Saturday, November 13, 2010

Facebook Application Virus တစ်မျိုး ပြည်တွင်း၌ ပျံ့နှံ့ကူးစက်လျက်ရှိ


နာမည်ကြီး လူမှုရေးကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook တွင် ဆိုက်၏ Application ယောင်ဆောင်ထားသော Virus တစ်ခု နိုဝင်ဘာလ ၇ ရက်နေ့က စတင်၍ ပျံ့နှံ့ခဲ့ကြောင်း ၊ လတ်တလောတွင် ပြည်တွင်းရှိ Account များတွင် အများဆုံး တွေ့ရှိရကြောင်း သိရသည်။

သုံးစွဲသူများ ပိုမို အဆင်ပြေ နှစ်သက်စေရန် Feature အသစ်များ Application အသစ်များ တင်ပေးတတ်သော Facebook ပေါ်တွင် Imagine That ဆိုသော Application တစ်ခု နေရာယူလာရာ သုံးစွဲသူများက မသိဘဲ ကလစ်နှိပ်မိရာမှ ကူးစက်ခံ လိုက်ရပြီး http://apps.facebook.com/imaginethat ဟူသော လင့်ကို နှိပ်မိရာမှ ကူးစက်ခံရနိုင်သည်ဟုလည်း သိရသည်။

ထိုဗိုင်းရပ်စ် အကူးစက် ခံရလျှင် မိမိ Account ထဲရှိ မိတ်ဆွေသူငယ်ချင်းများ၏ Wall များတွင် မိမိနာမည်ဖြင့် Comment များ ၀င်ရောက်ရေးသားသွားသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ Comment များမှ တစ်ဆင့် တစ်ဦးပြီးတစ်ဦး ပျံ့နှံ့လွယ်ကြောင်း သိရှိရသည်။



သို့သော် ထို Application ဗိုင်းရပ်စ်သည် အထူးကြောက်စရာ မလိုဘဲ Privacy Setting / Application & Website / Edit Your Setting / Applications You Use အဆင့်ဆင့် ၀င်ရောက်ရပြီး Edit Setting ကို ကလစ်နှိပ်ကာ Imagine That ၏ ဘေးမှ ကြက်ခြေခတ် အမှတ်အသားကို နှိပ်ကာ အလွယ်တကူပင် ဖယ်ရှားနိုင်ကြောင်း ကြားသိရသည်။

credit mmdailynews