Wednesday, October 6, 2010

ကမ္ဘာ့ပထမဆုံး အာကာသဟိုတယ်မှာ တည်းကြမလား

ကမ္ဘာ့ပထမဆုံးသော အာကာသဟိုတယ် တည်ဆောက်ခွင့်ကို ရုရှားအာကာသအဖွဲ့ Energia က ရရှိထားပြီး မော်စကို အခြေစိုက် Orbital Technologies ကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်ပြီး ပထမဆုံး ဧည့်သည်များကို ၂၀၁၆ ခုနှစ်တွင် စတင်လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ကမ္ဘာကို ပတ်နေမည့် အဆိုပါ အာကသ ဟိုတယ်တွင် တစ်ကြိမ်လျှင် အနည်းဆုံး ခရီးသည် ၇ ဦး တည်းခို လိုက်ပါနိုင်မည် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူမျိုး အမျိုးမျိုးတို့၏ အကောင်းဆုံးဟင်းလျာများကို အထူးကောင်းမွန်စွာ ဧည့်ခံတည်ခင်းနိုင်ရန် နာမည်ကျော် စားဖိုမှုးများလည်း ခန့်အပ်ထားမည်ဟု သိရသည်။


တည်ဆောက်မည့်သူများက နောင်တစ်ချိန် လကမ္ဘာသို့ ခရီးစဉ်များ ပြေးဆွဲလာသည့်အခါ ၄င်းတို့၏ ဟိုတယ်ကို လဗိမာန်မရောက်မီ တစ်ထောက်နား ကွန်းခိုရာ နေရာတစ်ခုအဖြစ် ဈေးကွက်ဝင်လာရန် မျှော်လင့်ကြောင်း၊ အာကာသအတွင်း သိပ္ပံစမ်းသပ်မှုများ အတွက်ပါ နေရာပေးသွားမည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားသွားခဲ့သည်။