မေ့တတ်လောက်အောင် သတိရသူ
သူ့အကြောင်းတွေးရင်း...
သော့ကို နှိုက်ရှာ
တံခါးဖွင့်မှာ
တိန်...
မေ့ခဲ့ပြန်ပြီ
ဘယ်နားဆီ။
သူ့အကြောင်းတွေးရင်း...
ခရီးသွားမယ်
ကားပေါ်ဝယ်
တိန်...
လက်မှတ်ဘယ်မှာ
ကယ်ကြပါ။
သူ့အကြောင်းတွေးရင်း...
ချိုးလျက် ရေပန်း
လက်ကလှမ်း
တိန်...
ဝယ်ဖို့မေ့တယ်
ဆပ်ပြာရယ်။
သူ့အကြောင်းတွေးရင်း...
မနက်စာ လုပ်
ခေါက်ဆွဲပြုတ်
တိန်...
ဘယ်နားရောက်နေ
မောင်ဇွန်းရေ။
သူ့အကြောင်းတွေးရင်း...
မင်္ဂလာပွဲစည်
အားကျသည်
တိန်...
အိမ်တွင်မေ့ခဲ့
ထိုလက်ဖွဲ့။
သူ့အကြောင်းတွေးရင်း...
မျက်နှာရဖို့
မွေးနေ့ကဒ်ပို့
တိန်...
မှားလို့နေသည်
လ အမည်။
သူ့အကြောင်းတွေးရင်း...
သူ့အကြောင်းတွေးရင်း...
ချစ်သူလေးကမှာရှာတယ်
ဘယ်အချိန်လာခိုးကွယ်
အိမ်က ပေးစားတော့မယ်။
တိန်...
ခုမှသတိရ
(၃)ရက်ကျော်ပြီဗျ
ရင်ကွဲနာတွေကျ။
သူ့အကြောင်းတွေးရင်း...
ယုံပါချစ်သူ
အားလုံးကို မေ့လျော့နေလောက်အောင်
မင်းကို အချိန်တိုင်း သတိရနေတာပါ။