Monday, December 6, 2010

ဘလော့ဂါတွေအတွက် နဲ့ အကြင်နာနန်းတော်မှာ ပို့စ်တင်ချင်သူများအတွက် မေတ္တာ လက်ဆောင်နော်..

images?q=tbn:ANd9GcSsI_T4ON3Qi7Pp49OdA9_SdOkaNjwRu-p1l55Od2io-F91A4uoow

အားလုံး မင်္ဂလာပါရှင့်။  ဒီနည်းလေးကို ပို့စ်တင်ပေးမယ်လို့စဉ်းစားထားတာကြာပါပြီ။

 ပြည်ပကနေ မြန်မာပြည်ပြန်လို့ ကိုယ်ပိုင်ဘလော့လေး ၀င်ရတာအခက်အခဲတွေတွေ့နေလို့

ကိုယ့်ဘလောဂ်လေး ကို ပစ်ထားရတဲ့သူတွေအတွက်.။
မြန်မာပြည်တွင်း ရှိ ဘလော့ဂါဝင်ရတာ အခက်အခဲရှိသူတွေအတွက် နဲ့  ပြည်ပရှိ ဘလော့ဂါ ၀င်ရမှာ ပျင်းတဲ့သူတွေအတွက်
အကြင်နာနန်းတော်မှ ဧကရာဇ် နဲ့ ဧကရီ ကအထူးလက်ဆောင်လေးပေးလိုက်ပါတယ်။

အကြင်နာနန်းတော် မှာ ပို့စ်တင်ချင်တဲ့သူတွေအတွက်။

တကယ်လို့ ဘလော့ဂါမဟုတ်ပဲ နည်းပညာ နဲ့  ဗဟုသုတလေးတွေ မျှဝေပေးချင်တဲ့ သူငယ်ချင်းတွေကို
ဧကရီ ရဲ့   18akarai18.mama@blogger.com  ကို ကိုယ့်မေးလ်ကနေ ပို့စ်တင်ချင်တယ်ဆိုရင် အဲဒီအကောင့်ကို
ဆန့်လိုက်ပါ။ဘလော့ဂါ လုံးဝ ၀င်စရာမလိုပါ။
 http://www.akyinnarnantaw.co.cc/  အကြင်နာနန်းတော်ဆိုက်ဒ်ကြီးကို တိုက်ရိုက်ရောက်ပါတယ် ရှင့်။

စာရေးပေးပို့သူ နာမည်လေးတော့ ပို့စ်ရဲ့  အောက်မှာ ရေးပေးဖို့တော့မမေ့နဲ့နော်။
တကယ်လို့ ကိုယ်ပိုင်အကောင့်နဲ့ ရေးသားပေးပို့ချင်တယ်ဆိုရင် akyinnarnantaw.co.cc@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။
အကောင့်ဖေါက်ပေးပါ့မယ်နော်။


ဘလော့ဂါတွေအတွက်တော့ အကြင်နာနန်းတော်ကြီးရဲ့  အထူးလက်ဆောင်လေးပေါ့နော်။
အဲဒါကတော့  ဘလော့ဂါကိုမေးလ်ကနေပို့စ်တင်လို့
ရမယ့်နည်းလေးပါ ရှင့်။

9k=2Q==

နည်းလမ်း(၁)
ပထမတစ်ကြိမ်တော့ ဘလော့ဂါ ၀င်ဖို့လိုတာပေါ့နော်။ပထမဆုံး ဘလော့ဂါကိုအကောင့်ဝင်ပါ။
ဝင်ပြီးသွားရင်
Settings ကိုသွားပါ။settings ထဲကမှ Email&Mobile ကိုရွေးပေးပါ။Email&Mobileကိုရောက်ပြီဆိုရင် Posting
Options အောက်က Email Posting Address မှာ .............secretWords@blogger.comဆိုပြီးတွေ့ပါလိမ့်
မယ်။အဲ့မှာ secretWords ဆိုတဲ့နေရာလေးမှာ ကိုယ်ထည့်ချင်တဲ့ဂဏန်းလေးလုံး(အနည်းဆုံး) ထည့်ပြီး
အောက်က Publish emails immediately ဆိုတာကိုရွေး Save လုပ်လိုက်ရင် ရပါပြီ။

နည်းလမ်း(၂)
ဒုတိယနည်းလမ်းကတော့ ဘလော့ဂါအကောင့်ဝင်လိုက်ရင် dashboard ကိုရောက်သွားပါမယ်။အဲ့မှာ ကိုယ့်
ဘလော့နာမည်ရဲ့ဘေးမှာ phone ပုံလေးနဲ့ စာအိပ်ပုံလေးနှစ်ခုရှိပါတယ်။စာအိပ်လေးကိုနိုပ်ပေးလိုက်ရင် ဘောက်လေး
တစ်ခုကျလာပါလိမ့်မယ်။အဲ့မှာ ပထမ နည်းလမ်းလိုဘဲ ကွက်လပ်မှာ ဖြည့်ပေးလိုက်ပြီး save လုပ်လိုက်ရုံပါဘဲ။

ပြီးရင် မေးလ်ထဲဝင်ပြီး
မေးလ်ကနေ compose mail ၀င်။ ပို့မယ့်သူနေရာမှာ အပေါ်က ...........(ကိုယ်ထည့်လိုက်တဲ့စာလေးလုံး)@blogger.comဆိုတာလေး
ထည့်။subject နေရာမှာ ပို့ခေါင်းစဉ်။အောက်က text box ထဲမှာပေါ့ ကိုယ်ရေးချင်တာတွေေ၇းပေးပေါ့။ဓာတ်ပုံ
ထည့်မယ်ဆိုရင်တော့ gmail settings ထဲက Labs ထဲက Inserting images ကို Enable ချိန်းပေးလိုက်ရင် ပုံ
ထည့်လို့ရပါပြီ။အားလုံးဘဲ အဆင်ပြေပါစေ။

                                                        ဧကရာဇ် နဲ့ ဧကရီ