Sunday, November 7, 2010

ထပ်မံရရှိသော မြန်မာနိုင်ငံ ရွေးကောက်ပွဲသတင်း

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် မဲရုံအမှတ် (၁) ပြည်သူ့လွှတ်တော်အဆင့် ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲရေအတွက် ၁၅၄ မဲအသာဖြင့် အနိုင်ရရှိနေ
Sunday, November 07, 2010 10:16 PM

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် မဲရုံအမှတ် (၁) ပြည်သူ့လွှတ်တော်အဆင့် ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲအရေအတွက် ၁၅၄ မဲအသာဖြင့် အနိုင်ရရှိနေကြောင်း သတင်း ရရှိသည်။


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် မဲရုံအမှတ် (၂)တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် NDF ပါတီက မဲအပြတ်အသတ် ရရှိ
Sunday, November 07, 2010 10:08 PM

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် မဲရုံအမှတ် (၂) တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် NDF ပါတီက မဲအပြတ်အသတ် ရရှိကြောင်း သိရသည်။ အဆိုပါ မဲရုံတွင်
ပြည်သူ့လွှတ်တော်၌ ပြည်ခိုင်ဖြိုးက ၄၂၅ မဲကို NDF က ၆၅၉ မဲဖြင့် အသာစီး ရရှိသွားပြီး တစည ပါတီက ၁၇၆ မဲ၊ ၀ံသာနုNLDက မဲ ၇၀ ရရှိကြောင်းနှင့် ပဲမယ် ၉၄ မဲ ရှိသည်ဟု သိရသည်။