ကလိကြရအောင်နော်။
ကိုယ်ပုံလေးကို ပိုလှအောင်ပြင်ကြမလား.??.
ဒါမှမဟုတ် ကိုယ့်ပုံလေးတွေကို သူငယ်ချင်းတွေမြင်ရင် ရယ်စရာလေးတစ်ခုဖန်တီးပေးပြီး
ရုပ်ပြောင်လေးတွေလုပ်ပြီး 2011 အတွက်နှစ်သစ်လက်ဆောင်ပေးကြမလား..??
ဟောဒီလိုလေးဆံပင်ပုံလေးတွေပြောင်း မျက်မှန်လေးတွေတပ်ပေးရင်း
ဒီလိုရုပ်ပြောင်လေးတွေလုပ်ကြမယ်လေ။
စိတ်ဝင်စားကြသူများအတွက်နော်..
PiZap က free ပေးထားပါတယ်..
ကလိ ကြရအောင်လေ။...
ပထမဆုံး အောက်ကလင့်ခ်လေးကို ကလစ်လိုက်ပါနော်။
ဒီလင့်ခ်လေးကို ကလစ်ပါ။
ပြီးရင် Start ကိုကလစ်လိုက်ပါ။
ကိုယ့်ကွန်ပြူတာထဲက ပုံလေးတွေနဲ့ ပြင်ချင်ရင် Upload Photo ကိုကလစ်ပါ။
တကယ်လို့ လက်ရှိပုံလေးတွေနဲ့ ကလိချင်ရင်တော့ Web cam ကို ကိုကလစ်လိုက်ပေါ့။
ဒီလိုလေး ကိုယ့်ပုံလေးကိုလျှောက်ကလိကြည့်လို့ ပြီးရင်တော့
ဆေ့ပေး လိုက်ရုံလေးပါပဲ..။
***ဧကရီ***