Thursday, September 23, 2010

သွေးပန်းချီ

သွေးစက်နဲ့ ဆေးမှင်ခြယ်
အချစ်တွေ မှီရာက မင်းမြင်အောင်ပြခဲ့မယ်။
ချစ်ပန်းချီ.ပြခန်းမှာ ငါ့အသဲတွေလေလံတင်ရင်
ကြမ်းခင်းဈေး ပျောက်ကုန်လိုက်မယ်ချစ်သူ။
စုတ်ချက်တွေ ကြမ်းကြမ်းကြားမှာ
ငါ့သစ္စာတွေ ယိုစီးကြပါစေ လှပအောင်
ဆေးခြယ်သွားဖို့.မင်းသိနေပေးပါချစ်သူ။
အတိတ်မေ့ရောဂါသည် ဖြစ်စေအုံး
ငါ့နှလုံးသား သွေးပန်းချီမှာ
မင်းပုံရိပ်တွေ တရိပ်ရိပ် တက်နေအုံးမှာ
သေချာတယ် ချစ်သူ။
ညအမှောင် လရောင်ပျောက်စေ
မင်းရှိနေတဲ့ နေရာကို ငါ့ခန့်မှန်း
စိတ်ချင်းဆက်လာပါ့မယ်
မင်းမျှော်ကာ စောင့်မယ်ဆိုရင်
သွေးပန်းချီ လက်ဆောင်ပေးချင်တယ်ချစ်သူ။

ဧကရီ(1am,23.9.2010)