အဆိုပါ ရေပန်းရုပ်ရှင်ကို မြို့တော်စည်ပင် သာယာရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် သဘာဝကမ္ဘာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေပြီး ဒီဇိုင်းပိုင်းကို တရုတ်ပညာရှင်များမှ ရေးဆွဲသည်ဟု ကြားသိရသည်။ ရေပန်းခေါင်း ၃၀၀ ခန့်နှင့် မှန်မီးအိမ် ၃၂၀ တို့ဖြင့် လှပစွာ တည်ဆောက်ထားကြောင်း သတင်းရရှိသည်။
ယခုအခါ ပြည်သူ့ဥယျာဉ်ကို အဆင့်မြှင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေရာတွင် ၀င်ပေါက်မှ စတင်၍ အသစ်တည်ဆောက်ခြင်း၊ ပေ ၅၀ ကျော် ရိုလာကိုစတာ၊ ရေလွှာမိကျောင်း၊ ရေမြှုပ်ဘောလုံးကစားကွင်း၊ တိုက်ကားကစားကွင်း၊ လွှဲပုခက် ကစားကွင်း၊ မြင်းရထားကစားကွင်း နှင့် ထူးခြားမှု တစ်ခု အနေဖြင့် ကလေးငယ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်စေရန် ပျော်ရွှင်ဖွယ် Traffic City တို့ ပါရှိကြောင်း သိရသည်။
အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးများအတွက် Traffic City ကစားကွင်း တစ်ခု
ထိုသို့ စုံလင်၍ ပျော်ရွှင်ဖွယ် ပြည်သူ့ဥယျာဉ်ကို တည်ဆောက်ပြီးစီးသောအခါ အခြေခံ လူတန်းစားများပါမကျန် လူတန်းစားအားလုံး လာရောက် အပန်းဖြေနိုင်စေရန် ချိုသာသော ၀င်ကြေးသာ ကောက်ခံသွားမည်ဟု သိရသည်။