Saturday, November 20, 2010

ကိုယ့်ကိုကိုယ် အစဉ်လှပစေချင်လျှင်

18.jpg

အရေပြားတစ်ထောက်စာပဲရှိတဲ့ အလှအပအတွက် ယောကျာ်းမိန်းမတိုင်း အိပ်ခြင်းနိုးခြင်းကြားကာလမှ
လွဲပြီးမိမိကိုယ်ကို လှချင်ပချင် သန့်ရှင်းချင်ကြတာက လောကရဲ့ ဓမ္မတာပါပဲလေ။

ဒါတွေကလဲ မိမိအပါအ၀င် လူသားအားလုံးရဲ့  ရှိသင့်ဖြစ်ထိုက်တဲ့ သဘောတရားတွေပါပဲ။
အဲဒါနဲ့ ပါတ်သက်ပြီး ဧကရီ စိတ်ကူးလေး တစ်ခုရလာတယ်.
ကျန်းမာရေးနဲ့ အလှအပ အတွက် ကျွမ်းကျင်တဲ့ အသိဆရာဝန်တွေကိုမေးမြန်းထားတာလေးတွေ
ရှက်တတ်တဲ့ မြန်မာမိန်းခလေးတွေရဲ့ အမူအကျင့်ကြောင့် များသောအားဖြင့် မဖြစ်သင့်တဲ့ အနာလေးသေးသေးကစ ကြီးမားလာတဲ့ရောဂါတစ်ခု ဖြစ်သွားတာမျိုးပေါ့။

အဲလိုမျိုးတွေရှိတဲ့ အခါ ဧကရီအနေတဲ့ ကျန်းမာရေးပညာပေးလည်းဖြစ် ခေတ်နဲ့အညီ အလှအပဖက်ရှင်အတွက်လည်းအသုံးဝင်စေတဲ့ ဧကရီ စုဆောင်းထားတဲ့ စာတိုပေတိုလေးတွေကို ပို့စ်တစ်ခုအဖြစ်တင်ပြသွားချင်ပါတယ်။

သိတဲ့ နားလည်တဲ့သူတွေကိုလည်း ဧကရီ ဖိတ်ခေါ်ပါရစေရှင့်..
ကိုယ်တိုင်ပါဝင် ဆွေးနွေးပေးပါလို့ဖိတ်ခေါ်ပါရစေ။
ကုသိုလ်ရှာတဲ့ သဘောမျိုးပါပဲ..ကိုယ်သိတာတွေမျှဝေတဲ့အတွက် လူသားအားလုံးအတွက်.စာဖတ်သူတစ်ယောက်အတွက်
အသိပညာပေး (သို့) သူ့အတွက် အသုံးဝင် အကျိုးရှိစေမဲ့ စာတစ်ကြောင်းလောက်သာ ကျန်ခဲ့စေအုံး. စေတနာ
ရှေ့ထားပြီး တင်ပြတဲ့သူအတွက် အားဆေးလေးတစ်ခွက်ဖြစ်စေတယ်လေ။

ခု ဧကရီ ပထမဆုံး သော ကိုယ်ပိုင်စုဆောင်းတင်ပြတဲ့ ဒီပို့စ်လေး ကိုစိတ်ရှည်စွာ ဖတ်ပေးကြလို့ ကျေးဇူးလည်းတင်ပါတယ်။
ဧကရီ စာအေ၇းအသားမကောင်းပါဘူးရှင့်။ ဒါကြောင့် အမှားပါရင်ခွင့်လွတ်ပါလို့တောင်းပန်အပ်ပါတယ်.။

ဧကရီဖတ်ဖူးတဲ့ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်တွေမှာဘာတွေလုပ်တယ်..ဘာတွေလုပ်သင့်တယ် ဆိုတာ ပြတဲ့အချိန်ဇယားလေးကို ပထမဆုံး တင်ပြလိုက်ပါတယ်ရှင့်။။။

လူ့ခန္ဓာကိုယ်ကြီးအလုပ်လုပ်တဲ့ အချိန်

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်

(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)



နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)
ဧကရီတို့ ရောက်နေတဲ့သဘာဝလောကကြီးဟာ အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေကြသလို။
လူ့ခန္ဓာကိုယ်ဟာလည်း သဘာဝ လောကကြီးနဲ့ တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်
ဖြစ်တဲ့အတွက် အချိန်နဲ့ အိပ်စားသွာလာပြီး နေတတ်ကြဖို့လိုပါတယ်။
လှချင်ပချင်တဲ့ ညီမငယ်လေးတွေ အတွက်လည်းအရေးပါပါတယ်။

ဆေးပညာသုတေသနပြုချက်တွေအရ ဆိုရင်  ညဆိုင်းအလုပ်လုပ်တဲ့သူဟာတဲ့ ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်ပါတယ်တဲ့။
မိန်းခလေးတွေဆိုရင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စတဲ့ ရောဂါတွေပိုမိုခံစားရတတ်ပါတယ်တဲ့။

လူတစ်ယောက်ဟာညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူရဲ့  ခန္ဓာကိုယ်ဟာ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များဟာကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသလိုကိုယ်တွင်းအရည်လောင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများစေတတ်ပါတယ်တဲ့။
ခန္ဓကိုယ်ရဲ့ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်ပါတယ်.ဒါကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူတွေ ဆေးလိပ်သောက်၊ အရက်သောက်သူတွေဖြစ်နိုင်တဲ့ရောဂါမျိုးတွေဟာ  သာမန်လူထက် ငါးဆပိုဖြစ်နိုင်ပါတယ်တဲ့။
ဒါကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမယ်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာလေးစားမယ်ဆိုရင်ခံသာပါသေးကြောင်း
ဧကရီ မရေးတတ်ရေးတတ်နဲ့ တင်ပြလိုက်ပါကြောင်း........................................

(စာဖတ်သူရဲ့ အားပေးစကားလေးတစ်ခွန်းဟာ စာရေးသူတွေအတွက် ပို့စ်အသစ်လေးဖြစ်စေမဲ့ အားဆေးတစ်ခွက်ပါပဲရှင့်)
                                                              ခင်မင်လေးစားစွာဖြင့် ***ဧကရီ****