Wednesday, December 15, 2010

အမေ နှင့် သား

ဒီနေ့ အရမ်းကို အေးနေတယ်။
မနက်ပိုင်း အလုပ်တွေ ပြီးအောင်လုပ်ပြီး ကော်ဖီပူပူ တစ်ခွက်လောက်သောက်ဖို့ စိတ်ကူးရလာတာနဲ့ Canteen ဘက်ကို ထွက်လာခဲ့တယ်။
ကော်ဖီပူပူကို တစ်ချက်မှုတ်လိုက်ရင်း ရှေ့ တည့်တည့်က Waiting place နေရာက ထိုင်ခုံတွေဆီ အကြည့်ရောက်သွားတယ်။
ကလေးအမေတစ်ယောက်က သူ့ရဲ့  သားငယ်လေးကို အစာခွံ့ ကျွေးနေတဲ့မြင်ကွင်းလေး။
မိခင်ရဲ့  မျက်ဝန်းတွေထဲမှာ သားငယ်လေး ဆာလောင်မွတ်သိပ်မှု မရှိအောင်၊ အားအင်ပြည့်ဖြိုးနေအောင် ကျွေးမွေးလိုတဲ့ စေတနာတွေ တလက်လက် ဖိတ်လျှံလို့။
ကလေးငယ်လေးက မိခင်ကို ချစ်ခင်တဲ့ မျက်လုံးလေးတွေနဲ့ ပြန်လည်ကြည့်ရှုပြီး ပါးလုပ်ကလေး ဖောင်းအောင် အစာတွေစားနေတဲ့မြင်ကွင်း။
ကျွန်တော့ရင်ထဲမှာ နွေးထွေးသွားတယ်။
ကျွန်တော့် မေမေကို သတိရသွားတယ်။ ကျွန်တော်ငယ်ငယ်ကလဲ ကျွန်တော့်ကို မေမေက ဒီလိုပဲ မေတ္တာအပြည့်နဲ့ အစာခွံ့ကျွေးခဲ့မှာ အသေအချာ။
ဒီမနက်ခင်းလေးဟာ ကျွန်တော့အတွက် တန်ဖိုးရှိသွားပြီ။
ကော်ဖီကို လက်စသတ်၊ ငွေရှင်းပြီး Ward ထဲကို ပြန်လာခဲ့တယ်။
****
လူနာ အဖွားတစ်ယောက်ကို ပြန်ကြည့်ဖို့ သတိရလာတာနဲ့ သူ့ကုတင်နားကို လျှောက်လာခဲ့တယ်။
နောက်ထပ်မြင်ကွင်းလေး တစ်ခု။
ကျန်းမာ ကြံ့ခိုင်တဲ့ အမျိုးသား တစ်ယောက်။ မိခင်ဖြစ်တဲ့ လူနာအဖွားအိုကို ရင်ခွင်ကျယ်ကြီးထဲမှာ ချစ်ခင်ကြင်နာစွာ ဖေးမှီထွေးပွေ့လို့။
မိခင်ဖြစ်သူ အာဟာရဖြစ်စေဖို့ နူးညံ့တဲ့ အစာလေးကို နဲနဲချင်း ခွံ့  ကျွေးလို့။
သွားတွေ မရှိတော့ပေမဲ့ တမြုံ့ မြုံ့  စားနေတာကို သားဖြစ်သူက မေတ္တာအပြည့်နဲ့ ကြည့်ရင်း ပီတိတွေဖြစ်နေပါတယ်။
ကျွန်တော့် ရင်ထဲမှာ ထပ်မံ နွေးထွေးသွားတယ်။
ဒီမနက်ခင်းလေးဟာ ကျွန်တော့အတွက် အရမ်းကို အဓိပ္ပါယ်ရှိသွားပြီ။ တကယ်ပါ၊ ကျွန်တော် ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်တော့ပါဘူးဗျာ။