ပြီးခဲ့သည့်ရက်သတ္တပတ်က ဆန်ဖရန်စစ္စကိုမြို့တွင်ကျင်းပခဲ့သော Oracle OpenWorld ကွန်ဖရင့်စ်တွင် Dell ကုမ္ပဏီ၏ CEO ဖြစ်သူ Michael Dell က ၇ လက်မအရွယ် tablet ၏ရှေ့ပြေးပုံစံကို ပွဲထုတ်ပြသခဲ့ကြောင်းသိရသည်။
သို့ရာတွင် ထုတ်လုပ်ရောင်းချမည့်ရက်နှင့် ဈေးနှုန်းကိုမူ ကြေညာခဲ့ခြင်းမရှိချေ။ အဆိုပါ Dell tablet သည် ဈေးကွက်အတွင်းကြီးစိုးနေသည့် ၉.၇ လက်မအရွယ် iPad နှင့်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။ iPad မှာဈေးကွက်ခိုင်မာပြီး လူကြိုက်များရေပန်းစားနေသော်လည်း ၎င်းတွင်လိုအပ်ချက်များစွာရှိနေသေးသည်ဟု သိရသည်။ အကယ်၍ ယင်း tablet အမှန်တကယ် ပေါ်ထွက်လာပါက Samsung ကထုတ်လုပ်သည့် ၇ လက်မအရွယ် Galaxy Tab နှင့်ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ မည်သို့ပင်ဆိုစေ Dell ၏ tablet နှင့် Samsaung ၏ Galaxy Tab တို့က Apple ကထုတ်လုပ်ခဲ့သော iPad ထက် ပိုမိုပြီးလုပ်ဆောင်နိုင်စွမ်းတွေမှာ ကောင်းမွန်မှာသေချာနေသည်။ ထို့အပြင် Dell tablet သည်ဈေးနူန်းပိုင်းမှာလည်း ပိုမိုသက်သာလာမည်ဟု ဈေးကွက်သုတေသီများက ခန့်မှန်းထားကြသည်။ Dell သည် Android operating system အသုံးပြုထားပြီး ၅ လက်မအရွယ် screen ပါဝင်သည့် Streak မိုဘိုင်းအင်တာနက် device ကို မကြာသေးမီက ထုတ်လုပ်ခဲ့ကြောင်းလည်း သိရသည်။