Wednesday, November 17, 2010

သတင်းထူးများ နဲ့ ကျွန်တော်


ဟာ...
တအံ့တသြ
ပြန့်ပြောသော အတွေးလွင်ပြင်ကြီး
(ဆိုခရေးတီး ကတောင် ဆရာခေါ်...)

ဘာ...
အထိတ်တလန့်
စိတ်မနှံ့သူ ပုံစံမျိုးနဲ့
(တိုက်ပေါ်က ခုန်ချရင်ကောင်းမယ်...)

အို...
ဆွေးမြေ့ စရာ
ထွေးပွေ့ကာ ထားခဲ့သော
(ပန်းခြောက်တို့ရဲ့  ဒိုင်ယာရီလေးကိုဖွင့်...)

ဟေး...
ဝမ်းသာလုံးဆို့
လန်းဖြာအပြုံးတို့ ထကာခုန်
(ဘီယာဆိုင်ကိုပြေး...)

ဟိတ်...
ဒေါသတကြီး
ကျော ထ, တီးလိုက်ချင်
(စိတ်ကိုထိန်း စိတ်ကိုထိန်း...)

အဲ...
နားထောင်မလား
ကျားတောင်မစားတဲ့ သမင်တစ်ကောင်
(ကျွန်တော့်မှာ သတင်းထူးတစ်ပုဒ် ရှိနေပြီ...)