Wednesday, November 24, 2010

အမေရိကန် ဂီတ ထူးချွန်ဆုပေးပွဲ မှ ဆုများကို ဂျပ်စတင် ဘီဘာ မောင်ပိုင်စီးထား

အသက် ၁၆ နှစ်သာ ရှိသေးသော ကနေဒီယံ ဆယ်ကျော်သက် အဆိုတော် ဂျပ်စတင်ဘီဘာသည် နိုဝင်ဘာ ၂၁ ရက်နေ့က အယ်အေ နိုကီယာ ဇတ်ရုံ တွင် ကျင်းပသော အမေရိကန် ဂီတထူးချွန်ဆု ပေးပွဲတွင် ဆု (၄) ဆု ကို ရယူပြီး ပရိသတ်များ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့သည်ဟု သိရသည်။
“ကျွန်တော် ဝမ်းသာပြီး အပြုံးတွေကိုတောင် မရပ်နိုင်တော့ဘူး” ဟု pop/rock male (အကောင်းဆုံး pop/rock အမျိုးသားအဆိုတော်ဆု) ၊ breakthrough artist (ထိုးဖောက်အောင်မြင်နိုင်ဆုံး အနုပညာရှင်ဆု) ၊ album of the year (ယခုနှစ်၏ အကောင်းဆုံး အယ်လ်ဘန်ဆု) နှင့် artist of the year (ယခုနှစ်၏ အကောင်းဆုံး အနုပညာရှင်ဆု) များကို ရရှိခဲ့သော ဂျပ်စတင် ဘီဘာက ဆိုပါသည်။
http://patheincity.com/news//HLIC/a1425e5ecc5777676725640972f0a12f.jpg
အမေရိကန် ဂီတထူးချွန်ဆု ပေးပွဲ၏ အသက်အငယ်ဆုံး ထူးချွန်ဆု ပေးအပ်ခံရသူ ဖြစ်လာခဲ့သော ဂျပ်စတင်ဘီဘာ သည် R&B စတား အဆိုတော် Usher ကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ကာ “Usher က ကျွန်တော့်ရဲ့ ဆရာ ဖြစ်ရုံတင်မက ပါဘူး ကျွန်တော့် အခင်ဆုံး သူငယ်ချင်းနဲ့ အကိုကြီးလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
http://patheincity.com/news//HLIC/c2d5b533c42eda6941c78d1ca4ac44cc.jpg
Usher သည် သူ၏ အယ်လ်ဘန်  Raymond v. Raymond အတွက် male soul artist နှင့် male R&B artist ဟူသော ဆုနှစ်ခုကို ရရှိခဲ့ပြီး နာမည်ကျော် ဟစ်ဟော့ အဆိုတော် Eminem သည်လည်း Recovery အယ်လ်ဘန် အတွက် male rap artist နှင့် male hip-hop artist ဆုနှစ်ခုကို ရရှိခဲ့သည်။
http://patheincity.com/news//HLIC/79ba994679d31218071321f4470007b1.jpg
အခြားသော ဆုရရှိသူများမှာ pop/rock female (အကောင်းဆုံး pop/rock အမျိုးသမီးအဆိုရှင်ဆု) အတွက် လေဒီဂါဂါ ၊  pop/rock group (အကောင်းဆုံး pop/rock အဖွဲ့ဆု) အတွက် Black Eyed Peas အဖွဲ့ ၊ male country artist ( ကန်းထရီး အဆိုရှင် အမျိုးသား ဆု) အတွက် Brad Paisley ၊ female country artist (ကန်းထရီး  အဆိုရှင် အမျိုးသမီး ဆု) အတွက် တေလာဆွစ် ၊  country group (ကန်းထရီး အဖွဲ့လိုက် အဆိုရှင်ဆု) အတွက် Lady Antebellum နှင့် country album of the year (ယခုနှစ်၏ ကန်းထရီး အယ်လ်ဘန် ဆု) အတွက် Carrie Underwood တို့က ရရှိကြသည်။
http://patheincity.com/news//HLIC/726b5a1faae3d18c7d78205b2ba22e98.jpg
http://patheincity.com/news//HLIC/c14583b536888294504ecca36db29d7b.jpg
http://patheincity.com/news//HLIC/373af3a4ad7b29827d470764ec241252.jpg
http://patheincity.com/news//HLIC/f63e02b2f2b860cc3fef5cc8259c04ee.jpg
http://patheincity.com/news//HLIC/69684622d920ef195ab058c094bd48a2.jpg
http://patheincity.com/news//HLIC/8ad15d6374438561f8f47fe253e3405f.jpg
http://patheincity.com/news//HLIC/2b03c1558d22d0c7bb7169981d99dbc0.jpg
credit patheincity