တရုတ်နိုင်ငံတွင် ကျင်းပသော Zhejiang နိုင်ငံတကာ လျှပ်စစ် မော်တော်ဆိုင်ကယ် ပြပွဲတွင် ၅.၂ မီတာ (၁၇ ပေ) ရှည်လျားသော မော်တော်ဆိုင်ကယ်ကို ပြသခဲ့သည်။ ထို မော်တော်ဆိုင်ကယ်သည် လူ (၈) ယောက် စီးနိုင်ပြီး ကမ္ဘာ့အရှည်ဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်အဖြစ် ဂင်းနစ် မှတ်တမ်း ဝင်ရန် ထီထွင်သူက လျောက်ထားပြီး ဖြစ်သည်ဟု သိရသည်။



