Monday, October 25, 2010

mozilla firefox မှာ menu bar ပျောက်သွားသူများအတွက်

စီဘောက်ထဲမှာ အကိုတစ်ယောက်က မော်ဇီလာ menu bar လေးပျောက်သွားလို့ တောင်းဆိုထားတာ တွေ့လို့ ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်။ဒီနည်းလေးက မော်ဇီလာ နောက်ပိုင်းဗားရှင်းတွေအတွက်
အသုံးဝင်ပါလိမ့်မယ်။ကျွန်တော်သိတဲ့နည်းလေးတစ်ခုဝေမျှတာပါ။

၁။ပထမဆုံး start menu ထဲက All Programs ကိုအရင်သွားလိုက်ပါ။ပြီးရင် mozilla file ကိုရှာပါ။
ရှာတွေ့ရင် ဖိုင်ထဲက mozilla firefox(safe mode)ကို ကလစ်ပေးလိုက်ပါ။အရေးကြီးတာက မော်ဇီလာကိုတော့ ခဏပိတ်ထားရမယ်နော်။အောက်မှာပုံလေးကြည့်လိုက်ပါ။


၂။ကျွန်တော်ပြောတဲ့အတိုင်း mozilla firefox(safe mode)ကို ကလစ်ပေးလိုက်ပြီးရင် အောက်ကပုံလေးအတိုင်း ဘောက်လေးတစ်ခုထွက်လာပါလိမ့်မယ်


၃။Reset toolbars and controls ကို အမှန်ခြစ်ပေးပြီး Make Changes and Restart ဆိုတာကို နိုပ်ပေးလိုက်ပါ။ဒါဆိုရင် အကုန်ပြန်ပေါ်လာပါလိမ့်မယ်။အားလုံးဘဲအဆင်ပြေကြပါစေ။