ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် အောက်တိုဘာလ ၂၉ရက်မှ ၃၁ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သော Myanmar ICT Exhibition 2010 ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအင်တာနက် Domain ဖြစ်သော com.mm အားတစ်နှစ်စာမှတ်ပုံတင်ခ ကျပ်ခြောက်သောင်းနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း mYFi Internet Service ထံမှ စုံစမ်းသိရှိရသည်။ mYFi က com.mm,net.mm နှင့် org.mm Domain များကို Domain တစ်ခုလျှင် တစ်နှစ်စာမှတ်ပုံတင်ခ ကျပ်ခြောက်သောင်းနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။