမြို့ပေါ်ရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးမှုများ ခပ်စိပ်စိပ် များလာကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် မန္တလေးမြို့၏ အနောက်ခြမ်း ဆင်ခြေဖုံးရပ်ကွက်များ ဖြစ်သော အောင်မြေသာစံမြို့နယ်၊

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ရတနာပစ္စည်း (၅)မျိုး

1. Diamond Bikini by Susan Rosen And Steinmetz: $30 million

ဘီကီနီစိန် ကို စူစန်ရိုစန် က ဖန်တီးထားတာဖြစ်ပြီး (၁၅၀)ကာရက် ရှိပါတယ်။


2. White Diamond by Sotheby’s: $23 millions

စိန်ဖြူကြီး ကို Sotheby လေလံလုပ်ငန်း ကပိုင်ဆိုင်တာဖြစ်ပြီး (၁၀၀.၁)ကာရက် ရှိပါတယ်။ အစပိုင်းက ဒေါ်လာ(၁၆)သန်းနဲ့ ရောင်းခဲ့ပေမဲ့ အခု ဒေါ်လာ(၂၃)သန်း တန်နေပါပြီ။


3. Heart-shaped Burma Ruby Necklace: $14 millions

အသဲနှလုံးပုံ ပတ္တမြားလည်ဆွဲကြီး။ ဒီပတ္တမြားကြီးဟာ မြန်မာနိုင်ငံကထွက်တာဖြစ်ပြီး (၄၀.၆၃)ကာရက် ရှိပါတယ်။ အခုတော့ အင်္ဂလိပ်ရတနာကုန်သည် က ပိုင်ပါတယ်။ စုစုပေါင်း (၁၅၅)ကာရက်ရှိ စိန်များနဲ့ ထပ်မံစီချယ်ထားပါတယ်။


4. Diamond Drop Earrings by House Of Harry Winston: $8.5 millions

ဒီစိန်နားဆွဲတွေကို ဟာရီဝင်စတန် ကျောက်မျက်လုပ်ငန်းက ဖန်တီးတာဖြစ်ပါတယ်။ (၆၀)ကာရက်ရှိ စိန်တွေကို ပလက်တီနမ် ပေါ်မှာ မြှုပ်ထားပါတယ်။


5. Sotheby’s : $ 7.98 Millions

ဒီစိန်ပြာကြီး က (၆.၀၄)ကာရက်ရှိပြီး ဟောင်ကောင် ကျောက်မျက်ရတနာပြပွဲမှာ ဒေါ်လာ(၇.၉၈)သန်း နဲ့ ရောင်းချခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး အပြစ်အနာအဆာကင်း စိန်ပြာကြီး ဖြစ်ပါတယ်။

ကမ္ဘာ့ အကျော်ကြားဆုံး ပန်းချီကား (၁၀)ကား

1. Mona Lisa by Leonardo Da Vinci

လီယိုနာဒို ဒါဗင်ချီ ရဲ့  မိုနာလီဆာ ပန်းချီကားဟာ ကမ္ဘာ့ အကျော်ကြားဆုံး ပန်းချီကားဖြစ်ပါတယ်။ ပြင်သစ်အစိုးရ ကပိုင်ဆိုင်ပြီး၊ ပါရီမြို့  အမျိုးသားပြတိုက်မှာ ချိတ်ဆွဲ ပြသထားပါတယ်။ အမျိုးသမီး တစ်ဦးက ပန်းချီကားကြည့်သူကို လှမ်းပြီးကြည့်နေတဲ့ပုံ ဖြစ်ပါတယ်။ နားလည်ရခက်သော အပြုံး (မိုနာလီဆာအပြုံး) အဖြစ်ဖော်ပြလေ့ ရှိကြပါတယ်။ တကယ်လို့ ရောင်းချမယ်ဆိုရင် ဈေးအကြီးဆုံး ပန်းချီကားတစ်ကား ဖြစ်မှာပါ။


2. Starry Night by Vincent Van Gogh

လူသိများတဲ့ ပန်းချီကားပါ။ (ဗင်းဆင့်ဗန်းဂိုး ရဲ့  ကြယ်တွေစုံသောည)


