Tuesday, November 16, 2010

Windows 7 Genuine Error ကို ပြုပြင်ခြင်း


ခုဆိုရင်ကွန်ပျုတာအသုံးပြုသူအများစုဟာ Windows 7 ကို အသုံပြုလာကြပါတယ်။
ကျွန်တော်တို့ ဆီမှာတော အမှန်အကန် Windows 7 ကိုဝယ်ယူရန်ခက်ခဲတာတစ်ကြောင်း
ငွေရေးကြေးရေးအရ ခက်ခဲတာတကြောင်းကြောင့် Pirate Windows များကိုသာ အားပေးကြပါတယ်။
အကျိုးဆက်ကတော့ Windows မှာပါတဲ့ Updater ကို မပိတ်လိုက်မိလို့ အွန်လိုင်းလိုက်ရင် ပြဿနာစတော့တာပါပဲ
စက်ကို Restart ချလိုက်လို့ပြန်တက်လာရင်This copy of Windows 7 is not genuine ဆိုပြီး ဖြစ်လာတော့တာပါပဲ

ကဲသိပ်လဲစိတ်မပျက်ပါနဲ့ အနာသိရင်ဆေးရှိပါတယ် Windows 7 Genuine Error ကိုဖြေရှင်းပေးပါမယ်။
၁။ ဒီနေရာကနေ Windows 7 Activator ကိုယူလိုက်ပါ။
၂။ အဲဒီRAR File ကိုဖြည်လိုက်ပါ။
၃။ နောက်ပီး Control Panel>User Account ထဲဝင်ပါ။
၎။ ပီးရင် အဲဒီထဲမှာ Change User Account Control Setting ကိုဆက်ဝင်ပါ။
၅။ အဲ့ဒီထဲကဘားလေးကို never notify ကိုရွေ့ပါ။
၆။ ပီးရင် စောစာက ဖြည်ထားတဲ့ RAR file ထဲမှာ RemoveWAT.exe ဆိုတဲ့ file ကို right click လုပ် Run as Administrator နဲ့ ဖွင့်လိုက်ပါ
၇။ Remover Box ပေါ်လာပါလိမ့်မယ်။ အဲ့ဒီBox မှာ RemoveWAT ဆိုတာကိုနှိပ်လိုက်ပါ

၈။ ပီးရင်မိနစ်အနည်းငယ်စောင့်ပါ။ wating စာတန်းလေးပျောက်သွားရင်တော့ အားလုံးOK သွားပါပီ
၉။ နောက်ပီးရင် Windows ရဲ့ Auto Update ကိုပိတ်ထားပါ။ ဖွင့်ထားမိရင်တော့ ကိုယ့်အကုသိုလ်နဲ့ကိုယ်ပေါ့နော်