မြန်မာနိုင်ငံ
ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့
ပူးပေါင်းကျင်းပသည့် Myanmar ICT Exhibition 2010 ကို အောက်တိုဘာ ၂၉ ရက်မှ
၃၁ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင်
ကျင်းပမည်ဖြစ်သည်။
သုံးရက်တိုင်တိုင်ကျင်းပမည်ဖြစ်သော အဆိုပါပြပွဲတွင် ၉
ပေပတ်လည်အကျယ်အ၀န်းရှိ ပြခန်းပေါင်း ၁၅၆ ခန်းပါဝင်ပြသမည်ဖြစ်သည်။ “ဟာ့ဒ်ဝဲ၊
ဆော့ဖ်ဝဲလ်အပါအ၀င် ဖုန်း၊ အီလက်ထရွန်နစ်နဲ့
သင်တန်းကျောင်းတွေဝင်ရောက်ပြသကြမှာပါ။ ကုမ္ပဏီအရေအတွက်ကတော့ မသိရသေးဘူး” ဟု
ကွန်ပျူတာလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးကပြောကြား သည်။
အဆိုပါပြပွဲကို၂၀၁၀ ခုနှစ်အတွင်း ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး
ပထမအကြိမ်ကို မတ်လ၌ကျင်းပခဲ့ကြောင်း၊ အဆိုပါပြပွဲကို တစ်နှစ်လျှင်နှစ်ကြိမ်
ကျင်းပလျက်ရှိကြောင်း သိရသည်။