Wednesday, October 20, 2010

ဝါကျွတ်ကာလ မင်္ဂလာမောင်နှံများအတွက် နိဂုံးမရှိ ထာဝရ လက်ထပ်လက်စွပ်

ဝါကျွတ်ကာလတွင် ထိမ်းမြားလက်ထပ် မင်္ဂလာ ဆောင်နှင်းကြမည့် မောင်နှံများအတွက် "နိဂုံးမရှိ ထာဝရ လက်ထပ်လက်စွပ်" အမည်ရှိ လက်စွပ်အစုံများ ဈေးကွက်ထဲတွင် ရရှိနိုင်ပြီ ဟု ပြည်တွင်း ရတနာဈေးကွက်မှ ကြားသိရသည်။

အဆိုပါ လက်စွပ်များ အစုံကို မိုးကုတ်ဦးသန်းမောင် ကျောက်မျက်ရတနာ အဆောင်ကုမ္ပဏီမှ တီထွင်ပြုလုပ် ရောင်းချလျက် ရှိပြီး ထူးခြားချက် အနေဖြင့် နာမည်နှင့် လိုက်အောင် အစနှင့်အဆုံး ဟူ၍ ဂဟေဆက်ရာ လုံးဝမပါဝင်ဘဲ မိုဖြင့် ပုံဖော်ထားခြင်း ဖြစ်ကြောင်း ၊ ဘေးပတ်လည်တွင် စိန်နှင့် မေတ္တာရှင်ကျောက်များကို စီချယ်ထားသော်လည်း အစနှင့်အဆုံး မကွဲပြားအောင် သေချာ ပြုလုပ်ထားကြောင်း၊ လက်စွပ် နှစ်ကွင်းစလုံး ပေါ်တွင် ဆက်ရာ ဟူ၍ လုံးဝမပါရှိဘဲ နိဂုံးမရှိ ရာသက်ပန် ခိုင်ခိုင်မြဲမြဲ ပေါင်းဖက်နိုင်စေရန် အတိတ်ကောင်း နိမိတ်ကောင်းဖြင့် ပြုလုပ်ထားကြောင်း သိရသည်။


မေတ္တာရှင်ကျောက် (အ၀ါ) ၏ပုံ

လက်စွပ်တစ်စုံ၏ တန်ဖိုးသည် ရွှေဈေး အတက်အကျကို လိုက်၍ ကျပ် ၄သိန်းခွဲမှ ၅ သိန်း ၀န်းကျင်ခန့် ရှိကြောင်း၊ ပလက်တီနမ်ဖြင့် ပြုလုပ်လိုလျှင်လည်း မှာယူနိုင်ကြောင်း၊ ပြုလုပ်ပြီးသားများ ရောင်းချခြင်း မဟုတ်ဘဲ မင်္ဂလာ မောင်နှံနှစ်ဦး၏ မွေးသက္ကရာဇ်ကို ပေး၍ တစ်ပတ်ခန့် ကြိုတင်မှာယူရကြောင်း၊ ထိုလက်စွပ်များကို ပြုလုပ်ရာတွင် မင်္ဂလာမောင်နှံ၏ နေ့နံနှင့် ဇာတာကို လိုက်၍ ကောင်းသော နက္ခတ် အချိန်တွင် သေချာပြုလုပ်ပေးကြောင်း သတင်းရရှိသည့် အတွက် မိမိတို့၏ မင်္ဂလာပွဲတွင် တစ်သက်တာ ထာဝရ အမှတ်တရ လက်ထပ်လက်စွပ် ဆန်းဆန်းလေးမှ ပြုလုပ်ချင်သူများအတွက် ဖော်ပြပေးလိုက်ရပါသည်။