Friday, November 26, 2010

Flash Menu တွေကို Online တည်ဆောက်လိုရင်

ကျွန်တော်တို့ Website တွေမှာ Flash Menu တွေကို Online ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ လက်တွေ့ အသုံးပြုနိုင်တဲ့ နေရာလေးကိုသွားဖို့ ဒီနေရာလေးမှာ ကလစ်ပါ။ အဲဒီမှာ မိမိစိတ်ကြိုက် Menu ပုံစံ၊ အရောင် လေးတွေကို ရွေးချယ်နိုင်ပါတယ်။ မိမိလိုအပ်တဲ့ Link name နဲ့ Link URL တွေကို ရေးသွင်းပြီးရင် Create ဆိုတာကို နှိပ်ရပါတယ်။ ဒါဆိုရင် သူက Flash ဖိုင်လေး တစ်ခုနဲ့ HTML embed လုပ်ဖို့ Code တွေကို ပေးပါလိမ့်မယ်။ အဲဒီ Flash ဖိုင်လေးကို Centralupload.com လိုနေရာမျိုးမှာ လှမ်းပြီး Upload တင်ထားပါ။ Embed code မှာ သူ့ရဲ့  လိပ်စာကို ပြောင်းရေးပေးပါ။ ဒါဆိုရင် မိမိရဲ့  Webpage မှာ Flash Menu လေး တစ်ခု ရပြီပေါ့။ အောက်မှာ ကျွန်တော် နမူနာလေးတစ်ခုဖန်တီးထားပါတယ်။ Menu ရဲ့  အောက်နားမှာ HTML Frame လေးတစ်ခုကို "contentframe" ဆိုတဲ့ နာမည်နဲ့ ထည့်ထားပါတယ်။ Menu ရဲ့  Target frame တွေကို "contentframe" လို့ ရေးပေးထားတဲ့အတွက် Menu ပေါ်မှာ ကလစ်လိုက်ရင် သူ့ရဲ့  Link တွေက အောက်က Frame လေးမှာပဲ ပေါ်လာပါတယ်ဗျာ။ စမ်းသပ်ကြည့်ပါ။