Monday, September 27, 2010

လန်ဒန်က မျောက်ဝံအပြေးပြိုင်ပွဲကြီး


မနေ့က လန်ဒန်မှာ လူပေါင်း(၆၀၀)ခန့် မျောက်ဝံအသွင် ၀တ်စုံများဖြင့် ပြေးလွှားနေခဲ့ကြသည်မှာ မျောက်အုပ်ကြီးတစ်အုပ်နှယ် အမြင်မှားစရာပါ။

သူတို့မှာ Great Gorilla Organization (GGO)ဟူသည့် မျိုးတုန်းမည့်အန္တရာယ် ရှိနေကြသော ပရိုင်းမိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရံပုံငွေအတွက် အပြေးပြိုင်ပွဲတစ်ခု သိမ်းမြစ်ကမ်းတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ အပြေးပြိုင်ပွဲတွင် လူပေါင်း(၇၀၀)၀န်းကျင် ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဤဦးရေမှာ ကမ္ဘာတစ်ဝှမ်းရှိ တောတောင်များတွင် လက်ရှိအချိန်ထိ ကျန်ရှိနေသော တောင်မြင့်နေဂေါ်ရီလာမျောက်ဝံများ၏ အရေအတွက်ပင်ဖြစ်သည်ဟု သိရသည်။

ပရိုင်းမိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သော ရုပ်သံတင်ဆက်သူ ဘီလ်အော့ဒယ်လ်က (၄.၃)မိုင်ခရီးရှိ မျောက်ဝံများအပြေးပြိုင်ပွဲကြီး စတင်ရန်အတွက် သေနတ်ဖောက်ခဲ့သည်။ ဤအပြေးပြိုင်ပွဲ ကျင်းပလာသည်မှာ ယခုအခါ ခုနစ်ကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရှိရသည်။

"မျောက်ဝံမျိုးစိတ် (၄)မျိုးရှိပြီးတော့ လေးမျိုးစလုံးဟာ မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီမျောက်မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်"
ဟု အော့ဒယ်လ်က ပြောကြားသွားခဲ့သည်။

အပြေးပြိုင်ပွဲမှာ မင်စတာတရားရုံးရှေ့မှ စတင်ပြီး မြို့ထဲမှတစ်ဆင့် မျှော်စင်တံတားကိုဖြတ်ကာ တိတ်မော်ဒန်တွင် အဆုံးသတ်ခဲ့သည်။

GGO အဖွဲ့အစည်းမှာ ၀တ်စုံများရောင်းချရာမှ ရံပုံငွေ ပေါင်(၁၅၀၀၀၀) ရရှိခဲ့ကြပြီး နိုဝင်ဘာကုန်တွင် ပေါင်(၂၅၀၀၀၀)ထိ ရရှိနိုင်ရန် မျှော်လင့်ထားကြသည်။