Wednesday, September 8, 2010

ကမ်းဝေးဗေဒါ

 
အချစ်သံသရာမြစ်ရေပြင်မှာ
ကံတရားဆောင်
လေကြောင့်ပေါင်းဆုံ
ဗေဒါပင်နှင့် မြစ်ရေကမ်းပါး
အချစ်စခန်းမှာ ဗေဒါဖူးနှင့်မြစ်ကမ်းနှင့်
တင့်တယ်လှပ ရှိကြပြန်ရင်
မြင်သူစိတ်မှာကြည်နူးမူ့ဖြာ
ရှိတတ်ကြတာ ဓမ္မတာ

တစ်ခါ တစ်ကြော့ လေအလျှင်ကြောင့်
ကမ်းဝေးဗေဒါ ရေအလျှင်နဲ့
မျောပါခဲ့ရင် ဖြစ်ခဲ့သည်ရှိ
ကံတရားကြောင့် သံယောဇဉ်ဦး
ချစ်သူလေးနဲ့ ဝေးခဲ့သည်သော်
လေနှင်ရာသွား ဗေဒါလေးကို
မရွေ့ မလျှား ဒီကမ်းပါး က
  ကိုယ်တစ်ယောက်ထဲ ပြန်ဆုံမဲ့ ရက်
စောင့်ပါရစေ..လမ်းအခွဲမှာ ၀မ်းနည်းစရာ
မလိုအောင်  နှောင်ကြိုးတွေ ကို
အတတ်နိုင်ဆုံး  ဖြေလျှော့ပါရစေလား။