3. The Kiss by Gustav Klimt

ဂတ်စတက်(ဗ) ကလင့် က ၁၉၀၇ မှာ ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကို ရွှေစောင်ကြီးနဲ့ လွှမ်းခြုံထားပြီး ရင်ခုန်ဖွယ် အနမ်းမှာ နစ်မြောနေတဲ့ပုံ ကို သရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။


4. Luncheon of the Boating Party by Pierre Auguste Renoir

ပန်းချီပညာရှင် ရီနွိုင် က သူ့မိတ်ဆွေများ ပြင်သစ်နိုင်ငံ၊ စိန်း မြစ်ကမ်း မှာ အပမ်းဖြေအနားယူနေပုံ ကို ရေးဆွဲထားခြင်းဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ (၁၉)ရာစုနှောင်းပိုင်းကာလ လူလတ်တန်းစား အလွှာရဲ့  ဘ၀သရုပ်ဖော် ဖြစ်ပါတယ်။


5. Girl with a Pearl Earring by Jan Vermeer

မင်္ဂလာမဆောင်မီ အမျိုးသမီးလေး တစ်ဦးရဲ့  ပုံတူပန်းချီကား ဖြစ်ပါတယ်။ နေက်ခံမထည့်ပဲထားလို့ သူမရဲ့  ပုလဲနားဆွဲလေးကို ပေါ်လွင်ထင်ရှားစေပါတယ်။


6. Café Terrace at Night by Vincent Van Gogh

ဗင်းဆင့်ဗန်းဂိုး ရဲ့  ညချမ်းအချိန် လမ်းဘေးကဖေးလေး ဖြစ်ပါတယ်။ ဗန်းဂိုးရဲ့  ကိုယ်ပိုင် ရေးဆွဲဟန်လေးဖြစ်ပြီး အရောင်နွေး (warm colors) ကို သုံးထားပါတယ်။


7. Corner of the Garden at Montgeron by Claude Monet

မိုးနက် ရဲ့  ပန်းချီကားလေးဖြစ်ပြီး ၁၈၇၇ မှာရေးဆွဲခဲ့ပါတယ်။ မိုးနက် ကို Classic impressionist အဖြစ် လူသိများပါတယ်။ မောင့်ဂါရွန် က ပန်းခြံထောင့်လေးမှာ ရေးဆွဲထားခြင်းဖြစ်ပြီး သဘာဝ အလင်းနဲ့ အရောင် သဘောတရားတွေကို ထိထိမိမိ ဖော်ပြနိုင်ခဲ့ပါတယ်။


8. The Dream by Pablo Picasso

ပက်ဘလို ပီကာဆို ရဲ့  အိပ်မက် ပန်းချီကား။ ပီကာဆို ဟာ မော်ဒန်ပန်းချီကို စတင်ခဲ့သူလို့ပြောနိုင်ပါတယ်။ ၂၀ ရာစုခေတ်ရဲ့  အကျော်ကြားဆုံး ပန်းချီဆရာပါ။


9. The Persistence of Memory by Salvador Dali

ဒီပန်းချီကားကို ၁၉၃၁ မှာ ဆာ(လ)ဗာဒေါ်ဒါလီ က ရေးဆွဲခဲ့ပြီး နယူးယော့မြို့  မော်ဒန်ပန်းချီပြတိုက်မှာ ချိတ်ဆွဲ ပြသထားပါတယ်။ အရေပျော်ကျနေတဲ့ အိတ်ဆောင်နာရီလေးတွေ ဖြစ်ပါတယ်။


10. From the Lake by Georgia O’Keeffe

ပန်းချီဆရာမ ဂျော်ဂျီယာ အို ကီးဖီး ရေးဆွဲထားတာပါ။ ၁၉၀၀ နှစ်ဦးပိုင်း၊ နယူးယော့ က ဂျော့(ဂျ) ရေကန်ကြီးရဲ့  ရေလှိုင်းနုလေးတွေကို သရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။