ရည်ညွှန်း-အရှင်ဇနကာဘိဝံသ-ကိုယ်ကျင့်အဘိဓမ္မာ။
ကျွန်တော်တို့ ကံကောင်းအောင် ဘယ်လိုလုပ်ရမလဲ၊ ကောင်းတဲ့ကံတွေက ဘယ်အချိန်မှာ အကျိုးပေးလာမလဲ။
ကျွန်တော်တို့ရဲ့  ဘ၀အဆက်ဆက်တိုင်းမှာ ကောင်းတဲ့ကုသိုလ်ကံတွေရော၊ မကောင်းတဲ့အကုသိုလ်ကံတွေရော လုပ်ခဲ့ကြပြီးပါပြီ။ (Probability ဖြစ်နိုင်ချေ သင်္ချာသဘောတရားအရ ကြည့်တာပါ။) အဲဒီကံတွေက ကိုယ့်ကို အကျိုးပေးလာဖို့ အခွင့်ကောင်း စောင့်နေကြတယ်။ ကုသိုလ်ကံ အကျိုးပေးဖို့ အခွင့်သာလာရင်တော့ ကောင်းကောင်း ကြီးပွားတိုးတက်ပြီပေါ့ဗျာ။ အဲ၊ အကုသိုလ်ကံ အကျိုးပေးဖို့ အခွင့်သာပြီ ဆိုရင်တော့ ကောင်းကောင်း ခံစားရတော့မယ်။ ကျွန်တော်တို့ အောင်မြင်၊ ကြီးပွားတိုးတက်အောင်၊ ကုသိုလ်ကံတွေ အကျိုးပေးခွင့်သာအောင် လုပ်ကြရအောင်လေ၊ မကောင်းဘူးလား။ သင်္ချာသဘောတရားအရ လူတိုင်းမှာ အတိတ်တုန်းက လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ အားလုံးရှိခဲ့ကြပြီးသား။ လူအားလုံးဟာ အခွင့်အရေး ညီမျှစွာ ကြီးပွားတိုးတက် အောင်မြင်နိုင်ခွင့်ရှိကြတယ်။ အောက်ပါအချက် (၄)ချက်နဲ့ ပြည့်စုံနေရင် ကံကြမ္မာကောင်းတွေ ရောက်ရှိလာပါလိမ့်မယ်-
(၁) သင်ယခု ရောက်ရှိ/ဖြစ်ပေါ်နေတဲ့ ဘ၀အခြေအနေ။
(၂) ခေတ်ကာလ အခြေအနေ ကောင်းနဲ့ ကြုံကြိုက်ခြင်း။
(၃) သင့်ရဲ့ ဥပဓိရုပ်ဆင်းကို နှစ်လိုဖွယ် ပြင်ဆင်နေထိုင်ခြင်း။ လူတွေမြင်ရင် ချစ်ခင် ပူးပေါင်းလိုတဲ့ အကျင့်စရိုက်လေးတွေ မွေးမြူခြင်း။
(၄) ကြိုးစားအားထုတ်မှု၊ လုံ့လ၀ီရိယ နှင့် ပြည့်စုံခြင်း။ ကုသိုလ်တရားများ စဉ်ဆက်မပြတ် ပွားများနေခြင်း။(ဒီအချက်က အရေးအကြီးဆုံးပါ)။
အောက်မှာ ကျွန်တော်တင်ပေးထားတဲ့ ကံအကြောင်း သိမှတ်ဖွယ်ရာတို့ကို ဖတ်ရှုလေ့လာကြည့်စေလိုပါတယ်။ အောင်မြင်ကြပါစေဗျာ။
Link...