ရနံ့တစ်ခုနဲ့ ခန်းစီးစကို လစ်လပ်သွားတဲ့
လိုက်ကာကနေ နင်ပျောက်သွားမှာ
ငါကြောက်နေခဲ့ပြီ။
ဆောင်းတွင်းတစ်ခုမှာနွေရှိလေမလား
သစ်ရွက်ခြောက်မြင်တိုင်း ဒါဟာနွေမဟုတ်တာ
သိခဲ့ရင်တော့ ငါ နင့်ကိုလွမ်းတာပိုသေချာတယ်။
နှလုံးသားက ယိုစီးလာတဲ့အသံတိုင်း
အလွမ်းတွေက ညနေတိုင်းမီးခိုးတစ်ခုလို အူနေတတ်ပြီ
ငါတစ်ယောက်ထဲ မပြုံးဖြစ်တာကြာခဲ့ပါပြီ.အဲဒါနင့် ကိုလွမ်းလို့ပဲ။
တကယ်ဆို နင် နဲ့ ငါဟာ
အမှောင်နဲ့ချထားတဲ့ ဒဏ်ရာတွေ နဲ့ သွေးချင်းချင်းနီနေတဲ့ငါ့ကို
ကရုဏာရှင်မျက်လုံးက ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဖေးမ ပေးခဲ့တဲ့
အနှိုင်းမဲ့ မီးအိမ်ရှင်လေးပါဟာ။
ဧကရီ