Thursday, November 25, 2010

သီတဂူဆရာတော်ဘုရား၏ သြ၀ါဒ

ငါသေသွားရင် တိုင်းပြည်နဲ့ လူမျိုး၊ဘာသာ သာသနာ အတွက် ဘာထားခဲ့မလဲ၊
ထားနိုင်အောင် ကြိုးစားပါ။

မိမိအတွက် သံသရာကို ဘာယူသွားမလဲ
သံသရာအတွက် အနှစ်ကိုလည်း ယူသွားနိုင်အောင် ကြိုးစားပါ။

မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက် မိမိကြောင့် သူတပါး
ကိုယ်စိတ်နှစ်ပါး ဒုက္ခမရောက်အောင်နေတတ်ဖို့ ကျင့်တတ်ဖို့က
ပိုပြီးအရေးကြီးပါတယ်။

သူတစ်ပါးအကျိုးစီးပွားနှင့် မိမိအကျိုးစီးပွား တိုးပွားအောင် ကြိုးစားပြီးနေတတ်ဖို့
အရေးကြီးပါတယ်။

မာဝမညေထ ပုညဿ --- ကောင်းမှုကိုသေးငယ်သည်ဟူ၍ မထေမဲ့မြင် မပြုနှင့်။
နစခုဒ္ဒ မာ စရေကိဉ္စိ ----  မကောင်းမှုကို သေးငယ်သည်၍လည်း မပြုမိစေနှင့်။
                           
                                    သီတဂူဆရာတော်အရှင်ဉာဏိဿရ (D.Litt) (Ph.D)