Saturday, October 23, 2010

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ၊ အညိုရောင်အဆင့်တွင် ရှိနေသော်လည်း နောက်ထပ် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားနိုင်ကြောင်းသိရ



giri
     ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယမန်နေ့ညက ရခိုင်ကမ်းရိုးတန်းကိုဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်မုန်တိုင်း ဂီရိသည် ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားပြီး ယနေ့နံနက်မြန်မာစံတော်ချိန် ၃ နာရီခွဲတွင် ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက် မိုင်၁၀၀ ခန့်အကွာ ကုန်းတွင်းတစ်နေရာဖြစ်သော မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အနီးတွင် ဗဟိုပြုနေကြောင်းသိရသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားလျက်ရှိပြီး ယနေ့နံနက်မှ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားသည်ဟု သိရသည်။

     ကုန်တွင်းမုန်တိုင်း၏ လက်ရှိအခြေအနေသည် အညိုရောင်အဆင့်တွင် ဆက်လက်တည်ရှိနေပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ ဦးတည်ရွှေ့လျားလျက်ရှိကြောင်းသိရသည်။
    ကုန်းတွင်းမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၆၀ ခန့်အထိ လေပြင်းများတိုက်ခတ်နိုင်ကာ နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု သိရသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင်၅၀ခန့် တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် ထုတ်ပြန်ချက်အရ သိရှရသည်။
    မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့သော ရခိုင်ကမ်းရိုးတန်းဒေသ၏ အခြေအနေများကို ဆက်လက်စုံစမ်းလျှက်ရှိပြီး သိရှိပါက ဆက်လက်ဖော်ပြပေးသွားပါမည်။
giri
giri
giri
giri