Tuesday, November 30, 2010

နမောတေ ဂါထာရဲ့ အနက်မြန်မာပြန်

 အကူအညီတောင်းရန် ကဏ္ဍမှ
LinLinn -  နမောတေ ဂါထာရဲ့ အနက်မြန်မာပြန်လိုချင်လို့ပါ ။ ကူညီပါဦးနော် ။
 ဆိုတာအတွက် ပြန်လည်ဖြေကြားပေးခြင်းဖြစ်ပါတယ်။
 
နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊
ဝိပ္ပမုတ္တော သိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋိပန္နော သ္မိ၊
တဿ မေ သရဏံ ဘ၀။
ပါဠိအနက် -
ဝီရ၊ လုံ့လ ကြီးမားတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်မြတ်ဘုရားအား။ နမော၊ ကာယ၀စီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ တွံ၊ ဘေးရန်ကင်းငြား ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗဓိ၊ အလုံးစုံသော အနှောင်အဖွဲ့မှ။ ၀ိပ္ပမုတ္တော၊ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊ ရှင်တော်မြတ်ဘုရားသည်။ တဿမေ၊ ထိုဘုရား တပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာရကြောင်း မြတ်သော မှီခိုရာသည်။ ဘ၀၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ဖြစ်တော်မူပါ အရှင်ဘုရား။