Tuesday, November 30, 2010

what love?

thurira: what love?


thurira မေးထားတဲ့ မေးခွန်းလေးကို ဧကရီ အနေနဲ့ ဖတ်မိတဲ့ အဖြေလေးပေးလိုက်ပါတယ်ရှင့်။
ဒါပေမဲ့ ဒီမေးခွန်းလေးဟာ တိုတိုလေးပေမဲ့ အဖြေတွေအများကြီးရှိနိုင်ပါတယ်။
တစ်ဦးတစ်ယောက်စီရဲ့ အတွေးနဲ့  တစ်ယောက်တူညီမူဆိုတာ ရှိခဲမှာပါ။

ဒါကြောင့် ဒီဘလော့ဂ်ကိုလာလည်တဲ့ အကို အမ မောင်လေး ညီမလေး တွေရဲ့
ရင်ထဲရှိတာလေးတွေ ၀င်ဆွေးနွေးပါလို့ ဧကရီတောင်းပန်အပ်ပါတယ်ရှင့်။

အကိုရေ..အကိုမေးတဲ့ အချစ် ဆိုတာဘာလဲ ဆိုတာကိုဖြေရမယ်ဆိုရင်

ဥပမာနိုင်းပြီးပြောကြည့်မယ်နော်။တစ်ချို့ ကပြောကြတယ်သိလား။

မြောက်ဝင်ရိုးစွန်း က ရေခဲတုံး တွေ ကြား ရောက်သွားသလို အအေးဓါတ် တွေ ကို ပေးစွမ်း နိုင်သလို..
ဟီရိုရှီးမား နဲ့ နာဂါဆာဂီ မှာ ပေါက်ကွဲ ခဲ့တဲ့ အနုမြူဗုံး ထက်လဲ ပူလောင်မှု တွေကို ပေးစွမ်းနိုင်တယ်.တဲ့.။

တချို့ ကအချစ်ဟာ မျှော်လင့်ချက် တွေကို အသက်ဆက် စေနိုင်သလို..
မျှော်လင့်ချက် တွေကို လဲ သေဆုံးသွား စေနိုင်တယ်.တဲ့။.

ကိုယ်ဘယ်လိုမှ မလုပ်နိုင်တော့ဘူး လို့ ထင်ထားတဲ့ အရာတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ တွန်းအားပေးနိုင်သလို..
လွယ်ကူပါတယ် ဆိုတဲ့ အရာတွေ ကို ဆက်ပြီး မလုပ်နိုင်လောက်အောင် လဲ ဖျက်ဆီး တတ်တယ်တဲ့။..

တစ်ချို့က အချစ်ဟာတဲ့ ပျော်ရွှင် တက်ကြွ မှုတွေ ကို ဆောင်ကြဉ်း ပေးနိုင်သလို..
စိတ်ညစ် အားငယ် မှု တွေကို လဲ ရသ အပြည့် ပေးနိုင်တယ်..

ကမ္ဘာကြီး ကို အပြုံးပန်း တွေ နဲ့ဖူးပွင့် အလှဆင် နိုင်သလို..
မျက်ရည်မိုး တွေ ရွာသွန်းဖြိုးစေ နိုင်တယ်

ဘယ်အာဏာရှင် ဘယ် ဥပဒေ ကမှ တားဆီး ပိတ်ပင် လို့ မရ စကောင်း နိုင်တဲ့ အရာ..

လူတန်းစား မရွေး ဘာသာ မရွေး အားလုံး မှာ တူညီ စွာ ရှိတတ် တဲ့ အရာ..

ရင်ထဲမှာ အစာ မစားပဲ ပြည့်နေအောင် ဖန်တီး နိုင်သလို...
အမြဲတမ်း လဲ ဟာနေအောင် စွမ်းဆောင်နိုင် တယ် ...လို့ အမျိုးမျိုးကောက်ချက်ချမှတ်နိုင်ပါတယ်တဲ့။
အောက်က ဆွေးနွေးချက်စာလေးတွေကိုလည်းဖတ်ကြည့်ပါနော်။

