အဆိုပါ တောင်ကိုရီးယား ရုပ်ရှင်ပွဲတော် ၂၀၁၀ တွင် တောင်ကိုရီးယား ရုပ်ရှင်ဇာတ်ကား ၄ ကားဖြစ်သော Le Grand Chef 1, Le Grand Chef 2, My Girl Friend is An Agent နှင့် Scandal Makes ကို နှစ်ကြိမ်စီ ပြသမည် ဖြစ်ပြီး ရုပ်ရှင်လက်မှတ်များကို အခမဲ့ ပေးသွားမည်ဟု သိရသည်။ ထို့ကြောင့် ကိုရီးယား ရုပ်ရှင် ၀ါသနာရှင်များ အနေဖြင့် ရန်ကုန်မြို့ ကိုရီးယား သံရုံးတွင် နိုဝင်ဘာ ၁၅ ရက်နေ့မှ စ၍ လက်မှတ်များ လာရောက် ထုတ်ယူနိုင်မည်ဟု သိရသည်။
Tuesday, November 2, 2010
သမ္မတရုပ်ရှင်ရုံတွင် ကျင်းပမည့် ကိုရီးယား ရုပ်ရှင်ပွဲတော် ၂၀၁၀ သို့ ကိုရီးယားမင်းသား ဂျူမုံ တက်ရောက်ဖွင့်လှစ်မည်ဟု ကြားသိရ
ရန်ကုန်မြို့တွင် ကိုရီးယား ရုပ်ရှင်ပွဲတော် ၂၀၁၀ ကို နိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပမည့် ဖွင့်ပွဲကို မြန်မာပရိသတ်များ အသည်းစွဲ “ရာဇ၀င်တွင်မယ့် သူရဲကောင်း” ဇာတ်ကားမှ ဂျူမုံ ခေါ် ကိုရီးယားမင်းသား ဆောင်းအီကွတ် (Song Ii Kook) နှင့် Le Grand Chef ရုပ်ရှင်ဇာတ်ကားမှ ကိုရီးယားမင်းသမီး လီဟန တို့ တက်ရောက်ကြမည်ဟု တောင်ကိုရီးယားသံရုံးမှ ထုတ်ပြန်သော သတင်းတွင် ပါရှိခဲ့သည်။