Saturday, November 6, 2010

ဂင်းနစ်မှတ်တမ်းဝင် စံချိန်များ(၁)

(၁) ကမ္ဘာ့ အသံအကျယ်ဆုံးလူ
- ပေါ(လ်)ဟမ်း
- ၂၄/၉/၂၀၀၈ နေ့ လန်ဒန်တွင် ၁၀၇.၁ ဒက်ဆီဘယ်(လ်) ကျယ်အောင် အော်နိုင်ခဲ့သည်။

(၂) ကမ္ဘာ့ အရပ်အရှည်ဆုံးလူ
- ရောဘတ်ပါရှင် ၀က်(ဒ်)လိုး
- ၁၅/၇/၁၉၄၀ နေ့၊ အမေရိကန်ပြည်ထောင်စုတွင် တိုင်းထွာချက်အရ ၈ပေ၊ ၁၁လက်မ ရှည်သည်။

(၃) ကိုယ်ခန္ဓာတွင် အပေါက်အများဆုံးဖောက်ကာ အလှဆင်သော အမျိုးသမီး
- အီလိန်း ဒေဗစ်ဆန်
- ၉/၈/၂၀၀၁ နေ့၊ အင်္ဂလန်နိုင်ငံ၊ အပေါက်ပေါင်း (၇၂၀) ဖောက်ထားသည်။

(၄) ကမ္ဘာ့ မျက်နှာပြောင်အတိုက်နိုင်ဆုံးလူ
- ဂေါ်ဒန် မက်တင်ဆန်
- ၁၉၆၇-၇၂၊ ၁၉၇၄-၇၇။ အင်္ဂလန်နိုင်ငံ၊ ကမ္ဘာ့ မျက်နှာပြောင်ပြိုင်ပွဲ ချန်ပီယံ ၁၀ ကြိမ်တိတိရယူနိုင်ခဲ့သည်။

(၅) ကမ္ဘာ့ မျက်လုံးအပြူးထွက်ဆုံး အမျိုးသမီး
- ကင်(မ)ဂွတ်(ဒ)မန်
- ၂-၁၁-၂၀၀၇၊ တူရကီနိုင်ငံ၊ ၁၂ မီလီမီတာ ပြူးထွက်လျက်ရှိသည်။

(၆) ကမ္ဘာ့ ခါးအသေးဆုံးအမျိုးသမီး
- ကေသီဂျန်း
- ၁၉၉၉၊ အမေရိကန်ပြည်ထောင်စု၊ ခါး(၁၅)လက်မသာ ရှိသည်။

(၇) ကမ္ဘာ့ လေမှုတ်အား အကောင်းဆုံးလူ
- မန်ဂျစ်ဆင်း
- ၁၆/၉/၁၉၉၈၊ အိန္ဒိယနိုင်ငံ၊ ပူပေါင်းကို အချင်း (၈)ပေရောက်အောင် မှုတ်နိုင်ခဲ့သည်။

(၈) ကမ္ဘာ့ နားမွှေးအရှည်ဆုံးလူ
- အန်ထိုနီ ဗစ်တာ
- ၂၆/၈/၂၀၀၇၊ အိန္ဒိယနိုင်ငံ၊ ၇.၁၂ လက်မရှည်သည်။

(၉) ကမ္ဘာ့ ဆံပင်အရှည်ဆုံး အမျိုးသမီး
- ရှီချူပင်း
- ၈/၅/၂၀၀၄၊ တရုတ်နိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ ၁၈ ပေနှင့် ၅.၅၄ လက်မ ရှည်သည်။

(၁၀) ကမ္ဘာ့ လျှာအရှည်ဆုံးလူ
- စတီဖင် တေလာ
- ၁၁/၂/၂၀၀၉၊ အင်္ဂလန်နိုင်ငံ၊ ၃.၈၆ လက်မ ရှည်အောင်ထုတ်ပြနိုင်ခဲ့သည်။

(၁၁) ခြေချောင်း၊ လက်ချောင်းအများဆုံးလူ
- ဒီဗင်ဒရာ ဟန်း
- အိန္ဒိယ နိုင်ငံ၊ ၉/၁/၁၉၉၅ တွင်မွေးဖွားပြီး လက်ချောင်း(၁၂)ချောင်း၊ ခြေချောင်း(၁၃)ချောင်း ပါသည်။