တကယ်ဆိုရင် အချစ်ဆိုတာ ကျယ်ပြန့် နက်ရှိုင်းတဲ့ အရာလို့ပဲ ဧကရီထင်ပါတယ်ရှင့်။



အောက်က ဟာလေးတွေကတော့အချစ်အကြောင်း ဖွင့်ဆိုထားကြတဲ့ နောက်ထပ် အချစ်ဒဿနိက ပညာရှင် များရင်ဖွင့်ထားတာလေးတွေပါ။


  • အချစ်သည်.....ထိုင်းဒူးရင်းသီးလို စားလိုက်ရင်ဖွယ်တယ်၂ကြီးနဲ့  အရသာမရှိပါ ဟိဟိ ရေးမယ် တက်စ်ပြီးသာထပ်ထည့်တယ်တဲ့နော် တော်တော်ဆိုးနေပါလားး

  • အချစ်ဆိုသည်မှာ ကြက်ဥအစိမ်း တစ်လုံးကို နောက်ဖက်ဘောင်းဘီအိတ် ထဲထည့်ကာ ဖိနပ်အသစ်ကလေး စီးပြီး ဖိနပ်ပေါက်နေသကဲ့သို့ ခံစားရပါသည်။.. ထိုင်လို့လည်းမရ။ ကုန်း၍လည်းမဖြစ်။ ပြောင်းထည့်၍လည်းမရ။ လွင့်ပစ်ချင်သော်လည်း နှမျောစရာ။ မလွင့်ပစ်သော်လည်း နာ။ အင်း.. မိုက်တယ်နော်..

  • အချစ်ဆိုတာ ဘယ်တော့မှာ ဥ,မဥဘူး
    Love will never lie ပဲ ဟိ
    ရေးပါ့မယ် မွန့်ကိုတော့ tag သာ tag
    ရေးစရာရလို့ ကျေးဇူးတောင်တင်သေး ကြောက်ဝူးးကွ ဟဟ

  • ခုမှတပ်ကြွေးဆပ်ပြီးလို့F5နှိပ်ရုံရှိတေးဒယ်..
    အချစ်ဆိုတာဘာလဲ? အဲဒီအဓိပ္ပာယ် ကိုဖွင့်ဆိုမယ့် ဒဿနိကပညာ ရှင်များ စာရင်းလေး လာကြည့်ပါအုံး ဟီး..။ တဂ်ထားတယ် လို့မပြောချင်လို့ အဲလိုယဉ်ကျေးစွာ အကြောင်းကြားလိုက် တာပါ တဲ့..အဟင့်ဟင့်..
    အစ်ကိုကြီး ညီမလေးက ကလေးလေးပဲချိတေးတာဘာတွေလာမေးနေတာတုန်းတိဝူး...:P(နည်းနည်းတော့စောင့်နော်အစ်ကိုကြီးရေးပေးမယ်

  •  ပညာသားပါပါ တဂ်ထားတာလေးကိုတော့ လေးစားမိပြီ။ တစ်ခုတော့ရှိတယ် နေမထိထိုင်မသာအောင် တဂ်ထားတာ။
    but အချစ်အကြောင်းတွေကို ဘယ်လိုသီအိုရီတွေနဲ့ ရေးဖွဲ့မယ်ဆိုတာ တစ်ညလောက်ခေါင်းကိုက်ခွင့်ပေးပါ။ ဟိဟိ ပညာသားပီပီနဲ့ စဉ်းစားချိန်ပေးဖို့တောင်းဆိုတာ။

  • အားလုံးရဲ့ အချစ်ဆိုသည်မှာ ကို ဖတ်ပြီးတူညီတာတစ်ခုတော့ ရှိတယ်။
    အချစ်ဆိုတာ မီး ။
    အချစ်ကျောင်းက သူငယ်တန်းကလေးတွေ အတွက်အဖိုးတန်တဲ့ သင်ခန်းစာလေးတွေဖြစ်ပါတယ်။
    ရသ ၊ သုတ တွေပေးတဲ့ ပညာရှင်တွေကို လေးစားပါတယ်။
ဘလော့ဂ်တစ်ခုမှာ ဖတ်မိတာလေးကို မှတ်မိသလောက်ရေးသားပေးလိုက်ပါတယ်ရှင့်။အဆင်ပြေပါစေ။