ဒီသီချင်းလေးကိုလေးဖြူဟိုးအရင်တုန်းက ဂျပန်သွားတုန်းကဆိုခဲ့တဲ့သီချင်းလေးပါ... ထူးအိမ်သင် ရေးစပ်ခဲ့တာပေါ့... ကျွန်တော် အရင်တုန်းက ကြားဖူးတာက ဟုတ်ချင်မှလည်းဟုတ်မှာပါ...အဲဒီအချိန်တုန်းက ကိုလေးဖြူက ခုလိုမျိုး ကိုယ်ပိုင်သံစဉ် သီချင်းသိပ်မဆိုသေးဘူးပေါ့... အဲဒီမှာ သူများနိုင်ငံက ဂီတပညာရှင်တွေလည်း ပါဝင်သီဆိုရတော့ သူ တို့ တွေ အားလုံးက ကိုယ့်ကိုယ်ပိုင်သီချင်းဆိုတယ်တဲ့...အဲ့ဒီမှာ ကိုလေးဖြူတို့ က ဆိုစရာ သီချင်း အရမ်းရှားပါးနေတော့ ကိုထူးအိမ်သင်ရဲ့
ဒီသီချင်းကို သွားသတိရပြီး ဒီသီချင်းက လည်း အဓိပါယ်က အထူးကောင်းမွန်နေတော့ ဒီသီချင်းကို ရွေးဆိုဖြစ်သွားတယ်တဲ့... ဒီအကြောင်းကြားဖူးတာ အရမ်းကြာနေပြီ ပြီးတော့ ကိုလေးဖြူ သီဆိုတာကိုလည်း အရမ်းကိုကြားချင်နေခဲ့တယ်... ခုကျမှ တိုက်တိုက်ဆိုင်ဆိုင်သွားပြီး ကြည့်ရူခွင့်ရခဲ့လို့ အရမ်းဝမ်းသာရပါတယ်...တကယ်ပါ... ခု ဒီclip က အရမ်းဟောင်းနေပေမယ့် ထူးခြားချက်က IC ရဲ့ဒီသီချင်းကို ကိုထူးအိမ်သင် ဆိုတဲ့စတိုင်မျိုး မဟုတ်ပဲ... modern rock အထာလေး တီးထားတာ က အရမ်း အသက်ဝင်ပါတယ်... ပြီးတော့ စက်ပစ္စည်း တွေ က လည်း ခုခေတ်နီးပါးကောင်းပါတယ်.. အသံထွက်ကိုပြောတာပါ... ဒီတော့ ကျွန်တော်နဲ့ ဘ၀တူ ကိုလေးဖြူ ပရိတ်သတ်တွေ နားထောင်ရအောင်လို့ တင်ပေးလိုက်ပါတယ်... နည်းနည်းလေး စကားကြောရှည်သွားတာခွင့်လွတ်ပါ...ဒီ youtube ကို တင်ပေးတဲ့ ကိုဝင်းမြင့် ဆိုတဲ့သူကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်းပြောပါရစေဗျာ...
MR.L0N3LY